ခေတ်သစ်ရဲ့ရေစီးကြောင်းထဲကိုလိုက်ပါစီးမျောဖို့အတွက်
ဖုန်းအသစ်တစ်လုံးဝယ်ယူဖို့စဉ်းစားရင်းနဲ့ကမှ ဖုန်းအသစ်တစ်လုံးဝယ်ယူတာ အဲဒီလောက်မရိုးရှင်းဘူးဆိုတာ
သိလိုက်ရတဲ့အခါ…
Android ဟု
ဆိုရာဝယ် ခေတ်သစ်ရဲ့ရေစီးကြောင်းထဲကို လိုက်ပါစီးမျောဖို့အတွက် ဖုန်းအသစ်တစ်လုံး ၀ယ်ယူဖို့
စဉ်းစားနေရင်းကမှ ဖုန်းအသစ်တစ်လုံးဝယ်ယူတာဟာ အဲဒီလောက်မရိုးရှင်းဘူးဆိုတာ သိလိုက် ရတဲ့အခါ
ခေါင်းရှုပ်သွားတတ်ကြပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ယူတဲ့အခါထည့်သွင်း စဉ်းစား စရာမေး ခွန်းတွေနဲ့
အချက်အလက်တွေ တစ်ပြုံတစ်မကြီးရှိပါတယ်။
စမတ်ဖုန်းဆိုတာ
စမတ်ဖုန်းဆိုတာဟာ
ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ပေးနိုင်ပြီး အိတ်ကပ်နဲ့ဝင်ဆံ့တဲ့ ကြိုးမဲ့ကွန်ပျူတာ တစ်လုံး ပဲဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ပေးနိုင်ပြီး စာတိုလေးတွေ ပို့ပေးနိုင်တဲ့အပြင် အခြေခံဂိမ်း
လေးတွေ သာ သွင်းထားပေးတဲ့ အခြေခံဖုန်းတစ်လုံးနဲ့မတူတဲ့ စမတ်ဖုန်းဟာ အဲဒီသာမန်အရာလေးတွေအပြင်
အများကြီးပိုလုပ်ဆောင်ပေးနိုင်ပါတယ်။
စမတ်ဖုန်းဟာ
အင်တာနက်ကို ချိတ်ဆက်ပေးနိုင်ပြီး ရှာဖွေမှု တွေပြုလုပ်ပေးနိုင်သလို ခရီးလမ်း ညွှန်မှုတွေ လည်းပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ဓာတ်ပုံရိုက်မယ် ဗီဒီယိုရိုက်မယ် လူမှုကွန်ရက်တွေမှာ ၀င်ရောက် ချိတ်ဆက်မယ် အီးမေးလ်တွေပို့မယ်
အစရှိတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ နဂို မူလစွမ်းဆောင်နိုင် တာထက် ကျော်လွန်ပြီး
တစ်ခုခုလုပ်ချင်နေတယ် ဆိုရင်လည်းစမတ်ဖုန်းတွေအတွက် အခမဲ့ Download ရယူနိုင်ပြီး လိုအပ်ချက်အများကြီးကိုဖြည့်
ဆည်းပေးနိုင်တဲ့ Application တွေ ထောင်ချီပြီးရှိနေပါတယ်။
အမှောင်ထဲမှာမမြင်မစမ်းဖြစ်နေလို့
လက်နှိပ်ဓာတ်မီးတစ်လက် လိုအပ်နေတယ်ဆိုရင် Flashlight App တစ်ခုခုကို Download ဆွဲ
Install လုပ်ပြီး ကိုယ့်စမတ်ဖုန်းကို လက်နှိပ်ဓာတ်မီးတစ်လက်အဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။
ကား၊ ရထား၊
လေယာဉ် စောင့်နေရင်း ပျင်းလာတယ်ဆိုရင် အချိန်ဖြုန်းဖို့ အခမဲ့ဂိမ်းတစ်ခုကို
Download ဆွဲလိုက်ပါ။ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာရုပ်ရှင်၊ ဗီဒီယိုသို့မဟုတ် ဖျော်ဖြေရေး
အစီအစဉ်တစ်ခုခုကို ကြည့်နေလိုက်ရုံပါပဲ။
Android Phone ဆိုတာ
Android ဖုန်းဆိုတာ Google ကနေဖန်တီးထားတဲ့ Software နဲ့
လည်ပတ်နေတဲ့ စမတ်ဖုန်းတစ် မျိုးဖြစ်ပြီး စမတ်ဖုန်း ဈေးကွက်ထဲကထိပ်တန်းပြိုင်ဘက်တွေထဲမှာ
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အချို့ ဆိုရင်ဈေးကွက်ထဲ က အကောင်းဆုံးစမတ်ဖုန်းတွေလည်ပတ်မောင်းနှင်နိုင်ဖို့အတွက်
Android Operating System ကို သုံးတယ်လို့တောင် ငြင်းခုံလာနိုင်ပါတယ်။
စမတ်ဖုန်းတိုင်း Android လား
စမတ်ဖုန်းအားလုံးကတော့
Android ဖုန်းမဟုတ်ကြပါဘူး။ Android ဖုန်းတွေဟာ စမတ်ဖုန်း စီးပွားရေးလောကထဲမှာ အကောင်ကြီးတွေထဲက
တစ်ကောင်သာဖြစ်ပါတယ်။ မတူညီတဲ့ Operating System တွေနဲ့ လည်ပတ်နေတဲ့ စမတ်ဖုန်းတွေ အများကြီးရှိပါတယ်။
ဥပမာအားဖြင့် ကွန်ပျူတာ ၀ယ်မယ်ဆိုရင်တောင် Windows နဲ့ Mac နှစ်သက်ရာရွေးချယ်လို့ ရသလိုပါပဲ။ ကွန်ပျူတာနှစ်မျိုးလုံး
ကမတူညီတဲ့ Ooeratubg Ststen တွေနဲ့ Software တွေသုံးကြပေမယ့်ယေဘုယျအားဖြင့်တော့ ကိုယ်လုပ်ချင်တာကိုပြီးမြောက်အောင်
လုပ်ဆောင်ပေးကြတာပါပဲ။
လက်ရှိမှာပြိုင်ဆိုင်မှု
အင်အားအရမ်းပြင်းထန်လွန်းတဲ့ စမတ်ဖုန်း ဈေးကွက်ထဲမှာလူကြိုက်အများဆုံးနဲ့ အောင်မြင်မှုအရှိဆုံး
Operating System တွေကတော့ နာ မည်ကျော် iPhone ကို မောင်းနှင် လည်ပတ်ပေးနေတဲ့ Apple
iOS, ဖုန်းကုမ္ပဏီအများစုရဲ့ စမတ်ဖုန်း တွေမှာတွေ့နိုင်တဲ့ Googel ရဲ့ Android,
Microsoft ကုမ္ပဏီရဲ့ Window OSနဲ့ Research In Motion (RIM) ရဲ့ Blackberry OS တို့ပဲ
ဖြစ်ကြပါတယ်။
ဒါကြောင့်
စမတ်ဖုန်းတစ်လုံး ရွေးချယ်ပြီဆိုတဲ့အခါ ပထမဆုံးဖြေရှင်းရမယ့် ပဟေဠိက Operating ပဲဖြစ်ပြီး
ကိုယ့်ရဲ့ နောက် ဆုံးရွေးချယ်မှုဟာ ပထမဦးဆုံးခြေလှမ်းပေါ်မှာမူတည်နေမှာဖြစ်ပါတယ်။
Android ဖုန်းတွေဟာ
ဒီနေ့ ဈေးကွက်ထဲမှာတော့ လူအကြိုက် စမတ်ဖုန်းအမျိုးအစားပုံစံဖြစ်ပါတယ်။ ရှင်းလင်းမှုရှိသလို
ကိုယ့် စိတ်သဘောကျအတိုင်းပြုပြင်ပြောင်းလဲမှုတွေ ဖန်တီးခွင့်ပေးထားတဲ့ Open Source ဖြစ်နေတာကလည်း
အဓိကအချက်ပဲဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment