အသားအရေလှဖို့ ဒါတွေရှောင်ပါ…






ကိုယ့်ရဲ့အကြီးမားဆုံးခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ အရေပြားကကိုယ်ဘယ်လောက်ကျန်းမာတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ၀က်ခြံ၊ တင်းတိတ်တို့လို အရေပြားပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်နေရပြီဆိုရင်တော့ ကိုယ်စားနေတဲ့အစားအသောက်ကို ပြန်သုံးသပ်ကြည့်ဖို့အချိန်ရောက်ပါပြီ။

သကြား
ငယ်ငယ်က သကြားကို မစားရမနေနိုင်အောင်ကြိုက်ခဲ့ရင်တောင်မှ အသားအရေကြည်လင်လှပစေဖို့ သကြားဖြတ်ရမယ့်အချိန်ရောက်ပါပြီ။ သကြားက အသားအရေကိုညစ်နွမ်းစေရုံသာမက ၀က်ခြံထွက်ဖို့ တွန်းအားပေးပါလိမ့်မယ်။

အသား
အသားဆိုတဲ့အထဲမှာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့အသားတွေက ပိုဆိုးပါတယ်။ ဒီလို အသင့်စားထုတ်ပိုးထားတဲ့အသားတွေက ၀က်ခြံထွက်စေရုံသာမက အသားအရေကိုပါ ရောင်ရမ်းစေပါလိမ့်မယ်။

နို့ထွက်ပစ္စည်း
အသားအရေက ကိုယ်မျှော်လင့်ထားသလောက် မတောက်ပရင် တရားခံကနို့ထွက်ပစ္စည်းလို့သာ အောက်မေ့လိုက်ပါ။ ဒီလိုပြောလို့နို့ထွက်ပစ္စည်းစားတာကို ဖြတ်တောက်လိုက်ရမယ်လို့မဆိုလိုပါဘူး။ နို့ထွက်ပစ္စည်းတွေစားတာများရင် ၀က်ခြံထွက်ပြီးအသားအရေ ဆိုးရွားစေလို့ပါ။

ကွေကာအုတ်
ကွေကာအုတ်စားလို့ အာဟာရပြည့်တယ်၊ ကျန်းမာရေးအတွက်ကောင်းလှတယ်ဆိုပေမယ့် သူတို့မှာ ထပ်ပေါင်းထားတဲ့သကြားတွေ ပါဝင်နေပါတယ်။ ပြီးတော့ အဆင်သင့်ပြုပြင်ထားတာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုလည်း မြင့်တက်စေပါတယ်။

ပြုပြင်ထားသောအချို
သကြားနဲ့တူတာက ပြုပြင်ထားတဲ့အချိုဓာတ်မှာ ကယ်လိုရီ မပါကောင်းမပါပေမယ့် ခန္ဓာကိုယ်ထဲ ဓါတုပစ္စည်းတွေ သွင်းနေရသလိုပါပဲ။ ရလဒ်က အသားအရေပါ ညစ်နွမ်းလာတော့တာပေါ့။

ကဖိန်း
ကဖိန်းရဲ့ပြဿနာကတော့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပြီး အရေးအကြောင်းတွေဖြစ်လာစေတာပါ။ အဲဒါကြောင့် အသားအရေလှပဖို့ဆိုရင် ကဖိန်းဓာတ်ကလည်း ရှောင်ရှားရမယ့်အရာတွေထဲက တစ်ခုပါ။

---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment