ကိုယ်နေတဲ့အိမ်ကိုခဲနဲ့လည်း မပေါက်စေချင်သလို ကိုယ့်နေအိမ်သားတွေကိုလည်း အိမ်ရှင်က မိုးဒဏ်နေဒဏ်ကာကွယ်ပေးသင့်တယ်လို့ထင်ပါတယ်ရှင်… နီနီနိုင်ဝင်း







ညီမ အခု Magazine ၊ journal Cover တွေနဲ့ကြော်ညာတွေ ရိုက်ဖြစ်နေပါတယ်ရှင့်။ MTV တွေလည်းရိုက်သွားဖို့ရှိပါတယ်။ ညီမက ပထမဆုံး မကွေးတိုင်းကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ဒီနှစ် ၂၀၁၇ အတွက်ကို ညီမက Regional Director တာဝန်ယူပြီး ပြီးခဲ့တဲ့ April လကုန်မှာပဲ ညီမ ကိုယ်တိုင်ဦးစီးကျင်းပNပီးရွေးချယ်ထားပါတယ်ရှင့်။ ခုလက်ရှိကမန္တလေးမှာ ကျောင်းပြန်တက်တုန်း ခဏတော့နားထားတယ်ပေါ့နော်။ ပညာရေးကလည်းအရေးကြီးတော့ ပညာရေးနဲ့တွဲပြီးတော့ ဒီအနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်သွားမှာပါရှင့်။

ညီမကမနှစ်ကထိဒီလောကနဲ့လုံးဝဆက်စပ်မှုမရှိပါဘူး။ ဆွေမျိုးအသိဘာမှမရှိပါဘူးရှင့်။ ၀ါသနာပါခဲ့ပေမယ့် အဆက်အစပ်လည်းမရှိတော့အစိမ်းသက်သက်ပဲပေါ့နော်…
ညီမက မနှစ်ကထိဒီလောကနဲ့လုံးဝဆက်စပ်မှုမရှိပါဘူး။ ဆွေမျိုးအသိဘာမှမရှိပါဘူးရှင့်။ ၀ါသနာပါခဲ့ပေမယ့် အဆက်အစပ်လည်းမရှိတော့ အစိမ်းသက်သက်ပဲပေါ့နော်။ မနှစ်က မကွေးမှာပထမဆုံးအလှမယ် ရွေးပွဲလာလုပ်မယ်ဆိုတော့ အရမ်းပျော်ပြီး အတွေ့အကြုံလည်းရအောင် ညီမ၀င်ပြိုင်ဖြစ်တာပါ။ လုံးဝမထင်မှတ်ထားပဲ Winner ရသွားတော့ မကွေးတိုင်းကိုယ်စားပြုအနေနဲ့ဆက်လက်ယှဉ်ပြိုင်ခွင့်ရရင်း Final မှာ Miss Intercontinental Myanmar သရဖူရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံတကာနဲ့ယှဉ်ပြိုင်ခွင့်ရပြီး ဒီလောကထဲကို ညီမရောက်လာခဲ့တာပါရှင့်။


Miss Golden Land Myanmar Organization ကို ညီမရွေးခဲ့တာသိပ်မှန်ကြောင်း သိခဲ့ရတာပါရှင့်…
အရင်တုန်းကတော့ ဒီအလှမယ်လောကအကြောင်းကို မလေ့လာဖြစ်တော့သိပ်မသိဘူးပေါ့နော်။ ညီမပြိုင်မယ်လို့ဆုံးဖြတ်ပြီးသွားမှ သေချာလေ့လာခဲ့တော့မှ အကုန်နားလည်သွားတာပါရှင့်။ အဲဒီတော့မှ Miss Golden Land Myanmar Organization ကို ညီမရွေးခဲ့တာ သိပ်မှန်ကြောင်းသိခဲ့ရတာပါရှင့်။ 

တချိန်ကျရင်တော့ညီမရင်ထဲက မျှော်မှန်းထားသလိုဖြစ်အောင်တော့ အစွမ်းကုန်ကြိုးစားသွားမှာပါရှင့်။
မျှော်လင့်ချက်ဆိုတာထားဖို့ သိပ်လွယ်တယ်ရှင့်။ ဒါပေမဲ့ မျှော်လင့်ချက်နဲ့လက်တွေ့ထပ်တူမကျတဲ့အခါ ခံစားရမှာကမလွယ်ဘူးပေါ့နော်။ အဲဒါကြောင့်ညီမကဘယ်တော့မှ အများကြီးမမျှော်လင့်ဘူး။ အကောင်းဆုံးကြိုးစားမယ်။ ရလာတဲ့တာဝန်တွေကိုလည်းအကောင်းဆုံးကြိုးစားဆောင်ရွက်မယ်။ အခုမှ စပြီးဝင်လာတာဆိုတော့ သင်ယူစရာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါပေမဲ့ တချိန်ကျရင်တော့ ညီမရင်ထဲကမျှော်မှန်းထားသလိုဖြစ်အောင်တော့ အစွမ်းကုန်ကြိုးစားသွားမှာပါရှင့်။
Intercontinenal Title နဲ့  ပတ်သတ်ပြီး ဒီဆုကကမ္ဘာ့အကြီးဆုံးအလှမယ်ရွေးချယ်ပွဲကြီး ၇ ပွဲစာရင်းဝင် Wonder-7(Grand Slam) ထဲကတစ်ခုအပါအ၀င်ဖြစ်တယ်ဆိုတာရယ် နောက်ပြီးဒီလောကနဲ့ သိပ်မသိတဲ့သူတွေဆိုရင် Title ကို အနည်းဆုံး ၂ ခါလောက်တော့ ပြန်ပြောပြရပါတယ်။ တကယ်ကို အမှတ်တရပါပဲ။ သူက Continent ကနေလာတာပါ။ ကမ္ဘာ့တိုက်ကြီးတွေကို ကိုယ်စားပြုတာဆိုတော့အရှေ့မှာ Inter နဲ့ အနောက်မှာ al ပေါင်းလိုက်တော့Intercontinental ဖြစ်သွားတာပါရှင့်။ နောက်ပြီး နှစ်စဉ်ဂျာမနီမှာကျင်းပနေကျကိုမှ ညီမတို့နှစ် ၂၀၁၆ ကို အာရှတိုက်ထဲက သီရိလင်္ကာနိုင်ငံမှာလာရောက်အခြေစိုက်ပွဲကျင်းပတာရယ်။ နိုင်ငံမှာလာရောက်အခြေစိုက်ပွဲကျင်းပတာရယ်။ အခက်အခဲတွေကတော့အများကြီးပေါ့နော်။ အတွေ့အကြုံသစ်တွေရော။ နိုင်ငံခြားသွားမပြိုင်ခင်ညမှာ ဆေးရုံတက်ရပြီး ညတွင်းချင်း ပိုက်တွေဖြုတ်ပြီး ရှူတင်ကိုတစ်ယောက်တည်းပြေးခဲ့ရတာ။ တကယ်ကိုမှတ်မှတ်ရရပါ။
ညီမဘ၀အတွက် Long Term plan ကတော့ညီမရူးသွပ်တဲ့ အိမ်မက်ဖြစ်တဲ့ ပရိသတ်လက်ခံတဲ့ အောင်မြင်တဲ့ အနုပညာရှင်အစစ်ပါ။ ဒီဘက်မှာလည်း ညီမကနိုင်ငံတကာဆက်ဆံရေးတက်နေတာလဲဖြစ်တော့ ညီမရည်ရွယ်ချက်လည်းဖြစ်တဲ့ နိုင်ငံ့အကျိုးပြုသံအမတ်တစ်ယောက်အနေနဲ့ရပ်တည်သွားချင်ပါတယ်ရှင်…

Miss လောကမှာနေရာရဖို့အတွက်က ကိုယ်တိုင်သေချာဆုံးဖြတ်ပြီးမှပြိုင်တာကောင်းပါတယ်။
Miss လောကမှာနေရာရဖို့အတွက်က ကိုယ်တိုင်သေချာဆုံးဖြတ်ပြီးမှပြိုင်တာကောင်းပါတယ်။ ပတ်ဝန်းကျင်ဖိအားကြောင့်ဖြစ်စေ အတွေ့အကြုံသက်သက်အတွက်ဖြစ်စေ သရဖူရသွားခဲ့ရင် ဆက်လက်လျှောက်လှမ်းရမှာကအများကြီးပါ။ တာဝန်မယူနိုင်ပဲဆိုရင် မိဘနဲ့ Organization ကြားမှာ ခလောက်ဆန်တာမျိုးတို့ပညာရေးထိခိုက်မခံနိုင်တော့လို့ လက်လွှတ်ရတာမျိုးတို့ မဖြစ်စေချင်လို့ပါ…အားပေးတဲ့ ပရိသတ်အတွက်လည်းကြည့်ဖို့လိုပါသေးတယ်. ဒါကြောင့်သေချာTrain ပြီးလေ့လာရွေးချယ်ပြီးမှ သေသေချာချာဆုံးဖြတ်ချက်ချပြီး ၀င်ရောက်ယှဉ်ပြိုင်ရင် ကိုယ်သာတကယ်စစ်မှန်ရင် နေရာမရစရာ အကြောင်းမရှိပါဘူးရှင်။ တစ်ချိန်မှာတော့မှန်ကန်ရိုးသားစွာကြိုးစားတဲ့ သူတိုင်းတွက်နေရာတစ်နေရာရှိစမြဲပါပဲ။ ပတ္တမြားမှန်ရင်ဘယ်တော့မှနွံမနစ်ပါဘူးရှင်။ လွယ်လွယ်အရှုံးမပေးဖို့ပါပဲ။
Crown ရပြီးပျောက်ကွယ်သွားတဲ့အလှမယ်တွေအနေနဲ့က တချို့ကပညာရေးဘက်လှည့်သွားတာမျိုးရှိတယ်။ ခဏနားထားတာမျိုးလဲရှိတယ်ပေါ့နော်။ ညီမအမြင်ကတော့ကာယကံရှင်နဲ့ပိုသက်ဆိုင်မယ်လို့ထင်ပါတယ်…
Crown ရပြီးပျောက်ကွယ်သွားတဲ့ အလှမယ်တွေအနေနဲ့က တချို့ကပညာရေးဘက်လှည့်သွားတာမျိုးရှိတယ်။ ခဏနားထားတာမျိုးလဲရှိတယ်ပေါ့နော်။ ညီမအမြင်ကတော့ကာယကံရှင်နဲ့ပိုသက်ဆိုင်မယ်လို့ထင်ပါတယ်။ ပရိသတ်ဘက်ကမအောင်မြင်တော့ဘူး ကျသွားပြီပျောက်ကွယ်သွားပြီပေါ့နော်။ အဲလိုမျိုးထင်ကောင်းထင်နိုင်သလို ပြန်ပေါ်လာနိုင်တာလဲ ဖြစ်နိုင်သလို ပြန်ပေါ်မလာနိုင်တော့တာလဲဖြစ်နိုင်ပါတယ်။ အပြီးဖြစ်စေ ခဏတာဖြစ်စေ ကိုယ်တိုင်ဆုံးဖြတ်ပြီးစွန့်လွှတ်လိုက်တာမျိုးပေါ့နော်။ ညီမပြောချင်တာကတစ်ဖက်ကသနားနေပေမယ့် တဖက်ကတော့ပိုအဆင်ပြေပြီး ပျော်ရွှင်ကျေနပ်နေကောင်းနေနိုင်မယ်။ အမြင်ဆိုတာလည်း မတူကြတော့ ပရိသတ်တွေကလည်း ကိုယ့်စကားလုံးလေးနဲ့ ကိုယ့်ပါးစပ်ဖျားမှာတင် သူတစ်ပါးကိုလမ်းဆုံးတယ်လို့မသတ်မှတ်စေချင်ဘူးပေါ့နော်။ သူပြန်ပေါ်ချင်ပေါ်လာမှာပဲ ပြောလို့မရဘူးလေ.. Miss လောကကနေအနုပညာလောကထဲဝင်တဲ့သူတွေရှိသလို Miss အလုပ်ပဲလုပ်ပြီးသရုပ်ဆောင်ဖြစ်စေ Model အဆိုတော်ဖြစ်စေ ဘယ်လိုင်းမှဆက်မ၀င်တော့တာတွေလဲရှိမယ်။ အလှမယ်တွေအနေနဲ့ကလည်း ယူပြီးထားတဲ့တာဝန်ကိုကျေပွန်အောင် ပြီးဆုံးအောင် ထမ်းဆောင်စေချင်ပါတယ်ရှင်။

တစ်ခါတလေစိတ်ဖြစ်ဖြစ် လူဖြစ်ဖြစ် အရမ်းပင်ပန်းပြီး မွန်းကျပ်နေတဲ့အခါသူငယ်ချင်းတွေနဲ့ လျှောက်လည်တာမျိုးတို့ ခရီးထွက်ချင်တာမျိုးတို့ လုပ်ချင်ပေမယ့်မအားတဲ့အခါမလိုက်နိုင်တာမျိုးတွေရှိတယ်…
ညီမ မကွေးတိုင်းကိုယ်စားပြု သရဖူရတော့ ညီမအသက် ၁၇နှစ်ပါ။ နိုင်ငံကိုယ်စားပြုသရဖူရပြီး သွားရောက်ယှဉ်ပြိုင်ရတော့မှ အသက် ၁၈ ပြည့်သွားတာပါရှင်။ အသက်ငယ်ငယ်နဲ့ရထားတော့ လူငယ်ဘ၀လွတ်လပ်ခွင့်ဆိုတာတော့ အများကြီးမရဘူးပေါ့နော်။ တစ်ခါတလေစိတ်ဖြစ်ဖြစ် လူဖြစ်ဖြစ် အရမ်းပင်ပန်းပြီး မွန်းကျပ်နေတဲ့အခါ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာမျိုးတို့ ခရီးထွက်ချင်တာမျိုးတို့ လုပ်ချင်ပေမယ့် မအားတဲ့အခါမလိုက်နိုင်တာမျိုးတွေရှိတယ်။ စာမေးပွဲနဲ့တိုက်နေလို့ ကျောင်းတစ်နှစ်နားလိုက်ရတာတွေရှိတယ်။ အချိန်တွေလည်းပေးဆပ်ရတယ်။ လုပ်ချင်ချင် မချင်ချင် လုပ်သင့်တာတွေလုပ်ရတယ်။ အရင်တုန်းကအပူအပင်ကင်းခဲ့သလောက် စိတ်ပင်ပန်း လူပင်ပန်းလည်းခဏခဏကြုံရတယ်ပေါ့နော်။နောက်ပြီးအရင်လိုကလေးဆန်လို့လဲမရတော့ပါဘူး။ Miss ဆိုတာ Independent ဖြစ်နေရပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ်အမှီအခိုကင်းမဲ့ပြီး မိမိဘာသာ စွမ်းဆောင်နိုင်ရပါတယ်။ flight အတွေ့အကြုံတစ်ခါမှမရှိတဲ့ ညီမတောင် နိုင်ငံခြားကိုသွားပြိုင်တော့ တစ်ယောက်တည်းပါ။ ဒါပေမဲ့ ကြောက်စိတ်လည်းမရှိသလို ကျေနပ်ပီတိဖြစ်လို့ ကိုယ့်ဘာသာလုပ်နိုင်တယ်ဆိုတဲ့ အသိစိတ်က အဲဒီအရာတွေလုပ်ဖို့ ခွန်အားတွေပေးတော့ အသက်ဘယ်လောက်ငယ်ငယ် ဘာမှမခက်တော့ပါဘူး။


ဘယ် Organization တွေနဲ့ဘယ်အလှမယ်ကြားဖြစ်ဖြစ် အချင်းချင်းပြဿနာဆိုတာ ရှိမလာသင့်ပါဘူး။ ညီမကလည်းမဖြစ်စေချင်ပါဘူး။ ကိုယ်နေတဲ့အိမ်ကိုခဲနဲ့လည်းမပေါက်စေချင်သလို ကိုယ့်နေအိမ်သားတွေကိုလည်း အိမ်ရှင်ကမိုးဒဏ် နေဒဏ်ကာကွယ်ပေးသင့်တယ်လို့ထင်ပါတယ်ရှင်…
ဘယ် Organization တွေနဲ့ဘယ်အလှမယ်ကြားဖြစ်ဖြစ် အချင်းချင်းပြဿနာဆိုတာရှိမလာသင့်ပါဘူး။ ညီမကလည်းမဖြစ်စေချင်ပါဘူး။ ကိုယ်နေတဲ့အိမ်ကိုခဲနဲ့လည်းမပေါက်စေချင်သလိုကိုယ့် နေအိမ်သားတွေကိုလည်း အိမ်ရှင်ကမိုးဒဏ်နေဒဏ်ကာကွယ်ပေးသင့်တယ်လို့ထင်ပါတယ်ရှင်။ လက်မှတ်ဝယ်ပြီးရထားစီးချင်လို့ပါဆိုပြီး အချိန်ကုန်ခံလူအပင်ပန်းခံစီးနှင်းလာကြပြီးမှ လမ်းတစ်ဝက်ရောက်မှ ခုန်ချချင်တာဟာ မိုက်မဲတာလို့ပဲ ညီမကတော့ပြောချင်ပါတယ်ရှင့်။
နောက်ပြီး စာချုပ်ဆိုတာကြောက်စရာမရှိပါဘူး။ ခန့်အပ်ထားတဲ့တာဝန်တွေကိုပြီးဆုံးအောင်ဆောင်ရွက်ဖို့နဲ့ စောင့်ထိန်းရမယ့်တာဝန်နဲ့ ၀တ္တရားတွေအတွက် မပျက်ကွက်ဖို့သဘောတူထားတဲ့ နားလည်မှုတစ်ခုပါပဲ။ သရဖူနဲ့တစ်နိုင်ငံလုံးရှေ့မှာ လက်ပြနှုတ်ဆက်ပြီးပါပြီ။ တစ်နိုင်ငံလုံးအသိအမှတ်ပြအလှမယ်တစ်ယောက် ဖြစ်သွားပြီဆိုတဲ့ ကတိသက်သေစာရွက်ပါပဲရှင်။

Miss ဘာလို့ဖြစ်ချင်လဲက ရှင်းပါတယ်။ ကိုယ်စားပြုချင်လို့ပါ။ တိုင်းဒေသကြီးကိုယ်စား ပြုကတစ်ဆင့် နိုင်ငံကိုယ်စားပြု အသက် ၁၇ ၁၈ မှာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ မှတ်တိုင်စိုက်ချင်လို့ပါ…
Miss ဘာလို့ဖြစ်ချင်လဲက ရှင်းပါတယ်။ ကိုယ်စားပြုချင်လို့ပါ။ တိုင်းဒေသကြီးကိုယ်စားပြုကတစ် ဆင့် နိုင်ငံကိုယ်စားပြုအသက် ၁၇ ၁၈ မှာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ မှတ်တိုင်စိုက်ချင်လို့ပါ။ နောက်ပြီး ကိုယ်စားပြုရတဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရသလိုအောင်မြင်မှုတွေနဲ့အတူကိုယ့်တိုင်းကိုယ့်မြေကို ပြန်လာတဲ့အခါဝမ်းသာအားရကြိုဆိုကြတဲ့သူတွေအတွက် ညီမတို့နှလုံးသားက အမြဲဂုဏ်ယူလို့မဆုံးပါဘူးရှင်။

ကျေးဇူးတင်လွှာ
Shape ရဲ့ချစ်စွာသော ပရိသတ်အတွက် တစ်ပတ်တစ်မျိုးမရိုးရလေအောင် ရသစုံပေးဖို့အစဉ်ကြိုးစားနေကြအတိုင်း ဒီတစ်ပတ်မှာ Shape Cover Star အဖြစ် Miss Intercontinental Myanmar 2016  နီနီနိုင်ဝင်းကို တင်ဆက်ထားပါတယ်… ညီမလေး နီနီနိုင်ဝင်းကို ကျေးဇူးအထူးတင်ပါတယ်။ အချိန်ပေးရိုက်ကူးပေးတဲ့ မောင်လေးမင်းကို(MK)နဲ့ MUA- Lung Seng Lamung တို့ကို ကျေးဇူးမှတ်တမ်းတင်ပါတယ်ရှင့်…
မြမာလာ(အယ်ဒီတာချုပ်)
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 

Share on Google Plus

0 comments:

Post a Comment