သာမန်
Tower Defense ဂိမ်းတွေနဲ့တူညီတဲ့ Gameplay တွေကို ထပ်ခါထပ်ခါ ကြုံတွေ့ငြီး ငွေ့နေသူတွေအတွက်
ပိုပြီးလန်းဆန်းတဲ့ အရသာနဲ့ Vampire Season Monster Defense ကို စမ်း သပ်ဆော့ကစားကြည့်ဖို့အကြံပေးလိုက်ပါတယ်။
ဒီဂိမ်းကို Game ၀က်ဘ်ဆိုက်တော်တော်များများက ချီးကျုးထားပြီး iOS ပလက်ဖောင်း ပေါ်မှာ
မရှိမဖြစ် ဂိမ်းတစ်ခုအဖြစ် အမွှမ်းတင်ထားကြပါတယ်။ Vampire Season ဟာ အခြား TD ဂိမ်းများကဲ့သို့
ကောင်းတဲ့ဘက်ကနေ မိစ္ဆာများကိုတိုက်ခိုက်ရမှာ မဟုတ်ဘဲ နယ်စားကြီး ဒရယ်ကူလာရဲ့ ရဲတိုက်ထဲကိုဝင်ရောက်
လာတဲ့ မိစ္ဆာနှိမ်နှင်းရေးသမားတွေကို မကောင်းဆိုးဝါးတွေနဲ့ ပြန်လည်ခုခံရမှာပါ။
Vampire
Season Monster Defense ဟာ 3D ဖြစ်ပေမယ့် ချစ်ရာ 2D အငွေ့အသက်မပျောက်ဘဲ Cutscenes
တွေအပါအ၀င် ၄င်းရဲ့ Animated ပုံရိပ်တွေက ဟာသဆန်ပါတယ်။ ဆော့က စားရတာလည်း လွယ်ကူပြီး
ရရှိ လာတဲ့ resource တွေပေါ် အခြေခံကာ သွေးစုပ်ကောင်၊ ၀ံပုလွေ လူသား၊ မှင်စာအစရှိတဲ့
မိစ္ဆာတွေ နဲ့ ဒရယ်ကူလာရဲ့အခေါင်းကို ရန်ပြုကြမယ့် လူစွမ်းကောင်းများအား တားဆီးရမှာပါ။
၎င်းဟာ Tower Defense သက်သက်မဟုတ်ဘဲ နေရာချလိုက်တဲ့ မိစ္ဆာတွေက မိမိ အနီးအနားရောက်လာတာတွေ
သာ တိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ ရန်သူထွက်လာတဲ့အခါ မိမိရဲ့နေရာကိုစွန့်ခွာပြီး စုဝေးတိုက်ခိုက်ကြပါတယ်။
တစ်ကောင်ချင်းစီမှာ မတူညီတဲ့စွမ်းဆောင်ရည်များပါဝင် လာသလို မိမိရဲ့ရန်သူတွေဟာလည်း မိစ္ဆာအမျိုးအစား
သီးသန့် တစ်ခုချင်းစီကို နှိမ်နင်းတဲ့သူမျိုးတွေပါဝင်လာတာကြောင့် သတိကြီးကြီးထားပြီး
Level တစ်ခုကို ကျော်ဖြတ်ရမှာပါ။ ဇာတ်လမ်းသွား နှင့် Survival Mode နှစ်မျိုးပါဝင်ပြီး
ကစားသူဟာ upgrade တင် ဖို့လိုအပ်တဲ့ပိုက်ဆံကို Survival Mode မှာ ထပ်ခါထပ်ခါ ကစားခြင်းဖြင့်
ရှာဖွေနိုင်ပါတယ်။
Monster တစ်ကောင်ချင်းစီ
Upgrade တင်နိုင်သလို ၄င်းတို့အတွက် weapon တွေလည်း ပွဲအတွင်းမှာပေါင်းထည့်ပေးနိုင်တယ်။
ဥပမာ cola ကို မိစ္ဆာတစ်ကောင် အားပေးလိုက်တာနဲ့ Attack ပို မြန်လာမှာဖြစ်ပါတယ်။ ဆော့က
စားရတာ ရိုးရှင်းသလောက်ကွဲပြားတဲ့ ability များနဲ့ရန်သူတွေပါဝင် လာရင်တော့ အနိုင်ရရှိဖို့
စတင် ခက်ခဲလာပါတယ်။ Story mode မှာ Level 30 အထိ ပါဝင်တာကြောင့် အားရအောင်ဆော့ကစား ရမှာပါ။ ဟာသဆန်ပြီး
ထူးခြားတဲ့ Gameplay ကြောင့် vampire season ကို သဘောကျနှစ်သက်ကြပါတယ်။ ပိုပြီးကောင်းတာက
ဒီဂိမ်းကို အခမဲ့ Download ဆွဲယူ နိုင်သလို Level တစ်ခုအနိုင်ရရှိဖို့အတွက်ပြင်ပငွေနဲ့
ဝယ်မှရမယ်ဆို တာမျိုးလည်း မရှိတာပါပဲ။
ဒီဂိမ်းကို
BRAINZSAS မှ ထုတ်လုပ်ပြီး iOS 8.0 နဲ့အထက်မှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment