Professional
တစ်ခုကနေတစ်ခုကို အပြောင်းမှာစိုးရိမ်စိတ်ဖြစ်မိတယ်။ ကိုယ်မကျွမ်းကျင်တဲ့နယ်ပယ် ဖြစ်တဲ့အတွက်
အရမ်းလည်းကြောက်တယ်။ ဒါပေမဲ့ နန်းရုပ်ရှင်ကလည်း မြန်မာနိုင်ငံကနေ ဟိုဘက်ကို Try တဲ့ရုပ်ရှင်ကားကြီးတစ်ကားပဲရှိသေးတာဆိုတော့ ရုပ်ရှင်ဗွီဒီယိုတို့ကျတော့
မင်းသားတွေပါမယ်။ ပရို ဂျူဆာတွေ လည်းပါမယ်။ နန်းက မကြိုက်တဲ့ Character ဆိုလည်းမရိုက်ချင်ဘူး။
အဆိုပိုင်းမှာကျတော့ အဓိကတော့ နာမည်တစ်လုံးနဲ့ရပ်တည်ချင်တယ်။ အခုချိန်မှာ ကိုယ်တိုင်လည်း
ဘာမှမသိတဲ့ ကလေးတစ်ယောက်လိုခံယူထားတယ်။ အခုကသရုပ်ဆောင်ပိုင်းကိုလည်းရနေတာဖြစ်တဲ့အတွက်
အဆိုပိုင်းကိုလည်းကြိုးစားတာပါ။ အဆိုပိုင်းမှာကျတော့ တစ်ယောက်တည်းရုန်းထွက်နိုင်တယ်။
အဲဒါကြောင့် ကြိုးစားကြည့်မယ်ပေါ့လေ။ ဆရာတွေကလည်း သမီးရဲ့အသံက rapping ပိုင်းဆိုတစ်မူထူးခြားတယ်ပေါ့နော်။
အဲဒီတော့ အသံကိုသေချာ train ယူပါဆိုတော့အဲဒီဘက်ကိုလည်း ကူးပြောင်းလာတာပေါ့နော်။ ဒီမြန်မာနိုင်ငံကပဲဖြစ်ဖြစ်
တခြားနိုင်ငံကပဲဖြစ်ဖြစ် သရုပ်ဆောင် ခေါ်ရင်လည်းလုပ်မှာပါ။ တခြားနိုင်ငံတွေမှာတော့ အများအားဖြင့်
ကိုယ့်လိုင်းကိုယ်သီးခြားနေကြတာပေါ့။ ဒီမှာတော့ ညီမထင်တာအခုချိန်အထိ ဘယ်အရာနဲ့အသက်မွေးဝမ်းကြောင်းပြုရမယ်ဆိုတာမသိသေးတဲ့အတွက်
ဘယ်လိုပေါက်မလဲဆိုတာ ရွေးချယ်လိုက်တာပေါ့နော်။ အခက်အခဲတွေကတော့ အများကြီးရှိတယ်ရှင့်။
အဆိုပိုင်းက ကိုယ်မကျွမ်းကျင်တော့ အောက်ခြေသိမ်းအထိလိုက်လုပ်နေတဲ့အတွက် ဘယ်အရာကိုမှ
မကြောက်ဘူးရှင့်။
မီဒီယာက အနုပညာရှင်တွေအတွက်သာ
မဟုတ်ဘူးပေါ့။ တစ်နိုင်ငံလုံး လူမျိုးတစ်မျိုးလုံးအတွက် မီဒီယာ ကအရေးကြီးပါတယ်။ မီဒီယာတစ်ခုမှားသွားရင်
အားလုံးက ဒီမီဒီယာကိုပဲစောင့်ကြည့်နေကြတာလေ။ အဲဒီတော့ အနုပညာရှင်တွေအတွက်သာမကဘူး။ လူတိုင်းအတွက်အရေးကြီးပါတယ်။
Printed
Media, Broadcasting Media နဲ့ Online Media ဆိုပြီးတော့ ရှိရာမှာ ညီမတို့မြန်မာနိုင်ငံ
Country Side မှာဆိုရင် Broadcasting
Media ပေါ့။ အခုတော့ နယ်ကလူတွေလည်း Facebook ကိုသုံးလာပါပြီ။ အခုချိန်မှာ Popular အဖြစ်ဆုံးကတော့
Facebook ပေါ့နော်။ လူတိုင်းရဲ့လက်ထဲမှာရှိနေပြီ။ Online ကတော့ ပိုပြီးမြန်တာပေါ့။
သတိတစ်ခုထားရမှာကတော့ Online မှာက အရမ်းသတိထားရတယ်။ တချို့သတင်းတွေဆို အမှားတွေလည်းရှိတယ်။
ညီမဆို Shape တို့ Eleven တို့လိုထိုးဖောက်နိုင်တဲ့ Page တွေကိုကြိုက်တယ်။ ကြည့်ဖြစ်တယ်။
တက်လာတဲ့ သတင်းတိုင်းကိုအတည်မယူဘူး။ Broadcasting ကျတော့ အစိုးရရော ဌာနတွေရော ထိန်းချုပ်ထားတဲ့အတွက်
တော်တော်များများကတော့ အမှန်ပဲပေါ့နော်။ အခုနောက်ပိုင်း Journal လိုမျိုးကျတော့ အားနည်းသွားလိမ့်မယ်လို့နန်းမြင်မိတယ်။
ဘာလို့လဲဆိုတော့ အားလုံးက အခုဆို ဂျာနယ်သိပ်မဖတ် ကြတော့ဘူးလေ။ Facebook မှာတန်းပြီးသိနေပြီဆိုတော့
တော်ရုံတန်ရုံဂျာနယ်ဆို သိပ်ပြီးမဖတ်ဖြစ်တော့ဘူး။ တရုတ်ပြည်လိုနေရာမျိုးကျတော့ အွန်လိုင်းကိုလုံးဝပိတ်ထားတာဖြစ်တဲ့အတွက်
အဲဒီလိုနေရာမျိုးမှာဆိုရင် Broadcasting နဲ့
Printed ကပိုပြီး အားသာမယ်ထင်မိတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment