အချစ်နဲ့မဒိတ်ခင်ကားကိုဘယ်လိုပြင်ဆင်မလဲ…
ချစ်သူနဲ့
ချိန်းတွေ့နေတဲ့အချိန်ရောက်မှ တစ်ခုခုကိုကြည့်ကောင်းအောင် ပြုပြင်နေရတယ်ဆိုတာ တော်တော်
ဖိအားများတဲ့အလုပ် တစ်ခုဖြစ်မှာပါ။ တစ်ဖက်ကလည်း ကိုယ့်အပေါ် အပြည့်အ၀ အထင်ကြီးသွားဖို့
မဖြစ်နိုင်တဲ့အပြင် ကာယကံရှင်အတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်ရမှာ အသေအချာပါပဲ။ ဒါကြောင့်
ကိုယ့်ချစ်သူနဲ့တွေ့ဖို့သွားတော့မယ်ဆိုရင် အဲဒီအချိန်မတိုင်ခင်ကတည်းက အစစ အရာရာကြိုတင်ပြင်ဆင်မှုတွေ
ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူနဲ့အတူ သွားရောက်လည်ပတ်တော့
မယ်ဆိုရင် စီးတော်ယာဉ်ဖြစ်တဲ့ ကားကို အသန့်ရှင်းအတောက် ပြောင်ဆုံးအခြေအနေမျိုးရောက်အောင်
ကြိုတင်သန့်ရှင်းမှုတွေ ပြုလုပ်ထားရမှာပါ။ ကားအတွင်း/အပြင် နှစ်ခုစလုံးသန့်ရှင်းနေမယ်ဆိုရင်
နှစ်ဦးသားကားနဲ့လျှောက်လည်တဲ့အခါဖြစ်ဖြစ်၊ ကားထဲမှာပဲ စကားပြောကြတဲ့အခါဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ပြီးပြည့်
စုံတဲ့အခိုက်အတန့်တစ်ခုကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူနဲ့
ဒိတ်မလုပ်ခင်ကားကို ဘယ်လိုတင်ကြိုသန့်ရှင်းမှုတွေ ပြုလုပ်ထားသင့်လဲဆိုတာဆွေးနွေးပါရစေ။
အတွင်းပိုင်းက နံပါတ်တစ်
ထင်သာမြင်သာအရှိဆုံးနဲ့
လူနဲ့ထိတွေ့မှုအများဆုံးပြုလုပ်ရမယ့် အပိုင်းကတော့ ကားအတွင်းပိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့်
ကိုယ့်ချစ်သူနဲ့ ဒိတ်မလုပ်ခင်မှာ ကားအတွင်းပိုင်းကို သန့်ရှင်းစင်ကြယ်နေအောင် အရင်ပြုလုပ်ရပါလိမ့်မယ်။
ပထမဆုံးက ကားအတွင်းပိုင်းက အမှိုက်တွေကို ရှင်းလင်းဖယ်ရှားပစ်လိုက်ဖို့ပါပဲ။ ကားအတွင်းပိုင်းမှာ
ဘာအမှိုက်သရိုက်မှမရှိခြင်းက ဒိတ်လုပ်တဲ့နေရာမှာ ကိုယ့်ကိုသက်ဆိုင်သူက အထင်ကြီးသွားစေပါတယ်။
ထင်သာမြင်သာရှိတယ်လို့ မထင်ရပေမယ့် ကျယ်ဝန်းသန့်ရှင်းပြီးနေ ချင်စဖွယ် ပတ်ဝန်းကျင်လေးဖြစ်နေတဲ့ကားအတွင်းပိုင်းက
သူ့ကိုစိတ်ချမ်းသာစေမှာတော့ အသေအချာပဲဖြစ်ပါတယ်။ အမှိုက်သရိုက်တွေ ကင်းစင်နေတဲ့အပြင်
ကားအတွင်းပိုင်းမှာ မွှေးပျံ့တဲ့ရနံ့လေးတွေ ပျံ့နှံ့နေတာ၊ သန့်ရှင်းတောက်ပြောင်နေတာစတဲ့အချက်တွေက
ကိုယ့်သက်ဆိုင်သူကို စိတ်ချမ်းသာသွားစေမှာကြောင့် ကိုယ့်အတွက်အမှတ်တွေ တက်လာစေနိုင်သလို
ကိုယ်ကိုယ်တိုင်အတွက်လည်း စိတ်မလုံမလဲဖြစ်ပြီးနေရတဲ့ဒဏ်က လွတ်ကင်းမှာအသေအချာပါ။
ဘယ်လိုပစ္စည်းမျိုးတွေကို ဖယ်ထားသင့်လဲ
ကားအတွင်းမှာ
ကာယကံရှင် နှစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပစ္စည်းတွေအပါအ၀င် အ ခြားမလိုလားအပ်တဲ့အသုံးအဆောင်တွေအားလုံးကို
ဖယ်ထုတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အမှိုက်တွေ၊ စားကြွင်းစားကျန်တွေအပြင်
အမှန်တကယ်မလိုအပ်ဘဲ ထည့်သိမ်းထားမိတဲ့ခဲတံ၊ စာအုပ်၊ လွယ်အိတ်လိုအရာတွေကိုလည်း ကားထဲကဖယ်
ထုတ်ထားသင့်ပါတယ်။ နောက်တစ်ချက်က ကားအတွင်းမှာ အနံ့ဆိုးတွေဖြစ်နေစေမယ့် ပစ္စည်းတွေကိုလည်း
ဒိတ်မလုပ်ခင်ကတည်းက သတိထားပြီး ဖယ်ရှားထားဖို့ မေ့မနေသင့်ပါဘူး။ ဒက်ရှ်ဘုတ်၊ ထိုင်ခုံအောက်၊
ဆိုဖာကြားစတဲ့နေ ရာတွေမှာ အနံ့ဆိုးထွက်စေမယ့်အရာ ဒါမှမဟုတ် အမှိုက်သရိုက်တွေ ခိုအောင်းနေတတ်တာကို
သတိရသင့်ပါတယ်။
ဖုန်စုတ်စက်သုံးပါ
ကားထဲက မလိုအပ်တဲ့အသုံး
အဆောင်တွေ၊ အမှိုက်သရိုက်တွေကို ဖယ်ရှားပစ်ပြီးပြီဆိုရင်တော့ ဒီ ပစ္စည်းတွေက ကြွင်းကျန်ရစ်ခဲ့မယ့်
အမှုန်အမွှားလေးတွေကို ဖယ်ရှားသုတ်သင်ဖို့ ဖုန်စုတ်စက်ကို အသုံး ပြုရပါလိမ့်မယ်။ ကားကြမ်းခင်း၊
ထိုင်ခုံပေါ်နဲ့ထိုင်ခုံကြားစတဲ့ကား အတွင်းပိုင်းနေရာအတော်များများကို ဖုန်စုတ်စက်နဲ့
သန့်ရှင်းသွားအောင် သန့်ရှင်းရေးလုပ်ရမှာပါ။ ဒီနေရာမှာ ထိုင်ခုံကြားက ချိုင့်နေတဲ့နေရာလိုမျိုး
ဖုန်စုတ်စက်နဲ့ လက်လှမ်းမမီတဲ့နေရာမျိုးတွေဆိုရင်တော့ ပျော့ပျောင်းတဲ့ဘရပ်ရှ်မျိုးနဲ့
အမှုန်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကိုယ့်ကားအတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ထိုင်ခုံတွေကလယ်သာ
ထိုင်ခုံတွေဖြစ်နေရင်တော့ ဘရှပ်ရှ် အနုစားလေးတွေကို အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။
အစွန်းအထင်းတွေကိုချွတ်ပါ
ကိုယ့်ကားအတွင်းပိုင်းမှာက
လယ်သာထိုင်ခုံတွေမဟုတ်ဘဲ ချည်သားထိုင်ခုံတွေဖြစ်နေမယ်၊ ပြီးတော့ စွန်းထင်းနေမယ်ဆိုရင်တော့
ဒါတွေကိုသေချာတိုက်ချွတ်ဖို့ အာရုံစိုက်ရတော့မှာပါ။ ဒီလိုကားထိုင် ခုံပေါ်က အစွန်းအထင်းတွေက
သာမန်လူကိုတောင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စေတာမို့ ကိုယ်အမှတ်ယူရမယ့် ကိုယ့်ချစ်သူနဲ့
ကားပေါ်မှာဒိတ်မဲ့အရေးမှာ အမှတ်အများကြီး လျော့သွားစေနိုင်တဲ့ အကြောင်းပြချက်တွေ သေချာပေါက်ဖြစ်လာစေနိုင်ပါတယ်။
ပြီးတော့ တချို့အစွန်းအထင်းတွေမှာ အနံ့အသက်တွေ လည်း စွဲနေတတ်တာကြောင့် အစွန်းအထင်းတွေကို
ဖျောက်သင့်သလို အမွှေးနံ့သာလေးတွေကိုပါ ပူးတွဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။
ကားရုပ်ထွက်ကိုမမေ့ပါနဲ့
ကားအတွင်းပိုင်းကတော့
ဒီလောက်ဆိုရင် အတော်ကြီးကို ကောင်းမွန်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒီတော့
ကိုယ်လုပ်ဖို့ကျန်တာတစ်ခုက
ကားအပြင်ပိုင်းတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ပါပဲ။
ကားအပြင်ပိုင်းဟာရွံ့တွေ၊ ဖုန်တွေနဲ့
ဖြစ်နေရင် ကိုယ့်သက်ဆိုင်သူနဲ့သွား တွေ့တဲ့အခါ ဘယ်လိုမှအဆင်ပြေ
မှာမဟုတ်ပါဘူး။
ကိုယ်တိုင်စိတ်အနှောင့်အယှက်ဖြစ်နေရတာနဲ့တင်ပျော်ရွှင်စရာအခိုက်အတန့်တွေကို
ဖြုန်းတီးပစ်လိုက်သလိုဖြစ်နေမှာပါ။ ဒါကြောင့် ဒိတ်မလုပ်ခင်
ကားအပြင်ပိုင်းလှပနေစေဖို့
ကစ်မတင်ချင် ရင်တောင် အနည်းဆုံးရေဆေးဖို့ လောက်တော့ မေ့မနေသင့်ပါဘူး။
အာကာထက်ဝေ
0 comments:
Post a Comment