ရုပ်ရှင်မင်းသမီး
ဆန်ဒရာဘူးလော့(ခ်)ဟာ သူမကိုချောင်းမြောင်း နှောင့်ယှက်တဲ့လူအတွက်တားဝရမ်းတစ်စောင်ထပ်မံထုတ်ယူလိုက်ပြီဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ဂျော်ရွှာကောဘက်ဆိုသူဟာ ဆန်ဒရာ့အိမ်ထဲခိုးဝင်မှုကြောင့်ပြီးခဲ့တဲ့လကခြေချုပ်ငါးနှစ်ဖြင့်
နေထိုင်ဖို့ ယာယီတားဝရမ်းကိုတရားရုံးက ထုတ်ပေးခဲ့ပါတယ်။ ၂၀၁၄ ဇွန်လကဆန်ဒရာဟာနံနက်ဝေလီဝေလင်း
မှာသူမအိမ်ထဲရောက်နေတဲ့ ဂျော်ရွှာ့ကိုတွေ့တော့ သူမအိပ်ခန်းထဲက ကြောင်အိမ်ထဲဝင်ပုန်းနေခဲ့ရပါတယ်။
ရဲတွေက ဂျော်ရွှာကိုဖမ်းပြီးတော့ ၅၃နှစ်ရှိ ဆန်ဒရာ့ကို ဗလက္ကာယ ပြုကျင့်ဖို့အကြံအစည်တွေရေးထားတဲ့
၎င်းရဲ့မှတ်စုစာအုပ်လေးကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီစာအုပ်လေးထဲမှာ ဂျော်ရွှာဟာဆန်ဒရာ့ကို
မကြားဝံ့မနာတဲ့နည်းမျိုးစုံနဲ့စော်ကားဖို့ကြံစည်ထားပုံတွေ စာမျက်နှာများစွာမှာ ရေးခြစ်ထားကြောင်း
ရဲတွေကတွေ့ရှိရပါတယ်။ ၄င်းရဲ့အိမ်ထဲမှာ စက်သေနတ်၊ မောင်းပြန်ရိုင်ဖယ်နဲ့ဖောက်ခွဲရေးလက်နက်တွေအပါအ၀င်
လိုင်စင်မဲ့လက်နက် (၂၄)လက်ရှာတွေ့ခဲ့ပါသေးသတဲ့။ ၄င်းဟာစိတ်ကြွ-စိတ်ကျနဲ့ စိတ်ကစဥ့်ကလျားဝေဒနာတွေ
စွဲကပ်နေသူဖြစ်တယ်လို့လည်း LAPD (လော့(စ်)အိန်ဂျလိ(စ်))ရဲတပ်ဖွဲ့က အစီရင်ခံထားပါတယ်။
---ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment