သားသမီးနဲ့
မိဘကြားမှာ ၀တ္တရားကိုယ်စီ ရှိကြပါတယ်။ အဲဒီလိုပြောတော့ ရေးတော့ မိဘဘက်ကချည်း ရေးတော့မှာပဲ။
စာဟောတော့မယ်။ မိဘတရားတွေ နာရတော့မယ်လို့ တွေးရင်း ခေတ်စကားနဲ့ ငြီးငွေ့ ကြမလားပဲ။
တဖက်သတ်အမြင်မဟုတ် ဝေဖန်ရေးမဟုတ်ဘဲ သတိပြုဆင်ခြင်စရာလေး ဝေမျှစေချင်ရုံ သက်သက်ပါ။ မိဘဘက်က
လုပ်ပေးရတာကို စုန်ရေလို့ခေါ်ရင် သားသမီးဘက်က ပြန်လည်သိတတ် နားလည်ပေး တာကို ဆန်ရေလို့ခေါ်ကြပါတယ်။
PH 7 စုန်ရေဖြစ်စေချင်
မိဘက သားလေးသမီးလေး
မမွေးခင်ကနေ သေတဲ့အထိ ငါ့သားလေး ငါ့သမီးလေး ခြင် ယင် မှက်ရန်က ကင်းရဲ့လားကနေ စားသောက်နေထိုင်မှုအ၀၀ကို
ကိုယ် လက်လုံခြုံအေးချမ်း စိတ်ချရတဲ့ဘ၀ကို တွန်းပို့ပေး ချင် စောင့်ရှောက်ချင်တတ်ပါတယ်။
ကိုယ့်ထက်တော်သော ကောင်းသော ကိုယ့်ဘ၀ ထက်မြင့်သော ကိုယ်မှားခဲ့တာ တွေ မမှားစေချင်သော
ကိုယ်မရဖူးတဲ့ ဆုလဒ်တွေ ပျော်ရွှင်မှုတွေ ကို ရစေချင်သော လူအများအလယ် တင့် တယ်စေချင်သော
ဆန္ဒတွေဟာ မိဘတိုင်းရဲ့ရင်မှာ ကိန်းဝပ်နေတတ်ပါတယ်။
လူသားမိဘမဆိုနဲ့
တိရစ္ဆာန် မိဘများတောင် ကိုယ်ကိုက်ချီလာ တဲ့ အစာ သားသမီးကို ချကျွေး၊ ကိုယ့်သား သမီးကို
ရန်ပြုအန္တရာယ် ကျရောက်လာမယ့်ဘေးက အ သက်ပေးပြီး ကာကွယ်ပေးခဲ့ကြပုံ
တွေကို တိရစ္ဆာဆာန်လောကမှာ တောင် တွေ့နေတတ်ပါတယ်။ သို့သော် ဆန္ဓတွေလွန်ကဲလာရင်
လည်း ချစ်သူနဲ့ အချစ်ခံရသူကြား ပဋိပက္ခအသွင်ဆောင်လာတတ်ပါ တယ်။ ချစ်တယ်ဆိုတဲ့
ကောင်းစေ ချင်တဲ့ ဦးတည်ချက်ထက် မိမိရဲ့ အတွင်းစိတ် မသိစိတ် အတဿတလွန်
ကဲမှုကြောင့် သားသမီးမှာ ကောင်း ကျိုးထက် ဆိုးကျိုးမရောက်ဖို့ကိုတော့ မိဘဘက်က ဆင်ခြင်ရမှာ
လေးတွေလည်း ရှိပါတယ်။
စုန်ရေ ဟာ သန့်ရှင်းကြည်လင်တဲ့ စုန်ရေ ဖြစ်ရပါမယ်။ ဒါကြောင့်လည်း
မကောင်းမေတ္တာ ကောင်းရာညွှန် လတ်လို့ ပါတာပဲဖြစ်ပါလိမ့်မယ်။ ဥပမာပေါ့-တစ်နေ့က
အွန်လိုင်းမှာ တွေ့ပြီး ဂျာနယ်တစ်စောင်မှာပါတဲ့ သတင်းတစ်ပုဒ်ကိုဖတ်ပြီး မရှင်းသန့်တဲ့
စုန်ရေအဖြစ်စိတ်မကောင်း ဖြစ်ရပါတယ်။ သတင်းမှာပါတဲ့ အကြောင်းအရာက တစ်နေ့ကို ဘီယာ(၃)ခွက်သောက်နိုင်တဲ့
(၂)နှစ်အရွယ် ကလေးအကြောင်း ပါ။ သတင်းထဲမှာဖတ်ရတာက မိဘတွေက ကညနရုံးမှာ ပွဲစားလုပ်ပါသတဲ့။
မိဘတွေနဲ့အတူ ဘီယာဆိုင်ထိုင်ရင်း ဒီလိုသောက် တတ်လာတာဆိုပဲ။ ဒီကလေးရဲ့ အကြောင်း မိဘအကြောင်း
စဉ်းစားရင် ဒီကလေးရဲ့ ဘ၀လမ်း ကြောင်းကတော့ မျှော်ကြည့်စရာကိုမလိုပါဘူး။ ဒီအတိုင်းထားလို့ကြီးရင်
အရွယ်ရောက်ရင် ဘယ်နှယ့်ဖြစ်မလဲ။ ဒါကြောင့် စုန်ရေဟာ လည်း သန့်ရှင်းသော မော်ဒန် စကားနဲ့ပြောရရင်
ဏံ၇ စုန်ရေဖြစ် ဖို့လိုတယ်။ အကယ်၍မှ ဏံ၇ စုန် ရေမဖြစ်ရင် ဟိုစကားပုံလိုပဲ ''သား သမီးကိုငယ်ငယ်ကတည်းက
မဆုံး မသော် မိဘတလီ ရန်သူမည်၏'' တဲ့။ ဒီလိုပါပဲ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊
အရာရာ အစစဟာ လက်ဦးဆရာမည် ထိုက်စွာ မိနဲ့ဘဆိုသလို ရှေ့က လမ်းပြကောင်းဖို့လည်း လိုပါ
ကြောင်း အကြံပြုပါစေ။
မမေ့လျောသင့်တဲ့ဆန်ရေ
မိဘက သားသမီးအပေါ်ထားတဲ့
မေတ္တာာကို စုန်ရေ၊ သား သမီးက မိဘကို လုပ်ကျွေးပြု စုစောင့်ရှောက်ခြင်းက
ကျေးဇူးဆပ်ခြင်း ဆန်ရေလို့ ဆိုကြတယ်။ သားသမီးက မိဘကို ကျေးဇူးဆပ်တာ ဘ၀ဖြောင့်ကြောင်း
မင်္ဂလာ တစ်ပါးပါပဲ။ မိဆိုးဖဆိုးတွေမရှိဘူး မကြားဖူးဘူးလို့ မဆိုလိုသော် လည်း ရှိကောင်းရှိခဲ့ရင်တောင်
ကိုယ့်ကို လူ့လောကအလယ် ရှင် သန်ခွင့်ပေးတဲ့မိဘကို အသက်ရှင် သန်ခွင့်ပေး တာလေးတစ်ခုတည်းနဲ့
မိဘကျေးဇူးက ဆပ်မကုန် ဘူးဆိုကြပါတယ်။
လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် စကားအရဆိုရင်
''အကြွေးတကာ့ အကြွေးထဲမှာ မေတ္တာကြွေး မကျေမှာ အကြောက်ဆုံးပဲတဲ့''
ဟုတ်ပါတယ်။ မေတဿတြာွေကးကို ကြေအောင်မဆပ်ရင် မေတဿတာဆူး
တတ်ပါတယ်။ မေတဿတာဆူးတယ် ဆိုတာ အကောင်အထည်သာ မမြင်ရတာ ဘ၀လမ်းကြောင်းမှာ
ဆူးငြောင့်ခလုတ်တွေ၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရခြင်းဟာ အတိတ် ပစဿစုပဿပန္မွာ
မိဘမျက်ရည်တစ်စက် သားသမီးဆင်းရဲ တစ်သက်ဆို တဲ့ စကားလိုပဲ ပူလောင်လှပါ တယ်။ ဒီတော့မိဘနဲ့သားသမီး
ကြား ၀တဿတရားကိုယ်စီရှိကြပါ တယ်။
ဒီနေ့ခေတ်မှာ စာရေးသူ အပါအ၀င်
သားသမီးအတော်များ များဟာ တစ်နေ့တာကို အလုပ် ထဲမှာပဲကုန် ဆုံးကြပါတယ်။ အလုပ်ရဲ့ဖိအား၊
သွားလာရ တဲ့ခရီးလမ်း အဆင်မပြေမှုစတဲ့ စတဲ့ အဆင်မပြေမှုနဲ့အတူ တစ် ပတ်လုံးလုံးမှာ တစ်ရက်တောင်
နားရက်မရှိတဲ့များစွာသော ကိစဿစ တွေကြား မိဘကို အချိန်ပေးနိုင် တာ
သိပ်ကိုနည်းလာပါတယ်။ အဖေ အမေကို တွေ့ရမယ်၊ တွေ့ ချင်တယ်လို့ စိတ်ရှိပေမယ့် ဖိစီး နှိပ်စက်မှုကြား က
ရုန်းမထွက်နိုင်တဲ့ အခါ အမေ အဖေကို အချိန်မပေး နိုင်၊ ဖုန်းမပြောနိုင် ဖြစ်ရပါတယ်။
သားသမီးတွေရဲ့အပြန်ကို လည် မော့စောင့်ရင်း ကိုယ့်သားသမီး အတွက် ကိုယ့်ဘ၀ရဲ့ အချိန်အား
လုံးကို ပေးထားပေမယ့် ခေတ်စနစ် အရပဲဖြစ်ဖြစ် မပြေလည်မှုအရပဲ ဖြစ်ဖြစ် အချိန်မပေးနိုင်တဲ့
သား သမီးတွေ လည်း အမြောက်အမြား ပါပဲ။ စာရေးသူတို့
ဒီအခက်အခဲကို ကျော်ဖြတ်ပြီး မိဘကို ကိုယ်က တပြန်တစ် လှည့် ကျေးဇူးပြုကြမလဲ။ တစ်လလုံးရဲ့
တစ်ရက်၊ တစ်ရက် ရဲ့ တစ်နာရီ ဖုန်းသော်လည်း ကောင်း၊ အတူနေပေးတာသော် လည်းကောင်း လုပ်ပေးနိုင်အောင်
ကြိုးစားကြရမယ်။
စာရေးသူအပါ အ၀င်အားလုံးအတွက် တော့ အတန်ငယ် အ ကျပ်အတည်းအခက် အခဲ ရှိကောင်းရှိပါ
လိမ့်မယ်။ ဒါပေမဲ့ မိဘအတွက် မုန့်ဝယ် ပို့တာ၊ တကူးတက အချိန်ဖြုန်းတီးပြီး အတူထမင်းစားတာ၊
ဖုန်းထဲမှာ ကိုယ့်အမေ မိဘက ရောက်တတ် ရာရာပြောတာမျိုးတွေကို လိုက်လျောစိတ်ရှည် နား ထောင်တာမျိုး
ဖန်တီးလုပ် ဆောင်ပေးကြရပါလိမ့်မယ်။ ဒါဆိုရင် အမေမိဘနဲ့ သား သမီးကြား ရင်ထဲရောက်တဲ့
အပြန်အလှန်ထားတဲ့ မေတဿတာရေ တွေ စုန်ချီဆန်ချီ စီးဆင်းလို့
သားသမီးရဲ့ဝန်တာ တစ်စိတ်တစ် ပိုင်းကျေရာကျေကြောင်း ဖြစ်စေမယ်လို့ ပြောကြားရင်း အကြံပြုပါရစေ။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment