စိတ်ညစ်ရာတွေကို ပြေပျောက်စေတဲ့အတွက်
ဘယ်သူမဆိုခရီးထွက်ပြီးအပန်းဖြေသင့်ပါတယ်…
ပိုပိုက ခရီးသွားရတာကို
အရမ်းနှစ်သက်ပါတယ်။ တအားလည်းပျော်ပါတယ်။ ခရီးသွားခြင်းဟာလူတွေရဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးပျော်ရွှင်စေပါတယ်။
ပြီးတော့စိတ်ညစ်ရာတွေကို ပြေပျောက်စေတဲ့အတွက် ဘယ်သူမဆို ခရီးထွက်ပြီးအပန်းဖြေသင့်ပါတယ်။
အမေရိကခရီးစဉ်ကတော့အရမ်း ပျော်စရာကောင်းပါတယ်…
အဓိကကတော့
အလုပ်ဖြစ်တဲ့ သီချင်းဆိုရင်းနဲ့သွားရတဲ့ ခရီးစဉ်ကပိုများပါတယ်။ ဘန်ကောက်တော့ မကြာခဏပေါ့။
ကျန်တာတွေလည်း ရောက်တော့ရောက်ဖူးပါပြီ။ အမေရိက ခရီးစဉ်ကတော့အရမ်းပျော်စရာကောင်း ပါတယ်။
သွားတာလည်းသိပ်မကြာသေးဘူး။ သီချင်းသွားဆိုတာပေါ့နော်။
မမိုးဟေကိုရဲ့စာအုပ်ထွက်တော့ သွားထားတဲ့
ခရီးစဉ်မှတ်တမ်းကို ကြည့်ပြီးတော့ အားကျမိပါတယ်…
ပြည်တွင်းမှာ
တော်တော်များများတော့ရောက်ဖူးပြီပါပြီ။ ဒါပေမဲ့ အခု လက်ရှိသွားချင်မိနေတာကတော့
Facebook ကတွေ့နေတဲ့ စွန်ရဲအင်းဆိုတဲ့ကြာကန်ကြီးကို သွားလည်ချင်မိပါတယ်။ ပြီးတော့ မမိုးဟေကိုရဲ့စာအုပ်
ထွက်တော့ သွားထားတဲ့ ခရီစဉ်မှတ်တမ်းကိုကြည့်ပြီးတော့ အားကျမိပါတယ်။ သူသွားသလိုသွားချင်မိပါတယ်။
ပြည်ပခရီးစဉ်မှာ ပိုက်ဆံအိတ် ပျောက်သွားတာကတော့
မှတ်မှတ် ရရပဲပေါ့နော်…
အဲဒါကတော့
ခရီးစဉ်တိုင်းမှာ အမှတ်တရတွေအများကြီးရှိပါတယ်။ အခုသွားခဲ့တဲ့ပြည်ပခရီးစဉ်မှာ ပိုက်ဆံ
အိတ်ပျောက်သွားတာကတော့ မှတ်မှတ်ရရပဲပေါ့နော်။ ဘယ်လိုမှမမေ့နိုင်တော့ဘူး။ ကိုယ်တိုင်က
နမော်နမဲ့နိုင်တာလည်းပါပါတယ်။ နောက်ပြီး အခြားနိုင်ငံမှာဆိုတော့ ဘာလုပ်လို့လုပ်ရမှန်း
တောင်မသိတော့ပါဘူး။
သွားချင်တာတွေကတော့ များနေတယ်…
သွားချင်တာတွေကတော့
များနေတယ်။ Facebook မှာ မမိုးဟေကို Movie ကြည့်ပြီးကတည်းက သူသွားတဲ့ နေရာတွေ အားလုံးကိုသွားလည်ချင်မိပါတယ်။
၂၀၁၃ ခုနှစ်လောက်က နယ်ဘက်မှာသီချင်းသွားဆိုရမှာကို
အဘွားကိုလိမ်ပြောပြီး သွားခဲ့ရတဲ့ ခရီးစဉ်ပါ…
အဲဒါကတော့
ပိုပိုအတွက် တကယ်ကိုအမှတ်တရဖြစ်ခဲ့ရတာပါ။ ဘာလို့လဲဆိုတော့ ၂၀၁၃ ခုနှစ် လောက်က နယ်ဘက်မှာသီချင်းသွားဆိုရမှာကို
အဘွားကိုလိမ်ပြောပြီး သွားခဲ့ရတဲ့ခရီးစဉ်ပါ။ လိမ်ပြီးသွားရတာဆိုတော့ ဘယ်လိုမှနေလို့မရဘူး။
ကိုယ့်လိပ်ပြာကိုယ်မလုံဘူးဖြစ်နေတာပေါ့။ အမှတ်တရပေါ့လေ။
ခရီးသွားတဲ့အခါ ဖုန်းတို့ ကင်မရာတို့
ယူသွားဖြစ်တယ်…
ခရီးထွက်ရင်
အများအားဖြင့်တော့ ဖုန်း၊ ကင်မရာတို့ယူသွားဖြစ်တယ်။ ပြီးတော့နေထိုင်မကောင်းရင်သောက်ဖို့
ဆေးဝါးတွေထည့်သွားဖြစ်တယ်။ အ၀တ် အစားတွေလည်း ပြင်ဆင်သွားရတာပေါ့နော်။
ကိုယ့်ဘာသာကိုယ်သွားရတာကတော့ အလွတ်လပ်ဆုံးပဲပေါ့…
အလုပ်နဲ့ခရီးသွားတာနဲ့ကိုယ့်
ဘာသာသွားရတာကကွာပါတယ်။ အလုပ်နဲ့ ဆိုတာကတော့ ဘယ်လွတ်လပ်မှုရှိပါ့ မလဲ။ သွားရလာရတာ ကိုယ့်ဘာသာ
ကိုယ်သွားရတာကတော့ အလွတ်လပ်ဆုံးပဲပေါ့။ ဒါပေမဲ့လည်း အလုပ်နဲ့သွားရပေမယ့် ကိုယ့်အနုပညာညီအစ်ကိုမောင်နှမတွေဆိုတော့လည်းသွားရလာရ
တာပျော်ဖို့ကောင်းပါတယ်။
စိတ်ကိုလွတ်လပ်ပေါ့ပါးစေပြီး စိတ်ညစ်စရာတွေ
စိတ်ပင်ပန်းတာတွေကို ပြေပျောက်စေပါတယ်…
ခရီးသွားရတာဟာ
ပျော်စရာကောင်းပါတယ်။ စိတ်ကိုလွတ်လပ် ပေါ့ပါးစေပြီးစိတ်ညစ်စရာတွေ စိတ် ပင်ပန်းတာတွေကို
ပြေပျောက်စေပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း သွားကြည့်ပါ။ ဘယ်ခရီးစဉ်သွားသွား စိတ်ကိုကြည်နူးပျော်ရွှင်လန်းဆန်းစေမှာပါလို့။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment