ခွေးတွေဟာ
လူတွေနဲ့ နီးစပ်တဲ့တိရစ္ဆာန်တွေဖြစ်ပါတယ်။ လူတွေရဲ့အရိပ်အကဲကို နားလည်သလို ချစ်စဖွယ် အမူအရာတွေနဲ့
လေ့ကျင့်သင်ကြားပေးလို့လည်းရပါတယ်။ ဒီအထဲမှာမှ တချို့ခွေးတွေဟာ ကားစီးရတာ ကိုကြိုက်နှစ်သက်ကြတာပါ။
သူတို့တွေဟာ ကားစီးရတဲ့အခါမျိုးမှာ ပျော်ရွှင်နေတတ်ကြသလို ပိုင်ရှင်ကို လည်း အပျော်တွေကူးဆက်အောင်
စွမ်းဆောင်ပေးနိုင်သူတွေဆိုရင် မမှားပါဘူး။ ဒါကြောင့် တချို့ခွေးချစ် သူတွေဟာ သူတို့ဘယ်သွားသည်ဖြစ်စေ
ခွေးလေးတွေကို သူတို့နဲ့အတူ ခေါ်ဆောင်သွားလေ့ရှိကြတာပါ။ ဒီနေရာမှာ တစ်ခုချွင်းချက်ရှိတာကတော့
ဒီလိုမျိုးပိုင်ရှင်သွားလေရာ ပါနိုင်လောက်အောင်တော့ ခွေးတိုင်းက မလိမ္မာကြပါဘူး။ ဒါကြောင့်
ဒီလိုကားနဲ့သွားဖို့ သိပ်အ ဆင်မပြေနိုင်မယ့်ခွေးမျိုးကိုပိုင်ဆိုင် ထားသူတွေ အနေနဲ့
သူတို့နဲ့အဆင်ပြေအောင် ဘယ်လိုပြုမူသင့်တယ် ဆိုတာ အကြံပေးချင်ပါတယ်။
ဘယ်လိုပုံစံမျိုးနဲ့ ထိန်းမလဲ အရင်စဉ်းစားပါ
ကားမောင်းနှင်နေချိန်မှာ
ခွေးကို အော်ချင်အော်၊ ဟစ်ချင်ဟစ် ဆိုတဲ့ပုံစံမျိုးနဲ့ လွှတ်ထားလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒါကြောင့် ခရီးတာနည်းနည်းရှည်တဲ့ခရီးမျိုး သွားတော့မယ်ဆိုရင် သူတို့ကို ကိုယ်နဲ့ အနီးဆုံးနေ ရာမှာထားပြီး
ပွတ်သပ်ချော့မြူပေးဖို့လိုအပ်မှာ အသေအချာပဲဖြစ်ပါတယ်။ ဒါဟာ ရိုးလွန်းတယ် လို့ထင်စရာရှိပေမယ့်
တိရစ္ဆာန်တွေကို ငြိမ်ဝပ်နေအောင် ထိန်းထားရာမှာ အလုပ်ဖြစ်လွန်းတဲ့ နည်းလမ်းတစ်ခုဖြစ်လို့
မေ့မထားသင့်ပါဘူး။
တကယ်လို့ကိုယ်က ခွေးတစ်ကောင် ငြိမ်ငြိမ်နေနိုင်မယ့် အကွာအဝေးထက်
ပိုတဲ့နေရာဒေသတစ်ခုကို သွားမယ်၊ နောက်တစ်ချက်က ကိုယ့်ခွေးက ထိန်းသိမ်းရလည်း အတော်လေးခက်နေမယ် ဆိုရင်တော့ အကောင်း
ဆုံးနည်းလမ်းက အိမ်မွေးခွေးလေးတွေအတွက် ဖန် တီးထားတဲ့ခွေး လှောင်အိမ်ထဲ ထည့်ပြီး သယ်ဆောင်သွားသင့်ပါတယ်။
ဒီအချက်က ခွေးအချစ်တော်တွေ အတွက်အနည်းငယ်ကသိကအောက် နိုင်စရာရှိပေမယ့် သူ့ကိုဂရုစိုက်နေရတဲ့အချိန်ကို
လျှော့ချနိုင်မှာဖြစ် တဲ့အတွက် အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်နိုင်မှာ အသေအချာပါပဲ။
ဒါ့အပြင် ဒီလိုနည်းကယာဉ်မတော် တဆဖြစ်မှုတွေကိုပါ လျှော့ချပေးနိုင်မှာဖြစ်လို့ ရွေးချယ်သင့်တဲ့နည်း
လမ်းတစ်ခုလို့လည်း အကြံပြုချင်ပါတယ်။နောက်ထပ်နည်းလမ်းကောင်း
တစ်ခုကတော့ ခွေးကိုကားအတွင်း တစ်နေရာမှာ ပိတ်မိနေအောင်ဖန် တီးထားရမယ့်နည်းလမ်းပါပဲ။
ကားအတွင်းတစ်နေရာမှာ ခွေးအတွက် သီးသန့်နေရာတစ်ခုပြုလုပ်ပေးပြီး သူ့ကိုအဲဒီနေရာမှာ သက်သောင့်သက်သာရှိနေစေမယ့် အချက် လည်းဖြစ် ပါတယ်။
ဥပမာ အနေနဲ့ပြောရ ရင်တော့ကိုယ်က စတေရှင်ဝက် ဂွန်ကားပိုင်ရှင် တစ်ယောက်ဖြစ်နေရင် ကားရဲ့နောက်ခန်းထဲမှာ
ခွေး အတွက်နေရာပြုလုပ်ဖို့အကောင်းဆုံးဖြစ်မှာပါ။
စတေရှင်ဝက်ဂွန်လိုကား မျိုးမှာမှ ကားပြတင်းပေါက်ကတစ်ဆင့်
အဆော့သန်တဲ့ကိုယ့်ခွေး ထွက်ပြေး မသွားဖို့ဆိုရင် ၀ါယာကို သံဇကာကွက်ယက်ထားတဲ့အ ထောက်အကူပစ္စည်းမျိုးကိုအသုံးပြုပြီး
တားဆီးထားရမှာဖြစ်ပါတယ်။ ခွေးကိုပိုပြီးသက်သောင့်သက်သာ ရှိနေစေချင်တဲ့ ကားပိုင်ရှင်တွေက ဆိုရင်တော့
အဲဒီလိုနောက်ဖက်အခြမ်းမှာ ကိုယ့်ခွေးအတွက် အိပ်ယာဖန် တီးပေးထားလေ့ရှိကြတာပါ။
လှောင်အိမ်နဲ့ မိတ်ဆက်ပေးထား
ကိုယ်က အဲဒီလောက်အထိကရိကထမခံချင်ဘူး။
တစ်ထိုင်တည်းလည်း အလုပ်ဖြစ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးနည်းက ခွေးကိုလှောင်အိမ်ထဲ
ထည့်ထားဖို့ပါပဲ။ ဒါပေမဲ့ တချို့ခွေးတွေကသူတို့ကို လှောင်အိမ်ထဲထည့်ထားရင် သိပ်မကြိုက်တတ်ကြတာကြောင့်
ခရီးရှည်သွားတဲ့အချိန်သူတို့ကို ခေါ်သွားချင်တယ်ဆိုရင် လှောင်အိမ်နဲ့ ရင်းနှီးမှုရအောင်
အရင်ဖန်တီးထားသင့်ပါတယ်။ ပထမဆုံးအနေနဲ့ ခွေးတွေကို အပြုသဘောဆောင်တဲ့ဘက်က လှောင်အိမ်နဲ့ရင်းနှီးသွားအောင်
မိတ်ဆက်ထားပေးရပါမယ်။
လှောင်အိမ်လေးပြပြီး ဆော့ကစားပေးတာမျိုး၊ ရင်းနှီးသွားအောင် နမ်းကြည့်ခိုင်းတာမျိုးကလည်း
အလုပ်ဖြစ်တဲ့နည်း လမ်းတွေဆိုရင်မမှားပါဘူး။ ပြီးတော့ ခရီးရှည်မသွားခင် တစ်ပတ်လောက်ကတည်းက
ခွေးကိုလှောင်အိမ်ထဲထည့်၊ နောက်တစ်ဆင့်အနေနဲ့ ဘယ်သူမှရှိမနေမယ့် ကားထဲမှာနှစ်မိနစ်၊
သုံးမိနစ် လောက်ကျင့်သားရအောင် ခဏထားခဲ့တာမျိုးတွေလည်းပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ခွေးနဲ့
လှောင်အိမ်ရင်းနှီး လာအောင်ပြုလုပ်ပေးထားရမှာဖြစ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီနည်းက
အလုပ်ဖြစ်ကြောင်းယုံ ကြည်စိတ်နဲ့ ကြိမ်ဖန်များစွာ လေ့ကျင့်ပေးထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
လေ့ကျင့်ခန်းလုပ်ပေးပါ
ခရီးဝေးမသွားခင်နဲ့
ခွေးကိုလှောင်အိမ်ထဲမထည့်ခင် သူ့ကိုမောပန်းသွားအောင်
အရင်ပြုလုပ်ပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
ခွေးနဲ့အတူပြေးလွှားဆော့က စားပေးထားမျိုး ဒါမှမဟုတ် ခွေးကို
သူကြိုက်တဲ့အစားအစာတွေ စိတ်ကြိုက်စားခွင့်ပေးတာမျိုးပြုလုပ်ပေးရပါလိမ့်မယ်။
ရည်ရွယ်ချက်ကတော့ ခရီးမသွားခင်ခွေးကို
ပင်ပန်းသွားအောင်ပြုလုပ်ချင်လို့ပါပဲ။ ဒါမှသူ့ကိုလှောင်အိမ်ထဲထည့်ပြီးသယ်
ဆောင်သွားချိန်မှာ သူကလည်း အတိုင်းအတာတစ်ခုအထိ အိပ်စက်လိုက်ပါလာဖို့
အသင့်ရှိနေမှာဖြစ်ပါတယ်။
ကြိုတင်ပြင်ဆိုင်နိုင်ပါစေ
နောက်ဆုံးတစ်ချက်ကတော့
ကိုယ့်ခွေးအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်နိုင်ဖို့ပါပဲ။ သူတို့ အတွက်စောင်၊ အိပ်ယာစတဲ့
သက်သောင့်သက်သာရှိစေနိုင်မယ့် ၀န်းကျင်မျိုးဖန်တီးပေးထားပြီး လိုအပ်တဲ့အသုံး အဆောင်တွေဖြစ်တဲ့ရေ၊
အပေါ့အလေးသွားရင် အသုံးပြုတဲ့ပစ္စည်း စတာတွေကိုလည်း ကိုယ့်အနေနဲ့ အဆင်သင့်ဖြစ်အောင်
မဖြစ်မနေပြင်ဆင်ထားရမှာပါ။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment