အနုပညာပိုးက အရမ်းကိုဝင်သွားခဲ့တယ်။ ဘယ်လိုမှကို ထုတ်လို့မရအောင်ဝင်သွားခဲ့တယ်ပေါ့နော်…ပြည့်ဝတီမောင်






ပြည့်ရဲ့အနုပညာရည်မှန်းချက်ကတော့ ပြည့်အခုဖြစ်ချင်နေတဲ့ သရုပ်ဆောင်ပေါ့နော်။ အခုလည်း သရုပ်ဆောင်ဘက်ကိုကူးနေပါပြီ။ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်တဲ့အထိကြိုးစားမှာပါ။ ပြည့်ရဲ့ ရည်မှန်းချက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်ကအခုဒီ ၁၀ ရက်နေ့မှာကျောင်းက Trip သေးသေးလေးသွားတယ်။ အဲဒီ Trip မှာ ဆရာကြီးက Miss ပြိုင်ပွဲလေးလုပ်ခဲ့တယ်။ အဲဒီပြိုင်ပွဲမှာလည်း ပြည့် ဆုရခဲ့တယ်ပေါ့နော်။ အနုပညာပိုးက အရမ်းကိုဝင်သွားခဲ့တယ်။ ဘယ်လိုမှကိုထုတ်လို့မရ အောင်ဝင်သွားခဲ့တယ်ပေါ့နော်။ ပြည့် ၁၀ တန်းပြီးတာနဲ့ အိမ်ကိုလုပ်မယ်ဆိုပြီးခွင့်တောင်းတယ်။ အိမ်ကလည်းဂုဏ်ထူးပါရင်လုပ်ပေါ့နော်။ ဂုဏ်ထူးပါလို့ အနုပညာလောကကိုဝင်ခဲ့တယ်။ အခုဆက်ပြီးတော့ လည်း သရုပ်ဆောင်ကောင်းဖြစ်အောင်ပြည့်ကြိုးစားသွားမှာပါလို့။
ဒီ Miss Universe မှာဆိုရင် ပြည့် မထက်ထက်ထွန်းကိုချစ်တယ်ရှင့်။ မထက်က ချစ်ဖို့လည်းကောင်းတယ်။ ဘာလို့လည်းဆိုတော့ ကြည့်လိုက်ရင်အရမ်း Active ဖြစ်တယ်။ တက်တက်ကြွကြွနဲ့ပေါ့နော်။ လူတိုင်းနဲ့လည်းအဆင်ပြေအောင် နေတတ်တယ်ပေါ့နော်။ မထက်ကိုချစ်တယ်ရှင့်။ ဦးချိုက ပြိုင်ပွဲတုန်းက Catwalk သင်ပေးတယ်။ အဲဒီလောက်ပါပဲ။ 
အနုပညာအလုပ်က လက်တွေ့မှာကိုယ်မျှော်လင့်ထားတာနဲ့ ကိုက်ညီမှုရှိလားဆိုတော့ ၁၀၀% အပြည့်တော့မကိုက်ညီသေးဘူးရှင့်။ ဘာလို့လဲဆိုတော့ ပြည့်မျှော်လင့်ထားတာက အရာရာအားလုံး ကိုလုပ်ချင်တယ်။ ပြီးတော့ လုပ်တတ်အောင်လည်းကြိုးစားနေတယ်ပေါ့။ ဒါပေမဲ့ အရာအားလုံးလုပ်ခွင့် ပြည့်မရသေးဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ လူတစ်ယောက်က ၁၀၀% ကိုယ့်ဆန္ဒနဲ့တစ်ထပ်တည်း မကျနိုင်ဘူးပေါ့။ အခုလက်ရှိ အကောင်းဆုံးကြိုးစားနေပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ အရာတွေ အားလုံးကိုလည်းလုပ်နိုင်ဖို့အတွက် ပြည့်ကြိုးစားနေပါတယ်။ လုပ်နိုင်မယ့်လို့လည်းပြည့်ကိုယ်ပြည့်ယုံကြည်ပါတယ်။ ဆက်ပြီးတော့လည်း အကောင်အထည်ဖော်သွားမှာပါ။ အဲဒီကျရင်တော့ ပြည့်အတွက် ကိုယ်မျှော်လင့်ထားတဲ့အရာတွေနဲ့ တစ်ထပ်တည်းဖြစ်မယ်လို့ပြည့်ယုံ ကြည်ပါတယ်။ 
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment