ဟာသကားတော့ရိုက်ဖြစ်တယ်… ဖြိုးငွေစိုး











ဟာသမင်းသားမဟုတ်ပေမယ့် ဟာသကားတော့ရိုက်ဖြစ်တယ်… ဖြိုးငွေစိုး
ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာရယူထားနိုင်တဲ့ ဖြိုးငွေစိုးက ဟာတွေနဲ့ပတ်သက်ပြီး အခုလို မှတ် ချက်ပေး ပါတယ်။ ကျွန်တော်ဟာသကားတွေအရိုက်များလာတော့ ဟာသပြက်လုံးတွေနဲ့ အထိအတွေ့များ လာတယ်။ ပရိသတ်ကိုရယ်အောင် ပြက်လုံးထုတ်တဲ့အခါ တစ်ခါတစ်လေ အောက်လုံးပြက်ရတာတွေ လည်းရှိတယ်။ ပြက်လုံးရှားလို့လည်းမဟုတ်ပါဘူး။ အလုပ်သဘောအရပြောလိုက် ပြက်လိုက်ရတာမျိုတွေ လည်းရှိတာပေါ့။ 

ဇာတ်ကားတွေအရိုက်များတော့ ဇာတ်လမ်းတွေထပ်လာတယ်။ ဆင်တူရိုးမားဖြစ်နေတာသိသိကြီးနဲ့ ရိုက် လိုက်တာမျိုးလည်းရှိတယ်။ ဇာတ်လမ်းတူနေရင် ပထမကားနဲ့ ပြက်လုံးမတူအောင်လုပ်ရတယ်။ ကိုယ်က သရုပ်ဆောင်လည်းဖြစ် လူရွှင်တော်မဟုတ်တော့ ဟာသ၀မ်းစာကတော့မရှိပါဘူး။ အောက်လုံးဆိုတာ ကလည်း ဒါရိုက်တာတိုင်း၊ ဇာတ်ညွှန်းရေးဆရာတိုင်းမဖန်တီးနိုင်ကြပါဘူး။ အဓိပ္ပာယ် ၃၊ ၄ မျိုးကောက်လို့ ရတဲ့ ပြက်လုံးတွေရှိတယ်။ ကိုယ့်ဘက်က အလေးအနက်ထားပြီး ပြက်ပေမယ့် ပရိသတ်ဘက်က အဓိပ္ပာယ် တစ်ခုပဲ ကောက်နိုင်တာမျိုးလည်းရှိတယ်။ ဟာသဆိုတာပေါ့ပါးလွတ်လပ်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ဆဆ လုပ်လို့ရတဲ့ပညာတော့မဟုတ်ဘူး။

သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပရိသတ်ကိုဖျော်ဖြေတင်ဆက်တဲ့အပိုင်းမှာ စေတနာကတော့ အမြဲထား တယ်။ ရယ်မောခြင်းသည် အသက်ရှည် သည်ဆိုတဲ့စကားလို ပရိသတ်ကို ရယ်မောပျော်ရွှင်စေပါတယ်။ အနုပညာရှင်တစ်ယောက်အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကလည်း အနုပညာဖန်တီးမှုအပေါ်မှာ လိုက်ဖက်စွာတင်ဆက်နိုင်ဖို့အရေးကြီးပါတယ်။

သရုပ်ဆောင်နဲ့ ကုမ္ပဏီအကျိုးပေးတယ်၊ အောင်မြင်တယ်ဆိုတာကလည်း ကံစပ်ဖို့လည်းလိုတယ်။ ယုံကြည် မှုနဲ့ စေတနာအကျိုးပေးမှလည်းဖြစ်တာ။ ကျွန်တော်ဟာသမင်းသားတော့မဟုတ်ဘူး။ ဟာသကား တွေတော့ အများကြီးရိုက်တယ်။ ကားတိုင်းမပေါက်ပေမယ့် ပရိသတ်ဆီကိုတော့ကားတိုင်းရောက်ပါတယ်။ 


Share on Google Plus

0 comments:

Post a Comment