တေလာဆွစ်(ဖ်)နောက် လိုက်ချောင်းသူ အဖမ်းခံရ…










ကန်းထရီးပေါ့(ပ်)ဂီတ အဆိုတော်မလေး တေလာဆွစ်(ဖ်) ဟာ သူမနောက်လိုက်ချောင်းတဲ့လူကို ရဲတွေက ဖမ်းဆီးလိုက်ပြီဖြစ်လို့ စိတ်နည်းနည်းပေါ့သွားပါပြီ။ တေလာရဲ့ ပတ်ဝန်းကျင်ပေ (၅၀၀)အတွင်းမ၀င်ဖို့ အမိန့်ထုတ်ခြင်းခံထားရတဲ့ ဖရန့်အင် ဒရူးဟူးဗားဟာ ၁၀-၁၁-၂၀၁၆နေ့က တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့မှာ အဖမ်းခံရလိုက်ရပါတယ်။ ဖရန့်ဟာ တေလာနဲ့ သူမမိဘတွေကို လိုက်နှောင့်ယှက်လေ့ရှိပြီး ၂၂-၁၀-၂၀၁၆ နေ့က တေလာရဲ့ ဂီတပွဲပြီးဆုံးလို့ သူမမိဘတွေနဲ့အတူ လေယာဉ်ကွင်းသွားတော့ ဖရန့်ကနောက်က တကောက် ကောက်လိုက်သွားရာ သူမရဲ့ကိုယ်ရံတော်တွေက ၄င်းကိုမှတ်မိပြီး ရဲကိုတိုင်လို့ အဖမ်းခံရတာပါ။ တေလာရဲ့ မော်တော်ကားနဲ့ ပေ(၂၀)မှ ပေ(၅၀) အထိ ချဉ်းကပ်လာတဲ့ဖရန့်က သူမကို ဓာတ်ပုံရိုက်ပြီး ကိုယ်ရံတော်တွေကမေးမြန်းတော့ သူမသွားလေရာအဖော် လိုက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဖြေကြားခဲ့သတဲ့။ ဖရန့်ဟာ တေလာထံ အီးမေး(လ်)အစောင် ၃၀ ပို့ပြီး ပေါက် ကရတွေ ရေးသားခဲ့သလို အဲဒီ အများစုဟာ တေလာ့ကို ၄င်း စွဲလမ်းတပ်မက်နေတဲ့ အကြောင်းတွေဖြစ်သတဲ့။ ဖရန့်ဟာ တေလာ့အနား မကပ်ဖို့ ထုတ်ပြန်ထားပြီးသား အမိန့်ကိုထပ်မံမလိုက် နာတဲ့အတွက် အဖမ်းခံရခြင်းဖြစ်ပြီး ယခုအခါဒေါ်လာ(၁) သိန်းတန် အာမခံဖြင့်ပြန်လွှတ်ခံရပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment