ဝတာ ပိန်တာ ရှက်စရာမဟုတ်




အခုခေတ်က ပိန်တော့လည်း ပိန်ပြန်လို့ ၀တော့လည်း ၀ပြန်လို့။ ကိုယ့်ဘာသာဘယ်လိုနေနေ Body Shaming ကိုလိုက်လုပ်နေကြတယ်။ Body Shaming အလုပ်ခံရဆုံးဆိုရင် Social Media တွေပေါ်မှာလို့ပြောလို့ရတယ်။ ကိုယ်ဘာပုံတင်တင် မျက်လုံးဒေါက်ထောက်ပြီး ဟာသလိုက်နှောနေတာနဲ့။ သူများတင်ထားတဲ့ Post မှာ ကိုယ်နဲ့လည်းမဆိုင် ၀င်ယောင်လိုက်တာနဲ့။ စိတ်ပျော့သူစိတ်မခိုင်သူအတွက်ကတော့ ဒါ စိတ်ဓာတ်ကျစရာပါ။ ဒီတော့ ပိန်တယ်၊ ၀တယ်ဆိုတဲ့ Body Shaming တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ။

ဂရုစိုက်ပါ
ကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်နဲ့ အသွင်အပြင် ပိုင်ဆိုင်ထားတယ်မဟုတ်ပါလား။ အဲဒီတော့ တခြားလူဘာပြောပြော ဂရုမစိုက်ပါနဲ့။ ကိုယ့်ကိုပေါင်းချင်ပေါင်း မပေါင်းချင်ခွာ သဘောမျိုးသာဆက်ဆံပေးလိုက်ပါ။
မင်းဦးနှောက်လိုနေပြီ
ခန္ဓာကိုယ်အရွယ်အစားဆိုတာရွေးချယ်မှုတစ်ခုပါ။ ၀ချင်လား ပိန်ချင်လား။ လို၊ တိုး၊ ပို၊ လျှော့ လုပ်လို့ရတယ်။ သူများကို ဝေဖန်လှောင်ပြောင် သူတစ်ယောက်အတွက်လိုအပ်တာကတော့ ဦးနှောက်နဲ့ စာနာစိတ်ထားပါ။
ပခုံးသာတွန့်ပြလိုက်ပါ
တစ်ခါတလေ အကောင်းဆုံး တုံ့ပြန်မှုကတော့ ပခုံးသာ တစ်ချက်တွန့်ပြပြီး
လှည့်ထွက်လာခဲ့လိုက်ပါ။ ဒီလိုလူမျိုးနဲ့ ခင်ခင်မင်မင် စကားဆက်ပြောစရာ
အကြောင်းမရှိဘူးမဟုတ်ပါလား။
အရွဲ့တိုက်ပြ
တစ်ခါတလေ ဒီလိုလူတွေအတွက် အကောင်းဆုံးကအရွဲ့တိုက်ပြတာပါ။ ကိုယ့်ကို ၀တယ်ပိန်တယ်ဆိုတဲ့စကားအတွက် တုံ့ပြန်ဖို့အကောင်းဆုံးစကားလုံးက sorry ပါ။
အဲဒါ မင်းငါ့ကိုပြောနေတာလားဟင်'ဆိုပြီး မသိချင်ယောင်ဆောင်ပေးလိုက်ပါ။

သူတို့လည်း Perfect ဖြစ်တာမဟုတ်
သူတို့ကိုယ့်ခန္ဓာကိုယ်အရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတယ်လား။ စိတ်ပူခွင့်ပေးလိုက်ပါ။ ကိုယ့်ကို
ပြောဆိုနေတဲ့ သူကလည်း ပြည့်စုံတာမှမဟုတ်တာ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်တဲ့သူတို့ သူများကိုစိတ်ပူပေးနေတာ သနားဖို့မကောင်းဘူးလား။

သူတို့လည်းလိုအပ်တယ်
ခန္ဓာကိုယ်အလှမပြည့်စုံတဲ့သူတို့လည်း သူများကိုရယ်မောလှောင်ပြောင်နေတာ သနားစရာပါ။ သူတို့ရော ပိန်ဖို့ဝဖို့ နည်းလမ်းလိုအပ်နေတယ်မထင်ဘူးလား။

ပြန်ရှင်းပြ
တစ်ခါတလေတော့လည်း ဒီလိုဝေဖန် ဟာသလုပ်နေတဲ့သူတို့ ခေါင်းထဲဘာတွေများ
ရှိနေသလဲလို့ အသည်းအသန်တွေးမိမှာပါ။ တကယ်တော့ ပြဿနာရှိတာက ကိုယ်မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ပါပဲ။ အဲဒီတော့သူတို့ ဒီလို ပြောတာရိုင်းတယ်ဆိုတဲ့အကြောင်း
တခြားလူတွေကလည်း သူတို့ကို တမျိုးမြင်နိုင်တယ်ဆိုတဲ့အကြောင်းပြောပြပါ။ 


 Crystal

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 


Share on Google Plus

0 comments:

Post a Comment