မျှော် #
ပန်းနုဝေ
မိုးမျှော်တိုက်ကြီးတွေလည်း
မိုးကိုမျှော်တတ်ပြီ…။
နီးနေတဲ့
တိမ်
ဝေးနေဆဲ အိမ်
ဘယ်အလွမ်းကပိုသာလေမလဲ…။
ရာသီဟာ ကဗျာကသီ
ဝေသီမှုန်ရော့မယ်…။
သြော်…တစ်နေ၀င်မှိုင်းအုံ့
ဆောင်းသရုပ်ပီပြင်ဖို့
နှင်းရေ…
နှင်းရေ…
နှင်းရေ…လို့
ငါ"""အော်ဆဲ
ခေါ်ဆဲ…မျှော်ဆဲ…။ ။
0 comments:
Post a Comment