ရှေ့အပတ်မှအဆက်…..
ဖြစ်ဆန်းသွားတာက ရှေ့ဆုံးက ထိုင်နေတဲ့၂ယောက်ရုပ်ပျက်ဆင်းပျက်
မသေပြင်းထန်စွာ ဒဏ်ရာသာ ရသွားပါတယ်။ ဒရိုင်ဘာသေတာ နည်းနည်းနောက်ကျပါတယ်။ ကိုယ်ရံတော်တစ်ယောက်ပဲ
အသက်ရှင် ကျန်ခဲ့ပါတယ်။
ဘာကိုပြောချင်တာလဲဆိုတော့ ၁၉၉၇ ခုနှစ်မတိုင်ခင်ကတည်းက
ထိုင်ခုံသက်ကယ်ခါးပတ်ရယ် SRS Air-Bag တွေကိုကားတော်တော်
များများမှာတပ်ဆင်ပေးနေကြပါပြီ။ နည်းနည်းပြောစရာရှိတာက SRSAir-Bagကိုတော့ ရှေ့မှာထိုင်မယ့်သူအတွက်သာ
ဦးစားပေးထားခဲ့ပါတယ်။ နောက်ခုံမှာထိုင်သူအတွက် Air-Bag ဘေးကန့်လန့်ကာ Air-Bag များကိုတော့
ပေါပေါလောလော မတပ်ဆင်ပေးသေးပါဘူး။ ဒါပေမဲ့ ထိုင်ခုံသက်ကယ် ခါးပတ်ကတော့ ရှေ့ခုံအတွက်ရော
နောက်ခုံအတွက်ရော မပါမဖြစ်ပါလာခဲ့ကြပါတယ်။
ဒီတော့ တော်ဝင်မင်းသမီး ဒိုင်ယာနာလည်း
ဒီလောက်တော့ ဘယ်ညံ့ပါ့မလဲ ကားစီးတိုင်း အမြဲပတ်ပါ တယ်။ ခုဖြစ်စဉ်မှာကတော့ မပတ်ဖြစ်တာ
ဒီတစ်ခါတည်းပါ ဆိုသလိုပါပဲ ကံဆိုးလိုက်တာဗျာ။ မပတ်ဖြစ်တဲ့ အကြောင်းလေး ပြောပြရမယ်ဆိုရင်
သူ့အကြောင်းနဲ့သူ တကယ်ဆို အချစ်ပဲလိုတာဆိုတဲ့ တေးသီးချင်းလေး ကိုသရုပ်ဖော်နေတာကို သတင်းမုဆိုးများသိသွားတော့
သွားလေရာကိုတကောက် ကောက်လိုက်နေပါ တော့တယ်။
ဒိုင်ယာနာရဲ့ယောက်ျားလေး
မိတ်ဆွေဆိုသူကလည်း အန်ကယ့်အပြောနဲ့ပြောရရင် ခေသူမဟုတ်။ အီဂျစ်က လုပ်ငန်းရှင် သူဌေးကြီးသားတစ်ဦးပါ။
သူဌေးသားများဆိုတာ အဖေသူဌေးထက် အရာရာပိုချမ်းသာတယ် ဆိုတော့ မစွန်းခင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိဆိုတော့
တွဲပြီပေါ့။ သာမန်လူတွေတွဲတာ ဘာအရေးလဲ သူတို့လိုလူမျိုးတွဲ ခုတ်နေကြတော့ဟိုးလေးတကျော်
ဖြစ်ရတော့တယ်။
သတင်းထူး သတင်းဦးဖြစ်အောင် သူ့ထက်ငါသတင်းမုဆိုး
လိုက်ကြတယ်။ ဒိုဒီနဲ့ဒိုင်ယာနာ အတွဲ ကလည်း ခေသူမဟုတ်ဆိုတော့ သူတို့တည်းနေတဲ့ ဟိုတယ်ကနေ
လူမသိအောင် ညသန်းကောင်ယံကျော် နေ့ကူးချိန်လေးမှာ တိတ်တိတ်လေးခိုးပြန်ထွက်ကြတယ်။ အဲ့ဘူး၁၀၀ကိုပိတ်လို့
ရပေမယ့် ပါးစပ်တစ်ပေါက်ကို ပိတ်မရဆိုတာ လူတိုင်းအသိဆိုတော့ ဒီလိုခိုးကြောင်ခိုးဝှက်ပြန်ထွက်လည်း
သတင်းမုဆိုးတို့ သိကုန်ကြတော့ သူတို့စီးထွက်တဲ့ ကားနောက်နဲ့ ရှေ့ဘေးကနေအနီးကပ်လိုက်ပြီး
သေချာအောင်ဓာတ်ပုံရိုက်ဖို့ကြိုးစား ကြတယ်။ သြော်လူတွေ လူတွေ ကိုယ့်ဖို့ပဲကိုယ်သိတဲ့လူတွေ
ဆိုးချက်ကတော့ သူတို့အတွဲ နောက်က ကား အနက်တစ်စီးဘေးက ဖိယက်ကားဖြူတစ်စီး ရှေ့ကဆိုင်ကယ်တစ်စီးနဲ့
ညှပ်ပူးညှပ်ပိတ်လိုက်ကြတယ်။
အဆိုးဆုံးကရှေ့ကဆိုင်ကယ်ကနေ လင်းအားပြင်းဖလက်ရှ်မီးနဲ့
ဓာတ်ပုံတွေရိုက်လိုက်တယ်။ အဲဒီမှာ ဒိုဒီကားဒရိုင်ဘာ မျက်လုံးခဏပြာသွားတယ်။ ကန်းသွားတယ်ဆိုပါတော့
ဒါနဲ့ပဲလမ်းကြောင်း ပြောင်းသွားပြီး ပြင်းထန်စွာ ကားတိုက်မိပါတော့တယ်။ သတင်းမုဆိုးများနဲ့
မြန်မြန်လွတ်အောင်ကားကို အရှိန်မြှင့်မောင်း လိုက်တာ သေချာတယ်။
ဒိုင်ယာနာတို့ကလည်းမထင်မှတ်ဘဲ သတင်းသမားတွေကို
ဘွားကနဲတွေ့လိုက်ရလို့ သူတို့ကိုရှောင် လွှဲနိုင်ဖို့အရေး မျက်နှာမမြင်ရနိုင်အောင် ခေါင်းတွေကိုငုံ့ရှောင်ဖို့ကိုပဲ
အလေးထားလိုက်ရလို့ခါးပတ်ပတ်ဖို့ ကိုသတိမရဦးစားမပေးလိုက်ရသလို ဖြစ်သွားရပါတယ်။
ကံဆိုးသွားတယ်ဆိုပါတော့
ကားဒရိုင်ဘာကလည်း အမြန်မောင်းပြီးထွက်ပြေးတာ သူ့တာဝန်သူလုပ်လိုက်တယ် ပဲပြောလို့ရပေမယ့်
နောက်ပိုင်း ဆေးစစ်ချက်အရ သောက်ထားတယ်လို့ အဖြေထွက်တယ်။ မူးရင် မမောင်းနဲ့ မောင်းရင်မမူးနဲ့
ဆိုတာကို ငြင်းမရဖြစ်ရပြန်တယ်။ သက်ကယ်လေအိတ်တွေလည်း ပွင့်ပါတယ်။ ကျွမ်းကျင်သူများက
ကားကိုအသေးစိတ် ပြန်စစ်လိုက်တော့ နောက်ဆုံး အဖြေထုတ်လိုက်တာ ကတော့ နောက်ထိုင်ခုံမှာထိုင်လာတဲ့
သူတွေခါးပတ်မပတ်လို့ပါတဲ့ သူတို့သာခါးပတ်ပတ်ထားခဲ့ရင် ဒီဖြစ်စဉ်က အကြောင်းအရာ ခေါင်းစဉ်ပြောင်းသွားတော့မှာပါ။
ဒါကြောင့်မို့ လွန်ခဲ့သောနှစ် ၂၀ ကအဖြစ်အပျက်လေးက
မဟောင်းသေးပါ။ လွန်ခဲ့သော၃-၄-၅-နှစ် အတွင်းမြန်မာပြည်မှာ ခေတ်မီ ကားလေးများ SUV ကားလေးများ
Off-Road ကားလေးများ ပေါများ စွာသုံးစွဲလာကြပါသည်။ တစ်နာရီ ကီလိုမီတာ ၁၀၀ အသာလေး မောင်းလို့ရတဲ့
ကားများဖြစ်ကြပါသည်။ ဒီလိုအရှိန်မျိုးနဲ့ မောင်းလို့ရတဲ့ ရန် ကုန်-နေပြည်တော်-မန္တလေးဆိုတဲ့
အမြန်လမ်းကြီးလည်းပေါ်ပေါက် လာနေပြီ ဘယ်လိုပဲအသိပညာပေးပေး ခါးပတ်ပတ်မောင်းဖို့ ၀န်လေးနေကြပါသေးသည်
မဖြစ်နိုင်ပါဘူးဗျာဆိုပြီး ဈေးဆစ်နေကြပါသေးသည်။ ဒိုင်ယာနာတို့အတွဲလို ပိုးစိုးပက်စက်သေကြရနေပြီ။
ခုဆိုလျှင် အမြန်လမ်းကြီးမှာ လူစားနှုန်းများနေပြန်ပြီ။ ရာသီဥတုပျက်ယွင်းလို့ မီးလောင်ရတာနဲ့
ကားတာယာနဲ့ လမ်းကီးမကိုက်လို့ ကွဲပြဲရတာနဲ့ လမ်းမကျွမ်း ကားမကျွမ်းလို့ တိုက်ကြရတာနဲ့
ဖြစ်စဉ်များခပ်စိတ်စိတ် ဖြစ်လာကြပြန်သည်။
မိမိကိုယ်မိမိတန်ဖိုးထားကြပါ။ မိမိကားပေါ်မှာတစ်ယောက်မက
စီးလာလို့ မိမိတစ်ယောက်တည်းမက ဖြစ်လာမည်ကိုလည်း ကြိုတွေးထားလိုက်ပါ။ အထူးသဖြင့် ထပ်မံသတိပေး
လိုက်ချင်တာကတော့ နောက်လူများ ကလည်း ထိုင်ခုံခါးပတ်ပတ်ကြပါ။ နောက်လူများ ထိုင်ခုံခါးပတ်မပတ်ဖြစ်တာက
ထိုင်ခုံအပြည့်မက လူထိုင်လာမိလို့ရယ် ပတ်လေ့ပတ်ထမရှိလို့သက်သောင့် သက်သာမရှိဘူးထင်လို့ရယ်။
ထိုင်ခုံအစွပ်တွေနဲ့ အလှဆင်ထားလို့ ခါးပတ်ခေါင်းတွေ ခါးပတ်တွေ ပျောက်နေတာလည်းပါပါတယ်။
လူ့ဘ၀ဆိုတာရခဲ၏။ မိုးပေါ်ကအပ်တစ်စင်းနဲ့
မြေကြီးပေါ်က အပ်တစ်စင်းထိတာကမှလွယ်မယ် လူ့ဘ၀ကိုရဖို့မလွယ်ဆိုပြီး ဘုန်းဘုန်းတို့ကိုယ်တိုင်
ဟောကြားထားပေမယ့် ဘုန်းဘုန်းတို့လည်း ခါးပတ်မပတ် ဒါယိကာမကြီးလည်း ခါးပတ်မပတ် ဒါယကာလေးလည်း
ခါးပတ်မပတ်လို့ စက္ကန့်ပိုင်းလေးအတွင်း လူ့ဘ၀ဇီဝိန် ချုပ်ရမှာကိုတော့ မတန်ပါဘူးဗျာ။
ခုလိုသတင်းနည်းပညာခေတ်ကြီးမှာ အရာရာကို ကြိုသိရက်သားနဲ့ မလိုက် နာတာကတော့ သိရက်နဲ့ကျူးလွန်လိုက်တဲ့
Human Error ဆိုတာကတော့ လွန်လွန်းတယ်ဗျာ။
ကားမိတ်ဆွေများ
ကိုခင်မင်လျက်…..
ကိုသက်
---ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment