အော်လန်ဒိုဘလွန်းရဲ့ ၀တ်လစ်စလစ်ဓာတ်ပုံ လူတကာလက်ထဲရောက်







ရုပ်ရှင်မင်းသား အော်လန်ဒိုဘလွန်းရဲ့ဝတ်လစ်စလစ် ဓာတ်ပုံတစ်ပုံဟာ ဟောလိဝုဒ်တစ်ခွင် ပျံ့နှံ့သွားဖွယ်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ ပမ်းစပရင်းမြို့မှာ (၂၇-၅-၁၇) နေ့က သူ့ရည်းစားဟောင်း ကေတီပယ်ရီကသူ့အသက်(၄၀) နှစ်ပြည့်မွေးနေ့ပွဲကျင်းပပေးရာမှာ အော်လန်ဒိုဝတ်လစ်စလစ်နဲ့ လှော်တက်ကိုင်ရင်း ပင်လယ်လှိုင်းလုံးစီးနေတဲ့ ဓာတ်ပုံတစ်ပုံကို ဓာတ်ပုံစတူဒီယိုလေးရဲ့ နောက်ခံပိတ်ကားအဖြစ် အသုံးပြု ခဲ့သတဲ့။ အဲဒီမွေးနေ့ပွဲတက်တဲ့အော်လန်ဒိုမိတ်ဆွေတွေဟာ အဲဒီနောက်ခံပိတ်ကားထဲက၀တ်လစ်စလစ်အော်လန်ဒိုနဲ့တွဲပြီး ဗရုတ်ကျတဲ့ ဓာတ်ပုံတွေအမှတ်တရရိုက်ကူးကြတယ်လို့ ဓာတ်သိတစ်ဦးကပြောပါတယ်။ ဒါကြောင့်ဟောလိဝုဒ် လောကသား ဦးရေထက်ဝက်လောက်ဟာ မိမွေးတိုင်းဖမွေး တိုင်း အော်လန်ဒိုဓာတ်ပုံ ကိုယ်စီကိုင်ပြီးလျှောက်သွားနေကြ ပါပြီတဲ့။ အဲဒီလူအများစုဟာ သူများကို ချက်ချင်းပြဖို့ အဲဒီပုံကို ၄င်းတို့ရဲ့ ဖုန်းထဲမှာပါ သိမ်းထားကြသေးဆိုပဲ။ အော်လန်ဒိုဟာ မေလလယ်ပိုင်းက လန်ဒန်မှာတစ်ညလုံးမြာပွေပြီးတော့ သူ့ ဟိုတယ်ခန်းထဲမှဝတ်လစ်စလစ်နဲ့စားပွဲထိုးမလေးတစ်ယောက် ကို ဟိုတယ်ဝန်ထမ်းတွေမြင်သွားလို့ သတင်းမီဒီယာတွေရဲ့ သတင်းခေါင်းစီးဖြစ်ခဲ့ပါသေးတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment