မျက်နှာပေါ်က အဆီတွေ ချေဖျက်ကြမယ်…#၀ဿန်
====================
ကိုယ့်မျက်နှာရဲ့အသွင်သဏ္ဍာန်ကို
မျိုးရိုးဗီဇကသတ်မှတ်ပါတယ်။ ဒါပေမဲ့ မျက်နှာက ကိုယ်လိုချင်တာထက် လိုအပ်တာထက် ပြည့်ဝနေတယ်ဆိုရင်တော့
လုပ်စရာလေးတွေတချို့ရှိပါတယ်။ မျက်နှာချည်းသီးသန့်တော့ အဆီချဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ မျက်နှာပြင်ကြွက်သားလေးတွေ ပျော့ပြောင်းသွားစေဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
တစ်ကိုယ်လုံးအဆီချ
ခန္ဓာကိုယ်အလေးချိန်တိုးလာတဲ့အခါ
တစ်ကိုယ်လုံးမှာ အဆီတွေစုပုံလာပါတယ်။ မျက်နှာအပါအ၀င်ပေါ့။ အဲဒါကြောင့် ပထမဆုံးအနေနဲ့
တစ်ကိုယ်လုံးအဆီချဖို့လိုတာပါ။
ဆား၊ သကြားလျှော့
ပြုပြင်ထားတဲ့
အချိုဓာတ်တွေက မျက်နှာပြင်မှာ အဆီတွေပိုပြီး စုပြုံနေစေပါတယ်။ အငန်ဓာတ်ကတော့ မျက်နှာကို
ဖောစေပါတယ်။ အလွန်အကျွံစားမိတဲ့အခါ ပါးတွေဖောင်းပြီး မေးစေ့နှစ်ထပ်ဖြစ်လာရပါတော့တယ်။
အရက်သောက်တာလျှော့
အရက်မှာ အသုံးမ၀င်တဲ့
ကယ်လိုရီတွေ အများကြီးပါဝင်ပြီး ဒီကယ်လိုရီတွေက မျက်နှာကို ဖောင်းစေပါတယ်။ အရက်အလွန်အကျွံ
သောက်သုံးခြင်းက ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေ နီရဲစေကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။
ရေများများသောက်
ရေများများမသောက်တဲ့အတွက်
အရေပြားကခမ်းခြောက်လာစေပါတယ်။ ပျော့တွဲလာပါတယ်။ အဲဒါကြောင့် အသားအရေ စိုပြေတင်းရင်းနေဖို့
ရေများများသောက်ပေးပါ။
လေ့ကျင့်ခန်းလုပ်
လေ့ကျင့်ခန်းလုပ်ပေးတဲ့အတွက်
ခန္ဓာကိုယ် တစ်ခုလုံး အဆီပိုတွေလောင်ကျွမ်းစေသလို သွေး လည်ပတ်မှုလည်းကောင်းစေပါတယ်။ အသားအရေကို
တင်းရင်းကျစ်လစ်စေတဲ့အတွက် မျက်နှာပြင်ပေါ်က အဆီတွေကိုလည်း တစ်ပါတည်းချေဖျက်ပြီးဖြစ်စေမှာပါ။
မေးစေ့လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက
မျက်နှာပြင်အဆီပိုတွေကြောင့် မေးစေ့နှစ်ထပ်ဖြစ်တာကို လျော့ကျစေပါတယ်။ ထိုင်ခုံမှာ ခန္ဓာကိုယ်မတ်မတ်ထိုင်ပြီး
ဦးခေါင်းကို အပေါ်၊ အောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် မေးစေ့နှစ်ထပ်ဖြစ်တာလျော့စေမှာပါ။
ပါးရိုးလေ့ကျင့်ခန်း
မေးစေ့နှစ်ထပ်ဖြစ်တာ၊
ပါးဖောင်းတာတွေ သက်သာစေဖို့ ခန္ဓာကိုယ်ကိုယ်သက်သောင့်သက် သာထိုင်ပြီး လျှာကို အပေါ်အာခေါင်မှာထောက်
ပါးစပ်ဟပြီး အသက်ရှူသွင်းရှူထုတ်လုပ်ပေးပါ။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment