ဖက်ရှင်ဆိုတာ
ဘယ်နေရာရောက်ရောက် ကိုယ်တိုင်လည်းသက်သောင့်သက်သာဖြစ်နေစေဖို့
လှပကျော့ရှင်းနေဖို့မဟုတ်ပါလား။
အခုမိုးရာသီမှာမိုးရေစိုစွတ်ပြီး ရွံ့နွံတွေကြောင့် ကိုယ်ဝတ်ဆင်တဲ့ ဖက်ရှင်တွေ ကွယ်ပျောက်သွားစရာမလိုပါဘူး။
အဲဒီတော့ မိုးရေစိုစွတ်နေတဲ့ မိုးရာသီမှာ ဘယ်လိုဝတ် စားကြမလဲ…
ဦးထုပ်
ဦးထုပ်က စတိုင်ကျနေစေမယ့်
ဖက်ရှင်ပစ္စည်းတစ်ခုပါ။ မိုးရာသီ ဆိုလို့အမြဲတမ်းမိုးရွာနေမှာမှမဟုတ်တာ။ နေလည်းပူမှာပဲလေ။
နေရောင်ဒဏ်ကာကွယ်ဖို့ မလိုတော့ဘူးလား။
ခပ်ပွပွဝတ်စုံ
မိုးရေစိုစို
အ၀တ်အစား ကျပ်ကျပ်တွေကြားထဲမှာ နေရပါများလာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလာပါတယ်။
အဲဒီတော့ စိတ်ကိုသက်သောင့်သက်သာဖြစ်နေစေမယ့် ခပ်ပွပွဝတ်စုံမျိုးလည်းလိုအပ်လာပါတယ်။
အရောင်
မိုးရာသီက
မှုန်မှုန်မှိုင်းမှိုင်းအရောင်တွေ အများဆုံးအချိန်ပါ။ အဲဒီတော့ စိတ်တွေပါ မှုန်မှိုင်းလာရပါတယ်။
အကောင်းဆုံးက စိတ်တက်ြွကလန်းဆန်းနေတဲ့ အရောင်လေးတွေ ရွေးချယ်ဝတ်ဆင်ပေးပါ။
ဂျင်းဝတ်စုံ
ဂျင်းကတော့
နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီရောက်ရောက် လှပနေစေပါလိမ့်မယ်။ မိုးရေစက်တွေကြားမှာ
ဂျင်းအပြာရောင်ဝတ်စုံက
မိန်းကလေးတစ်ယောက်ရဲ့အလှကို ထင်ရှားပေါ်လွင်နေစေပါလိမ့်မယ်။
ဒေါက်ဖိနပ်
အပြင်သွားတဲ့အခါ
ဒေါက်ဖိနပ်လေးဝတ်ဆင်တာကလည်း လူကိုလှပကျော့ရှင်းနေစေပါလိမ့်မယ်။ အမြင့်ဆုံးဒေါက်ဖိနပ်ရွေးစရာမလိုပါဘူး။
ဒါပေမဲ့မိုးရေစိုတဲ့အခါ ခြေထောက်မနံစေဖို့ ထိပ်ပွင့်ဖိနပ်မျိုးသာ
ရွေးချယ်ဝတ်ဆင်ပါ။
ဆိုဒ်ကြီးနေကာမျက်မှန်
ကိုယ်ဝတ်ဆင်ထားတဲ့
ဝတ်စုံဘယ်လိုဖြစ်နေပါစေ။
စတိုင်ကျသွားစေမှာကတော့
နေကာမျက်မှန်ပါ။
ဆိုဒ်ခပ်ကြီးကြီးနေကာ
မျက်မှန်တစ်လက်က၀တ်ဆင်သူကို ပိုပြီးထင်ရှားပေါ်လွင်သွားစေပါလိမ့်မယ်။
အဖြူရောင်ဝတ်စုံ
ရွံ့ဗွက်ထူတဲ့မိုးရာသီမှာ
အဖြူရောင်ရွေးချယ်ရင် ရူးကြောင်ကြောင် နိုင်ကောင်းနိုင်နေပါလိမ့်မယ်။ ဒါပေမဲ့ မိုးရေစက်တွေကြားထဲမှာ
အဖြူရောင်က မိန်းကလေးတစ်ယောက်ရဲ့အလှကို ထင်ရှားပေါ်လွင်နေစေမှာပါ။
အနီရောင်နှုတ်ခမ်းနီ
ဘယ်ဝတ်စုံအတွက်မဆို
အသင့်တော်ဆုံးကတော့ အနီရောင်နှုတ်ခမ်းနီပါ။ အနီရောင်က ၀တ်ဆင်သူကို ကိုယ့်ကိုယ်ကိုယ်ပိုပြီးယုံကြည်မှုရှိသွားစေပါလိမ့်မယ်။
Crystal
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment