Defense ဂိမ်းအမျိုးအစားဆိုပေမယ့်
Action RPG ဆန်ဆန်ပြုလုပ်လာတဲ့ အလွန်သပ်ရပ်ညက်ညောတဲ့ Graphic ပုံရိပ်တွေကြောင့် ဆော့ကစားသူကိုမျက်စိပသာဒဖြစ်စေပါလိမ့်မယ်…
သင်ဟာ
Angry Bird ဂိမ်းကို ဆော့ကစားဖူးသူတစ်ယောက်ဆိုရင် အခုဖော်ပြပေးတဲ့ Tiny Archer ဆိုတဲ့
ဂိမ်းလေးကိုလည်း နှစ်ခြိုက်မိမှာမလွဲပါဘူး။ Drag & release gameplay လို့ဆိုတဲ့
ပစ်မှတ်ကိုချိန် ရွယ်ပစ်လွှတ်ကာကစားရတဲ့ ဒီဂိမ်းလေးဟာ Castle Defense ဂိမ်းအမျိုးအစားဖြစ်ပါတယ်။
Defense ဂိမ်းအမျိုးအစားဆိုပေမယ့် Action RPG ဆန်ဆန်ပြုလုပ်လာတဲ့အလွန် သပ်ရပ်ညက်ညောတဲ့
Graphic ပုံရိပ်တွေကြောင့် ဆော့ကစားသူကို မျက်စိပသာဒဖြစ်စေပါလိမ့်မယ်။
ဒီဂိမ်းရဲ့အဓိကဦးတည်ချက်ကတော့
ရောက်ရှိတာဝန်ယူထားတဲ့ Castle/Tower ကို မင်စာ၊ မိစ္ဆာနဲ့ တောတောင်တွေမတက်ရောက်နိုင်အောင်
ကာကွယ်ရမှာဖြစ်ပါတယ်။ Tiny Archer မှာ အဓိကဆော့ကစားရမယ့် ဇာတ်ကောင်တွေအနေနဲ့
Human, Dwarf, fairy ဆိုတဲ့ဇာတ်ကောင်(၃)မျိုးပေးထားပြီး တစ်မျိုးစီမှာမတူညီတဲ့စွမ်းရည်နဲ့ကာကွယ်နိုင်စွမ်းတွေ
ပိုင်ဆိုင်ထားမှာဖြစ်ပါတယ်။ Tower ဆီကိုဦးတည်ချက် အမျိုးမျိုးကနေထွက်ပေါ်လာတဲ့ ရန် သူတွေကိုမလွတ်စတမ်း
မြားနဲ့ချိန်ဆပြီးပစ်ခတ်နှိမ်နင်းရတဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းသလို အကန့်အသတ်နဲ့သာရရှိတဲ့
မြားအရေအတွက်နဲ့စွမ်းရည်တွေကို ဘယ်လိုအချိန်မျိုးမှာအသုံးချမယ်ဆိုတဲ့ တွက်ချက်ရွေးချယ်ရတဲ့
ဂိမ်းတစ်ခုဖြစ်တာကြောင့် သာမန်အပျင်းပြေဂိမ်းမျိုးထက် သာလွန်မှာဖြစ်ပါတယ်။
ဒီလိုကာကွယ်နှိမ်နင်းရင်းနဲ့တစ်ခန်းပြီးတစ်ခန်းအောင်မြင်တာနဲ့စွမ်းရည်အသစ်တွေ၊
မြားအသစ်တွေ ရရှိလာသလိုထူးခြားတဲ့
စိန်ခေါ်မှုအသစ်တွေလည်းရင်ဆိုင်လာရမှာဖြစ်ပါတယ်။တကယ်လို့ကိုယ်ဟာအခုမှ
စတင်ဆော့ကစား သူတစ်ယောက်ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ Archer
ကိုပစ်ခတ်မှုကျွမ်းကျင်အောင် လေ့ကျင့်ပေးလို့ရနိုင်ပါတယ်။
တစ်ခန်းပြီးတစ်ခန်းရရှိလာတဲ့ ထူးခြားတဲ့ပစ္စည်းလေးတွေနဲ့
ပေါင်းစပ်ပြီးတော့လည်း
ကိုယ်ရဲ့ကိုယ်ပိုင်လက်နက်တစ်ခုကိုသီးသန့်ဖန်တီးနိုင်ပါဦးမှာဖြစ်ပါတယ်။
Tiny
Archer ဂိမ်းဟာစုဆောင်းရရှိလာတဲ့စွမ်းရည်တွေ၊ ပစ္စည်းတွေနဲ့အတူ
ကိုယ်ရွေးချယ်ထားတဲ့
ဇာတ် ကောင်တွေရဲ့အားသာချက်တွေကို
ပေါင်းစပ်ပြီးအလွန်မြားပစ်ကျွမ်းကျင်တဲ့သူတစ်ဦးအဖြစ်
ရောက်ရှိနိုင်သလို ယှဉ်ပြိုင်မှုဆန်ဆန်ဆော့ကစားနိုင်တဲ့
ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ လက်ရာအလွန်မြောက်စွာရေးဆွဲ
ထားတဲ့ဇတ်ကောင်တွေနဲ့အတူ ရဲတိုက်တွေ၊ ခံတပ်တွေ၊ နောက်ခံမြင်ကွင်းတွေဟာ
အလွန်အသက် ၀င်လှတဲ့အတွက်
ရုပ်ထွက်ကြည် လင်တဲ့ စမတ်ဖုန်းနဲ့သာဆော့က စားမယ်ဆိုရင်
ဂိမ်းမှာပေးစွမ်းထားတဲ့
အရောင်အသွေးနဲ့ရုပ်လုံးဖော်မှုတွေကိုအပြည့်အ၀ခံစားရမှာဖြစ်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment