ခႏၶာကုိယ္သြယ္လ် အဆီကျစေဖို့… Crystal










ခန္ဓာကိုယ်အဆီကျသွယ်လှတယ်ဆိုတာလည်း အထိုင်များလို့ အဆီပိတ်ပြီးဝနေကြတဲ့လူတွေကြားထဲ
ဖက်ရှင်တစ်မျိုးပါ။ တကယ်တော့ လူတိုင်းပါးလျပြီးအဆီကျလှပချင်ကြတာပါ။ အဲဒီလိုဖြစ်အောင်လည်း
ကြိုးစားကြပါတယ်။ ဒါပေမဲ့ နည်းစနစ်လေးတွေတော့ လိုအပ်ခဲ့တာပေါ့။ အဲဒီတော့ သွယ်လျလှပအဆီကျဖို့
ဘယ်လိုကြိုးစားကြမလဲ…။
ရေများများသောက်
ရေက ၀ိတ်ကျပြီး ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ အဓိကပစ္စည်းပါ။ ပြီးတော့ ရေသောက်တာက ဗိုက်ဝပြီးအစာခံစေပါတယ်။ အဲဒါကြောင့်
ဗိုက်ဆာတိုင်း ရေသောက်ပေးပါ။ လေ့ကျင့်ခန်းလုပ် တစ်ပတ်အတွင်း ကိုယ်ရည်စစ်ဖို့ ကြိုးစားနေရင်တော့ အားကစားက ကူညီပါလိမ့်မယ်။ နေ့စဉ် အားကစားသာပုံမှန်လုပ်ပေးပါ။
ပုံမှန်စား
ပိန်ချင်လို့ဆိုပြီး နံနက်စာ၊ နေ့လယ်စာ၊ ညစာကျော်သွားစရာ မလိုပါဘူး။ ဒီလိုလုပ်တဲ့အတွက် ပိုပြီးဆာလောင်စေတဲ့အပြင်များများစားမိသွားစေပါလိမ့်မယ်။
ဟင်းသီးဟင်းရွက်၊အသီးအနှံ
အစာစားပြီးတိုင်း ဆာလောင်နေရင် သစ်သီး၊ ဟင်းရွက်လိုမျိုး
များများစားပေးပါ။ သူတို့မှာပါဝင်တဲ့ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေက ခန္ဓာကိုယ်အလေးချိန်ကျစေပါလိမ့်မယ်။
ဂီတသံစဉ်နားထောင်
လေ့ကျင့်ခန်းလုပ်နေချိန် ဂီတသံစဉ်လေးတွေကလည်း လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီးတက်ကြွစေပါလိမ့်မယ်။
ဆိုဒါနဲ့မသောက်နဲ့
ဆိုဒါ၊ အချိုများတဲ့အရည်တွေက ကယ်လိုရီနဲ့ သကြားဓာတ် များစွာပါဝင်ပါတယ်။
Coke တစ်ဘူးမှာ သကြား ၃၉ ဂရမ်ပါဝင်ပါတယ်။

ပုံမှန်အိပ်
အိပ်စက်ခြင်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို ပုံမှန်လည်ပတ်စေပြီး စိတ်ဖိစီးမှုလျှော့ချပေးတဲ့အတွက်
စိတ်အလိုလိုက်အစာစားခြင်းကင်းစေပါလိမ့်မယ်။
ဈေးဝယ်ထွက်ရင်
ဈေးဝယ်ထွက်တိုင်း ဘာမှမစားဘဲ အပြင်မထွက်ပါနဲ့။ တစ်ခုခုစားပြီးမှ အပြင်ထွက်ပါ။ ပြင်ပက အဆီများတဲ့ အစားအစာတွေကြောင့် ၀စေပါလိမ့်မယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
Share on Google Plus

0 comments:

Post a Comment