Street Fighter IV Champion Edition





Street Fighter လို့ ဆိုလိုက်ရင် ကျွန်တော်တို့ငယ်ငယ်က Sony playstation ဂိမ်းတွေမှာ အသည်းစွဲ ဆော့ကစားခဲ့ဖူးကြတာ အမှတ်ရဦးမယ် ထင်ပါတယ်။ အခု ဒီဂိမ်းဟာ ဆင့်ကဲပြောင်းလဲမှု များစွာနဲ့အတူ ယနေ့ခေတ် မိုဘိုင်းဖုန်းတွေပေါ်ကိုရောက်ရှိလာ ခဲ့တာ အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ အရင် version တွေတုန်းက အပြင်အဆင်၊ ရုပ်ထွက် ပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကို အဓိကပြင်ဆင်ပြီး ယခု အသစ်ထွက်ရှိလာတဲ့ street figher iv champion edition ကတော့ အတော်လေး ပြည့်စုံကောင်းမွန်လာပြီး iTunes Store ပေါ်ကို အခပေး ဂိမ်းအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ ဒီဂိမ်းမှာ ဂိမ်းရဲ့ ပတ်ဝန်းကျင် အနေအထားတွေကို Fighter တွေနဲ့ အနီးစပ်ဆုံး သဘာဝကျအောင် ပြင်ဆင်ထားပြီး ထိန်းချုပ် ဆော့ကစားရမယ့် touch (physical button) တွေကလည်း ပိုမိုအဆင်ပြေလာ တာတွေ့ရမှာဖြစ်ပါတယ်။ street figher ရဲ့ တကယ်အရသာစစ်စစ်အဖြစ် သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ဆော့ကစားဖို့အတွက်လည်း Bluetooth connectivity ကို အသုံးပြုနိုင်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ငယ်ငယ်တုန်းက ဂိမ်းဆိုင်မှာကစားသလို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် online နဲ့ ချိတ်ဆက်ပြီးကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက် ဆော့ကစားနိုင်ဦးမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ထူးခြားချက်က Fighter ဇာတ်ကောင်တွေကို 3D ရုပ်ကြွတွေအဖြစ် ဖန်တီးထားပြီး နောက်ခံ background တွေကိုတော့ 2D အမြင်နဲ့သာ မြင်ရအောင် ရေးဆွဲထားပြီး အရောင်အသွေးနဲ့ လှုပ်ရှားမှုတွေက သဘာဝကျကျ ဆန်တီးထား တဲ့အတွက် တစ်ခါတစ်ရံ ဆော့ကစားနေရင်း ဂိမ်းထဲကို စီးမျောနစ်ဝင်သွားတတ်ပါတယ်။ တကယ်လို့ သင်က တိုက်ခိုက်ဆော့ကစားရတာ ကျွမ်းကျင်တဲ့သူဆိုရင်တော့ ဆော့ကစား ရင်းနဲ့ နေရာအသစ်တွေ၊ ဇာတ်ကောင်အသစ်တွေ ထပ်မံ ရရှိလာနေမှာဖြစ်ပါတယ်။ အခု ဒီ champion edition မှာတော့ တစ်ဆင့်ပြီးတစ်ဆင့် ဆော့ကစားရင်း နောက်ဆုံးမှာ အင်အားအကြီးဆုံး ရန်သူဖြစ်တဲ့ Volt ရင်ဆိုင်အနိုင်ယူရင်း Champion အဖြစ် ရောက်ရှိအောင် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ iTunes Store မှာ 4.99$ နဲ့ ၀ယ်ယူ ရပေမယ့် ပေးရတာနဲ့ ထိုက်တန်တဲ့ မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်




Share on Google Plus

0 comments:

Post a Comment