အဆိုတော်ပင့်(ခ်) ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ထားပြီ









ပေါ့(ပ်)ဂီတအဆိုတော်ပင့်(ခ်) Pink ဟာ သူမခင်ပွန်း ကယ်ရီဟတ်နဲ့ရတဲ့ ဒုတိယကိုယ်ဝန်ကို လွယ်ထားပြီဖြစ် ကြောင်း (၁၂-၁၁-၂၀၁၆)နေ့က တွစ် တာနဲ့ အင်စတာဂရမ်တို့မှတဆင့် သူမပရိသတ်ကို အသိပေးလိုက်ပါတယ်။ အသက် ၃၇ နှစ်ရှိ ပင့်(ခ်)ဟာ အဖြူရောင်ဂါဝန်ရှည်ဝတ်ပြီး သူမရဲ့ ၅ နှစ်အရွယ်သမီးဦး '၀ီလို'နဲ့အတူ သူမရဲ့ ဗိုက်ပူပူကို ကိုင်ထားတဲ့ ဓာတ်ပုံအင်စတာဂရမ်နဲ့ တွစ်တာမှာ တင်ထားပါတယ်။ ပင့်(ခ်)နဲ့ ကယ်ရီ ၄၁ နှစ်တို့ဟာ ၂၀၀၁ ခုနှစ်မှာ ပေါင်းဖက်ပြီး ၂၀၀၃ မှာ ခဏကွဲပေမယ့် ၂၀၁၂ ဇွန်လမှာ ကယ်ရီက လက်ထပ်ခွင့်တောင်းပါတယ်။ ၂၀၀၆ ဇန်န၀ါရီလမှာ လက်ထပ်ပြီး ၂၀၀၈ မှာကွဲသွားကာ ၂၀၁၀ မှာ ပြန်ပေါင်းထုပ်ခဲ့ကြပြန်ပါတယ်။ ၂၀၁၁ ဇွန်လမှာ သမီးဦး ၀ီလိုကိုမွေးပါတယ်။ ကယ်ရီဟာ (၈-၁-၂၀၁၆)နေ့က ၄င်းတို့ရဲ့ချစ်သူသက်တမ်း ၁၀နှစ် ပြည့်အမှတ်တရ သ၀ဏ်လွှာတစ်စောင်ကို ၄င်းတို့မိသားစုသုံး ယောက်ဓာတ်ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှဖြန့်ချိခဲ့ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment