မအူဝဲက ဒရာမာငိုမှပြုမှ မဟုတ်ဘူး။ ဒီတိုင်း ရိုးရိုးစကားထိုင်ပြောနေတာတောင်...




acting လုပ်မနေဘူး။ ဒီအတိုင်း အပြင်မှာစကားပြောနေသလိုပဲ။ တစ်သားတည်းဖြစ်ပြီးအရမ်းသဘာဝကျတယ်…ပိုင်ဖြိုးသု
================================
သရုပ်ဆောင်တွေထဲမှာဆို ညီမမအူဝဲနဲ့ မခိုင်ကြီးကိုအရမ်းကြိုက်ပါတယ်။ ငယ်ငယ်ကတည်းကသူတို့ကိုကြည့်ရင် အားကျပြီး သရုပ်ဆောင်ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ မအူဝဲနဲ့ကားရိုက်တစ်ခါမှမဆုံရသေးဘူး။ မှတ်မှတ်ရရ မအူဝဲတို့တိုက်က ထုတ်တဲ့ကားမှာ 'တစ်နေ့ရွှေတစ်နေ့ငွေ' အဲဒီကားမှာတွေ့ရတယ်။ မအူဝဲက ဒရာမာ ငိုမှုပြုမှ မဟုတ်ဘူး။ ဒီတိုင်းရိုးရိုးစကားထိုင် ပြောနေတာတောင် acting လုပ်မနေဘူး။ ဒီအတိုင်းအပြင်မှာစကားပြောနေသလိုပဲ။ တစ်သားတည်း ဖြစ်ပြီးအရမ်းသဘာဝကျတယ်။ ဒရာမာငိုပြီဆိုရင်လည်း သူငိုရင် ကိုယ်လိုက်ငိုချင်တယ်။ မခိုင်ကြီးကျတော့ နေ၀င်အိပ်တန်းတက်ဆိုတဲ့ကားထဲမှာ ဆုံရတယ်။ ဆုံတာတောင်မှ ကင်ဆာဖြစ်နေပြီးဆုံးတော့မယ်။ ဆရာဝန်ဆေးတွေ သွင်းတာကသွင်းတာပဲ။ လက်လျှော့လိုက်ရပြီ။ သေမယ့်ရက်ကိုထိုင်စောင့်ရင်း မျှော်လင့်ချက်မရှိတော့တဲ့ လူတစ်ယောက်အနေနဲ့သရုပ်ဆောင်တာ။ အရမ်းသရုပ်ဆောင်ကောင်းတာပဲ။ မျက်လုံးတွေမှာ ဘာမျော်လင့်မှမရှိတဲ့ ပုံစံမျိုးရအောင်ယူသွားတယ်။ ၀တ်ပုံ၊ စားပုံ၊ မိတ်ကပ်ပေါ့။ အဲဒီလိုအရာတွေကို လည်းအားကျတယ်။ မအူဝဲနဲ့သမီးက တစ်ခန်းတည်းဆုံရတယ်။ မအူဝဲရိုက်တာ တွေကိုလိုက်ကြည့်တာပေါ့။ ကြုံတိုင်းလည်း မအူဝဲတို့မခိုင်ကြီးတို့က နေရာပေးတယ်။ မရှင်းလို့မေးရင်လည်းဖြေပေးတယ်။


---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment