ဟာသသရုပ်ဆောင်ရတာ ခက်တယ်…ပိုင်ဖြိုးသု








ဗိုလ်အောင်ဒင်ဇာတ်ကားက ပရိသတ်တွေအကြိုက်တွေ့ တယ်ကြားရလို့ အရမ်းဝမ်းသာပါတယ်။ တကယ်တော့ ညီမ ဟာသမလုပ်တတ်ပါဘူး။ အဲဒီဇာတ်ကားထဲက လုပ်သမျှဟာသတွေက ဒါရိုက်တာကိုပေါက်နဲ့ ကိုမြင့်မြတ်ကလည်းတွဲခေါ်လို့ ဒီဇာတ်ကားလေးအောင်မြင်သွားတာပါ။ ညီမကအမှန်ပြောရင် ဟာသသရုပ်ဆောင်ရတာခက်ပါတယ်။ ညီမအတွက်တော့ ဟာသလုပ်ရတာခက်တယ်။ ကလေးသရုပ်ဆောင်ကတည်းက ဒရမ်မာဇာတ်ကားတွေရိုက်လာတာဆိုတော့ ဒရမ်မာဇာတ်ကားတွေ ရိုက်ရတာပိုအားသန်ပါတယ်။ ဒါပေမဲ့ ဆရာတွေကလည်း သရုပ်ဆောင်ဆိုတာ ဇာတ်ရုပ်စုံအောင်သရုပ်ဆောင်နိုင်မှဖြစ်တာဆိုလို့ ညီမအခုကိုယ်မကျွမ်းကျင်တဲ့ဟာသဇာတ်ကားတွေကြိုးစား သရုပ်ဆောင်နေပါတယ်။ ဒီအတွက် အားနည်းချက်တစ်စုံတစ်ရာရှိခဲ့ရင်လည်း ပရိသတ်တွေကို တောင်းပန်ပါတယ်။ အခုတော့ ဟာသဇာတ်ကားတွေ ရိုက်ရင်းနဲ့ ဟာသနဲ့နည်းနည်းတော့ အဆင် ပြေလာသလိုခံစားရပါတယ်။ ညီမအနေနဲ့ဟာသဇာတ်ကားတွေကို ပရိသတ်တွေအကြိုက်ဖြစ်အောင် ကြိုးစားသရုပ်ဆောင်သွားမှာပါ။ ဗိုလ်အောင်ဒင်ဇာတ်ကားကိုပရိသတ်တွေကြိုက်ကြသလို ညီမလုပ်တဲ့ ဟာသတွေကိုသဘောကျတယ်သိရလို့ ညီမကိုချစ်တဲ့စိတ်နဲ့အားပေးကြတဲ့ပရိသတ်တွေကိုအရမ်းကျေးဇူးတင် ပါတယ်။ ဒီထက်မကလည်း အနုပညာအလုပ်တွေမှာ ဇာတ်ရုပ်ကာရိုက်တာအစုံသရုပ်ဆောင်နိုင်အောင် ကြိုးစားနေပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment