ဗီဒီယိုဇာတ်ကားတွေပြန်လည်ထွန်းကားလာစေဖို့ ဗီဒီယိုဇာတ်ကားတွေကို အနုပညာကြေးလျှော့ယူရိုက်နေတယ်…. ပြေတီဦး






ကျွန်တော်တို့က ဗီဒီယိုဇာတ်ကားတွေကနေတက်လာတဲ့သူတွေဆိုတော့ ဗီဒီယိုဇာတ်ကားရိုက်ကူးမှု တွေကိုတော့ ပစ်ပယ်လို့မရပါဘူး။ အခုလိုဗီဒီယို ဈေးကွက်ကျဆင်းနေချိန်မှာ ပြန်ကောင်းလာဖို့အတွက်လည်း သရုပ်ဆောင်အနုပညာရှင်တွေမှာလည်းတာဝန်ရှိပါတယ်။ ဒီအချိန်ကရုပ်ရှင် ဇာတ်ကားတွေတော်တော်များများရိုက်နေကြ တဲ့ကာလဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ကလည်း ဗီဒီယိုဇာတ်ကားတွေဘက်ကိုအချိန်ပေးပြီးရိုက်ပါတယ်။ ဗီဒီယိုဈေးကွက် ပြန်ကောင်းလာဖို့အတွက်ရော ဗီဒီယိုချစ်တဲ့ ပရိသတ်တွေအတွက် ဗီဒီယိုဇာတ်ကားတွေရိုက်တဲ့အခါ အတတ်နိုင်ဆုံး အနုပညာ ကြေးတွေလျှော့ယူရိုက်ပါတယ်။ အနုပညာ ကြေးလျှော့တယ်ဆိုတာကလည်း ဗီဒီယိုဈေးကွက်က ဥပမာ-အရင်ကဆိုသိန်း နှစ်ရာပြန်ရှာလို့ရပေမယ့် အခုဗီဒီယိုဈေးကွက်က သိန်းတစ်ရာကို မနည်းပြန်ရှာနေရတာမျိုးဆိုတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လျှော့ယူတဲ့သဘောပါ။ ပြီးတော့ဗီဒီယို ဇာတ်ကားတွေပြန်လည်ထွန်းကားလာဖို့အတွက်ပေါ့။ ဒီလို အနုပညာကြေးလျှော့ယူတယ်ဆိုတာ ကျွန်တော်တစ်ယောက် တည်းမဟုတ်ပါဘူး။ အနုပညာရှင်တော်တော်များများ ဗီဒီယို ရိုက်တဲ့အခါ လျှော့ယူကြတာများပါတယ်။ ဘာလို့လဲဆိုကျွန် တော့်ပရိသတ်တွေက ဗီဒီယိုကြည့်တဲ့ ပရိသတ်တွေက သက် သက်ဆီရှိနေတယ်။ ရုပ်ရှင်မရှိတဲ့နယ်ဒေသတွေမှာ ရုပ်ရှင်ရုံ ရှိနေပေမယ့်ရုပ်ရှင်ရုံဆီကိုလာကြည့်ဖို့အထိ အချိန်မပေးနိုင်တဲ့ ပရိသတ်တွေအများကြီးရှိပါတယ်။ နယ်တွေမပြောနဲ့ရန်ကုန် မြို့ကရပ်ကွက်တွေမှာတောင် ရုပ်ရှင်ရုံအထိလာကြည့်ဖို့ အချိန် မပေးနိုင်တဲ့သူတွေရှိပါတယ်။ ရုံတင်သမျှ ရုပ်ရှင်ဇာတ်ကား တိုင်းကိုလာကြည့်ဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ တစ်နေ့တာအပန်းဖြေဖို့အတွက် အိမ်မှာအေးဆေးကြည့်လို့ရတဲ့ ဗီဒီယိုဇာတ်ကားတွေပဲရှိတာကိုး။ ဒီတော့ပရိသတ်တွေက ဗီဒီယို ဇာတ်ကားကောင်းကောင်းလေးတွေမျှော်လင့်ကြပါတယ်။ ဗီဒီယိုပရိသတ်ကတော့ရှိနေပါတယ်။ ဗီဒီယိုဈေးကွက် ကျဆင်းရတဲ့အဓိကအကြောင်းကတော့ဗီဒီယိုဇာတ်ကားတွေကိုဖြန့်ချိတဲ့စနစ်က မှားနေတာကြောင့်ပါ။ကျွန်တော်တို့အနုပညာရှင်တွေလည်း ဗီဒီယိုဇာတ်ဖြန့်ချိရေးစနစ်သစ်ပေါ်လာအောင် ကြိုးစားနေကြသလို ဗီဒီယိုဇာတ်ကား တွေအရင်လို စည်စည်ကားကားလေးပြန်ထွန်းကားလာအောင် အနုပညာရှင်တွေအပါအ၀င် အားလုံးက၀ိုင်းဝန်းကြိုးစားနေကြပါတယ်လို့ ပြောချင်ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment