လူတစ်ယောက်နဲ့
ဆက်ဆံရေးတစ်ခု အဆုံးသတ်သွားပြီဆိုရင် ဘယ်သူမဆိုဘ၀အသစ်ပြန်စဖို့ လမ်းစ ရှာဖွေချင်ကြမှာပါ။
ကိုယ့်ဘက်က ပြတ်သားသမျှ နောက်ပြန်လှည့်စရာမရှိတဲ့အခါပေါ့။ သူနဲ့ ပတ်သက်သမျှ အချုပ်အနှောင်တွေအားလုံး
အဆုံးသတ်လိုက်ချင်တယ်…။ ဘ၀သစ်တစ်ခုပြန်စလိုက် ချင်တယ် …။ ဒါကတော့ ကိုယ့်ဘက်က အတွေးတွေလေ။
ဒါပေမဲ့ ကိုယ့်ချစ်သူဟောင်းက ကိုယ်နဲ့ ပတ်သက်ပြီး အခုအချိန် အထိ ထူးထူးဆန်းဆန်းတွေပြုမူနေတုန်းပဲ။
ညမိုးချုပ်သန်းခေါင်ကြီး ဖုန်းတွေဆက်မယ်၊ တစ်နေရာရာမှာ မကြာခဏမြင်တွေ့ရအောင် အကြောင်းတွေဖန်မယ်၊
မျက်လုံးချင်းဆုံ အကြည့်ချင်းဆုံအောင်လုပ်ဦးမယ်…။ ဒါသူ ကိုယ့်အပေါ်မပြတ်သားနိုင်သေးဘူးဆိုတဲ့
သတိပေးချက်တွေပါ။ သေသေချာချာရှင်းရှင်းလင်းလင်း သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ပါဦးနော်…။
စာပို့ဖို့အကြောင်းပြချက်ရှာမယ်…
ပြတ်စဲသွားပြီပဲထားပါတော့။
ဒါပေမဲ့ သူ့ဘက်က အကြောင်း အမျိုးမျိုးရှာပြီး စာပို့တာတွေလုပ်နေတုန်းပဲ။ ဥပမာ နှစ်ယောက်
အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ပြန်တောင်းတာမျိုး၊ စာလေးတွေပြန်ယူတာမျိုး၊ အတူတူပေးထားတဲ့
လက်ဆောင်လေးတွေပြန်တောင်းတာမျိုးပေါ့။ တစ်ကြိမ်တည်းနဲ့မဟုတ်ဘဲ ခဏခဏ အကြောင်းပြချက်ရှာပြီး
စာပို့နေရင်တော့ ဒါစဉ်းစားစရာပါ။
တွေ့ဖို့အကြိမ်ကြိမ်ကြိုးစားမယ်…
ပတ်သွားပေမယ့်
သူ့ကို မကြာခဏ ပတ်ဝန်းကျင်မှာတွေ့ နေရတုန်းပဲ။ ကိုယ်သွားတဲ့နေရာ တွေမှာတွေ့နေရတုန်းပဲ…။
ပထမတုန်းကတော့ တိုက်ဆိုင်မှုပေါ့။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေများလာတဲ့အခါ သံသယ၀င်ချင်စရာမကောင်းဘူးလား။
တွေ့ရင်လည်းဘေးကမခွာ…
အမှတ်မထင်တွေ့ပြီဆိုပါတော့…။
နှုတ်ဆက်တာတောင် မကောင်းတတ်လို့ နှုတ်ဆက်ရမှာ ဒါပေမဲ့ သူ့ ဘက်က နှုတ်ဆက်ရုံတင် မကဘူး။
ကိုယ်သွားတဲ့ နေရာမှန်သမျှ အကြောင်းပြချက်မရှိ တစ်ဖ၀ါးမှမခွာ လိုက်နေမယ်…။ ဒါအနှောင့်အယှက်ပေးတာလည်းဖြစ်ကောင်းဖြစ်မယ်။
သူကိုယ့်ကို စိတ်ထဲရှိနေ သေးလို့ လိုက်နေတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ့်အကြောင်းစောင်းမြောင်းရေးထား
တာလေးတွေ…
Social
Media ခေတ်ဆိုတော့ Facebook ကနေလည်း ခံစားချက်တွေ ရင်ဖွင့်ကြတာပေါ့။ ဒါပေမဲ့ သူရေး ထားတဲ့
Status လေးတွေက ကိုယ့်ကို မထိတထိရေးထားတဲ့ သူ့ခံစားချက်လေးတွေဖြစ်နေတယ်…။ ကိုယ့်ဘက်ကတော့
သူနဲ့ပြတ်စဲသွားပြီးကတည်းက unfriend လုပ်လိုက်တာဖြစ်စေ၊ blocked လုပ်လိုက် တာဖြစ်စေ
လုပ်လိုက်ပြီပေါ့။ ဒါပေမဲ့ သူငယ်ချင်းတွေက ပြောနေကြတုန်းပဲလေ…။
ကိုယ့်မိသားစုနဲ့ဆက်သွယ်နေတုန်းပဲ…
တစ်ခါတလေ
ကိုယ်ကသာ ဖြတ်လိုက်တာ သူဘက်က ကိုယ့်မိသားစုနဲ့ အခုချိန်အထိ အဆက်အသွယ် ရှိနေတုန်းပဲ။
ဒါလည်းစဉ်းစားစရာပါ။ အခုချိန်အထိ သူကိုယ့်အပေါ် ခံစားချက်တွေ မကုန်သေးလို့ စိတ်ထဲ မပြတ်သားနိုင်ဘဲဆက်သွယ်နေသေးတာလားလို့…။
ကိုယ့်အကြောင်း မေးနေဆဲ…
ကိုယ်နဲ့သာ
ပြတ်စဲသွားတာ…။ အခုချိန်အထိ သူငယ်ချင်းတွေက သူကိုယ့် အကြောင်းမေးနေဆဲလို့ ပြောတုန်း…။
ဒါကိုယ့် အပေါ်စိတ်များမကုန်ချင်သေးတာလား။ ကိုယ်နဲ့ပြန်ပြီး အဆက် အသွယ်ပြန် လုပ်ချင်နေတာမျိုးလား…။
အမှတ်တရလေးတွေ ပြန်ပြောနေတုန်း….
ကိုယ့်ဘက်ကသာ
ဘာပြီးရင် ဘာလုပ်မယ် ဘာဖြစ်ရမယ်ဆိုတဲ့ ဘ၀ အစီအစဉ်လေးတွေဆွဲနေတာ။ သူ့ဘက်က ကိုယ်နဲ့သူပထမဆုံးတွေ့ခဲ့ဖူးတဲ့အမှတ်တရလေးတွေ၊
ပျော်စရာကောင်းတဲ့ အမှတ်တ ရလေးတွေအကြောင်း ပြောလို့ကောင်းတုန်း။
Whitney
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment