နေတိုးရဲ့စိတ်တိုင်းကျတယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး
ပရိသတ်တွေရဲ့အချစ်တော်
နေတိုးကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေရော ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ဆက်တိုက်
ရိုက်ကူးနေရပြီး မကြာခင်ရုံတင်ပြသတော့မယ့် “ကြောက်ကြောက် ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း
ပါဝင်သရုပ်ဆောင်ထားပြီး စိတ်တိုင်းကျဇာတ်ကားတစ်ကားဖြစ်မလားဆိုတာ မေးမြန်း ဖြစ်ခဲ့ပုံကို
ဖော်ပြပေးလိုက်ပါတယ်။
မကြာခင်ရုံတင်တော့မယ့် ကြောက်ကြောက်ကြောက်
ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အားရကျေနပ်မှုရှိလား။
ဒီဇာတ်ကားကြီးကိုပြန်ကြည့်တာအားရကျေနပ်ပါတယ်။
ကိုယ်တိုင်သေချာပြင်ဆင်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။
ဒီဇာတ်ကားကြီးထဲကနေပေးချင်တဲ့ အဓိပ္ပာယ်လေးကရော
ဘာများဖြစ်မလဲ။
ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ
ကျွန်တော်ဆွဲထုတ်ထားတဲ့အရာက သေခြင်းတရားဆိုတဲ့အပေါ်မှာ လူတွေသတိပြုမိပြီးတော့အလွန်အကျွံ
မကြောက်ဖို့ မသုံးစွဲဖို့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားကိုအခြေခံပြီး တော့မှ ဒီဇာတ်ကားလေးကို
သင်ခန်းစာရစေချင်တာပါ။
ဇာတ်ကားထဲက အစ်ကို့ရဲ့ ကာရိုက်တာလေးကရော။
ဖိုးသံလုံးဆိုတဲ့
ကောင်လေးတစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ ဇာတ်ကားထဲက ဇာတ်ကောင်ပုံစံလေးကလည်းဆန်းတယ်
ကြိုက်ပါတယ်။
ဇာတ်ကားအတွက် အမှတ်တရလေးဆိုရင်ရော ဘာဖြစ်မလဲ။
ဇာတ်ကားထဲမှာက
ကျွန်တော်အပါအ၀င်လိုချင်တဲ့နေရာတွေ ရာသီဥတုကအစတွက်ဆပြီးတော့ရိုက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက်
အမှတ်တရလေးပါပဲ။
သရဲကားဖြစ်တဲ့အတွက် မိတ်ကပ်အပိုင်းကိုရော
စိတ်တိုင်းကျမှုဖြစ်ခဲ့လား။
စိတ်တိုင်းကျတယ်ဆိုတာထက်ပိုပြီးတော့
သဘောကျပါတယ်။ ဇာတ်ကားတစ်ကားလုံးအတွက် မိတ်ကပ်ကိုတော့ကိုအောင် ကျော်ထွန်းတို့အဖွဲ့ကပြင်ပေးထားတာပါ။
တချို့အပိုင်းလေးတွေကို တော့ကျွန်တော်ကိုယ်တိုင်လုပ်ပေးဖြစ်ပါတယ်။
ဇာတ်ကားအပေါ်ရင်ခုန်မှုကရော။
ဒါကတော့ ကျွန်တော်ကိုယ်တိုင်ပထမဆုံးအစအဆုံး
လိုက်ဆောင်ရွက်ဖြစ်တဲ့ ဇာတ်ကားလည်းဖြစ်တယ်။ မိတ်ကပ်အပိုင်း ရော Photography ကိုလည်း
ကျွန်တော်တာဝန်ယူပြီးတော့ ရိုက်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရင်ခုန်မှုကတော့ရှိပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment