အမာရွတ်ကြောင့်အလှပျက်တယ်လား
ဒါဆိုရင် ဒီလိုလုပ်ပါ
အမာရွတ်ဆိုတာ
ယောက်ျား မိန်းမအရွယ်မရွေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ အထူးသဖြင့် လက်သည်းနဲ့ထိခိုက်မိမယ်၊
ဝက်ခြံကြောင့်ဖြစ်တဲ့ဒဏ်ရာအမာရွတ်စသည်ဖြင့်ပေါ့။ အမာရွတ်ဆိုတာ အရေပြားရဲ့အပေါ်ယံပထမအလွှာကို
ထိခိုက်ပျက်စီးစေမိတဲ့အခါ အဲဒီနေရာကို အစားထိုးလိုက်တဲ့ တစ်သျှူးစဖြစ်ပါတယ်။ မီးပူလောင်လို့ဖြစ်စေ၊
ခြင်တို့လို အင်းဆက် ပိုးမွှားများကိုက်လို့ဖြစ်စေ အ ကြောင်းပြချက် အမျိုးမျိုးကြောင့်
ဖြစ်ပေါ်တတ်ပါတယ်။ အမာရွတ် တစ်သျှူးက ကျန်းမာတဲ့အရေပြားလိုပဲ ဆင်တူတစ်သျှူးမျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်သျှူးတွေထဲက အမျှင်တွေက တခြားအရာများနဲ့ မတူဘဲ ကွဲပြားစွာတည်ရှိနေပါတယ်။
ဒီတစ်သျှူးက နာကျင်မှု တော့ မခံစားရပါဘူး။ ဒါပေမဲ့ မျက်နှာပြင်နဲ့ ခန္ဓာကိုယ်ကို ချောမွေ့နေစေချင်သူတွေအနေနဲ့ကတော့
ပြဿနာတစ်ခုဖြစ်လာပါတော့တယ်။ အဲဒီတော့ အမာရွတ်တွေကို သဘာဝကျကျ ဘယ်လိုဖယ်ရှားကြမလဲ လေ့လာကြည့်ရအောင်
အုန်းဆီ
အုန်းဆီမှာ
လူကိုအိုမင်းရင့်ရော်စေတဲ့ Free Radical တွေကို ကာကွယ်ပေးပြီး နုပျိုစေတဲ့ အင်တီအောက်
ဆီဒင့်တွေ ပါဝင်ပါတယ်။ အဲဒီအဆီက အရေပြားကျုံ့နိုင်ဆန့်နိုင်အားကို ထောက်ပံ့ပေးတဲ့
ကိုလာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ဒီအမာရွတ်ကုသမှုလုပ်ငန်းစဉ်ကို တိုးမြှင့်ပေးဖို့အတွက်
အရေပြားကို နူးညံ့သွားစေပါတယ်။
Microwave
ထဲမှာ အုန်းဆီ သန့်သန့် (၁)ဇွန်းလောက်ကို နွေးသွားအောင် အပူပေးလိုက်ပါ။
အဲဒီဆီနွေးနွေးလေးကို
အမာရွတ်ဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ စက်ဝိုင်းပုံသဏ္ဍာန် ငြင်သာစွာ ပွတ်ပေးပါ။ အသားထဲစိမ့်ဝင်သွား
အောင် ငြင်သာစွာပွတ်ပေးပါ။
နေ့စဉ် အားရင်အားသလို
ပွတ် ပေးပါ။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကတော့
ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုအသားအရေဖြစ်ဖြစ် အသုံးဝင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။ အဲဒါက
အ ရေပြားတစ်သျှူးတွေကို ပုံမှန်လည်ပတ်စေပြီး အမာရွတ်များရဲ့ အသွင်အပြင်၊ အရွယ်အစားကို
မှေးမှိန် ပျောက်ကွယ်စေပါတယ်။ အဲဒါရဲ့ အစိုဓာတ်ဖြည့်ဆည်းပေးနိုင်စွမ်းနဲ့ ဝေဒနာသက်သာစေနိုင်စွမ်းတို့က
အမာရွတ်တစ်သျှူးတွေရဲ့ ကျုံ့နိုင် ဆန့်နိုင်အားကို တိုးပွားစေပြီး ရောင် ရမ်းခြင်းကို
လျှော့ချပေးပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်ကို
ထုတ်ယူပါ။
အဲဒီအနှစ်ကို
အမာရွတ်အပေါ် မိနစ်အနည်းငယ်ခန့် လိမ်းပေးပါ။
ခြောက်သွေ့သွားရင်
ရေနွေး နွေးလေးနဲ့ဆေးချပါ။
နေ့စဉ် ပုံမှန်လုပ်သွားပေးပါ။
ဗီတာမင်အီး
ဗီတာမင်အီးကလည်း
အမာရွတ်တစ်သျှူးတွေကို ပျောက်ကင်း စေတဲ့ဆေးဝါးတစ်လက်ဖြစ်တယ်။ အဲဒါမှာ ပါဝင်တဲ့အင်ဒီအောက်ဆီဒင့်
နဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ဂုဏ် သတ္တိတွေက အရေပြားကို ပြန်လည်ရှင်သန် လာစေပြီး အားဖြည့်ပေးပါတယ်။
အရေပြားရဲ့အရည်အသွေ နဲ့ကြံ့ခိုင်နိုင်မှုကို တိုးပွားစေဖို့ ထောက်ပံ့ပေးတဲ့ ကိုလာဂျင်ကိုလည်း
တိုးပွားစေပါတယ်။
ဗီတာမင်အီးခရင်မ်
ဒါမှမဟုတ် ဗီတာမင်အီးအတောင့်ကို အမာ ရွတ်ဒဏ်ရာပေါ်မှာ တစ်နေ့(၂) ကြိမ်၊ (၃)ကြိမ်ခန့်
လိမ်းပေးပါ။
ဗီတာမင်အီးကြွယ်ဝတဲ့
ဗန်ဒါစေ့၊ မြေပဲထောပတ်တို့လို အစားအစာ မျိုးးများများစားပေးပါ။
သံပုရာအရည်
သံပုရာအရည်ကလည်း
အ မာရွတ်တွေကို ဖယ်ရှားပေးရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါ တယ်။ သံပုရာမှာ Alpha
Hydroxide Acid (AHA) ပါဝင်ပြီး အဲဒါက အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ပျက်စီးနေတဲ့အရေပြားတွေကို
ကုသရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် သံပုရာရည်ကို အရေပြားကြေးချွတ် ပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးအဖြစ်လည်း
အသုံးပြုနိုင်ပါတယ်။
အမာရွတ်ဖြစ်တဲ့နေရာတစ်ဝိုက်မှာ
အဲဒီသံပုရာရည်ကိုလိမ်းပေးပါ။
(၁၀)မိနစ်လောက်
ခြောက်သွေ့အောင်ထားပြီး ရေနဲ့ ဆေးလိုက်ပါ။
အစိုဓာတ်ထိန်းခရင်မ်
လိမ်းပေးပါ။
အမာရွတ်ပျောက်ကင်းတဲ့အထိ
တစ်နေ့(၂)ကြိမ် အသုံးပြုပေးနိုင်ပါတယ်။
လာဗင်ဒါအဆီ
လာဗင်ဒါအဆီမှာ
အရေ ပြားဆဲလ်တွေကို နုပျိုစေတဲ့ ဂုဏ်သတ္တိပါဝင်ပြီး အဲဒါကအမာရွတ်တစ်သျှူးတွေ ကုသရာမှာ ကူညီပေးပါတယ်။
လာဗင်ဒါအဆီကို
အမာရွတ်ပေါ်အနည်းငယ် သုတ်လိမ်းပေးပါ။ (၁၀-၁၅) မိနစ်ခန့် စက်ဝိုင်းပုံ သဏ္ဍာန်ပွတ်ပေးပါ။
အသားထဲစိမ့်ဝင်သွားအောင် ပွတ်ပေးပါ။
လာဗင်ဒါအဆီကို
သံလွင်ဆီနဲ့ ဆတူရောစပ်ပြီး အထက်ပါနည်းလမ်းအတိုင်း ပွတ်ပေးနိုင်ပါတယ်။
ပျားရည်
သဘာဝအစိုဓာတ်
ဖြည့်ဆည်းပေးနိုင်တဲ့ အဆီတစ်ခုဖြစ်တဲ့ ပျားရည်ကိုလည်း အမာရွတ်တွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။
ပျားရည်က အမာရွတ်ဖြစ်ပြီးသွားရင် ဖြစ်တတ်လေ့ရှိတဲ့ အသားပိုဘု ဖြစ်တာကို ကာကွယ်ပေးပြီး
အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။
ပျားရည်ကို
အမာရွတ်ဖြစ်တဲ့ နေရာတစ်ဝိုက်မှာ အသားထဲစိမ့်ဝင်အောင် လိမ်းထားပေးပါ။ (၃၀)မိနစ် (၁)နာရီ
လောက်ကြာမှ ရေဖြင့် ဆေးချလိုက်ပါ။ တစ်နေ့နှစ်ကြိမ် ပုံမှန်လုပ်ပေးသွားနိုင်ပါတယ်။
နောက်ထပ်
ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါကိုရောစပ်ပြီး အမာရွတ်ပေါ်လိမ်းပေးထားပါ။ အပေါ်ကနေ နွေးနေတဲ့
အ၀တ်သန့်သန့်တစ်ထည် ဖုံးပေးထားပါ။ အဲဒီအ၀တ်အေးသွားတဲ့အခါမှ အ၀တ်ကိုဖယ်လိုက်ပါ။ အဲဒါကိုလည်း
တစ်နေ့ (၃-၄)ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။
နောက်ထပ်သိမှတ်ဖွယ်ရာနည်း
လမ်းလေးတွေအနေနဲ့ကတော့-
Aspirin နှစ်ပြားကိုချေပြီး
ရေ အနည်းငယ်ရောစပ်ကာ အဲဒီအမာရွတ်ဒဏ်ရာပေ:မှာ တစ်နေ့(၂)ကြိမ် နေ့စဉ် လိမ်းပေးထားနိုင်ပါတယ်။
အဖြူရောင်သွားတိုက်ဆေးကိုလည်း
အမာရွတ်ကိုကုသဖို့ အသုံးပြုပေးနိုင်ပါတယ်။
ဗီတာမင်စီ
ဖြည့်စွက်အာဟာ ဆေးသောက်သုံးပေးခြင်းကလည်း အမာရွတ်ကိုကုသရာမှာ အထောက် အကူဖြစ်စေပါတယ်။
ဘီတာကယ်ရိုတင်း၊
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးပါ။
ရေဓာတ်မခန်းခြောက်စေဖို့အတွက်
နေ့စဉ် ပုံမှန်ရေများများ သောက်သုံးပေးပါ။
ချွတ်ထက်တဲ့
လက်သည်း၊ ခြေ သည်း၊ ချွန်ထက်တဲ့ အရာဝတ္ထုများနဲ့အမာရွတ်များကို ထိုးဆွခြင်းရှောင်ပါ။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment