သန္တာဗို ● ပြည်ကခရီးစဉ်တွေကတော့ ဘန်ကောက်၊ စင်ကာပူ၊ မလေးရှားလောက်ပဲရောက်ဖူးပါတယ်…




ခရီးသွားရတာကိုအရင်မတော့ မကြိုက်ဘူးလေ။ အခုကျတော့ ကြိုက်လာမိတယ်။ အရင်တုန်းကတော့ မကြိုက်ဘူးဆိုတာက ကားစီးရတာအရမ်းကြာလို့လေ။ ကားပဲ တောက်လျှောက်အကြာကြီးစီးလာရတာဆိုတော့ စိတ်ကညစ်လာရောပဲ။ နောက်ပြီးလျှောက်လည်ရတာကိုလည်းညီမကအပင်ပန်းအခံနိုင်ဘူးလေ။ နောက်ပိုင်းကျတော့ ခရီးသွားတဲ့အခါမှာသူငယ်ချင်းတွေအများကြီး ရလာတာရယ်။ ပြီးတော့ ရိုက်ကူးရေးနဲ့ ခရီးသွားတဲ့အခါကျတော့လူတွေကလည်း အများကြီးအဲဆိုတော့ ပျော်လာတာပေါ့နော်။
ပြည်ပခရီးစဉ်တွေကတော့ ဘန်ကောက်၊ စင်ကာပူ၊ အလေးရှားလောက်ပဲရောက်ဖူးပါတယ်။
ဂျပန်တို့ ကိုရီးယားတို့ အမေရိကားတို့ကိုသွားလည်ချင်မိပါတယ်...
နောက်ထပ်သွားချင်မိတဲ့နိုင်ငံတွေကတော့ဂျပန်တို့ ကိုရီးယားတို့ အမေရိကားတို့ကိုသွားလည်ချင်မိပါတယ်။ သွားဖို့လည်းစိတ်ကူးထားပါတယ်။
ပြည်တွင်းမှာအလည်ချင်ဆုံးက ငပလီ… ပြည်တွင်းမှာဆိုရင်တော့ ချောင်းသာ၊ ငွေဆောင်၊ မေမြို့၊ မုံရွာတို့ကို ခဏခဏရောက်ဖြစ်တယ်။ ကားရိုက်သွားတာတွေရော ပါတာပေါ့နော်။
ပြည်တွင်းမှာအသွားချင်ဆုံး နေရာတစ်ခုရှိတယ်။ အဲဒါက ငပလီ ကမ်းခြေကိုအရမ်းသွားချင်မိပါတယ်။ သွားဖို့လည်းစိတ်ကူးထားပါတယ်။ အခုနောက်ဆုံးပြန်လာတာကတော့ မေမြို့ကပါ။ ခဏပြန်လာတာပါ။ ကားရိုက်လည်းရှိတော့အခုအဏပေါ့။ အခြားနိုင်ငံခြား ခရီးစဉ်ကတော့ဘန်ကောက်က ပြန်လာတာပေါ့နော်။ ကားရိုက်ပဲသွားခဲ့တာပါ။
ဆယ်တန်းဖြေပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ ပထမဆုံးအကြိမ် နယ်ဘက်ခရီးသွားခဲ့ရတာကို အမှတ်တရရှိတုန်းပဲ…
ညီမဆယ်တန်းဖြေပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ပထမဆုံးအကြိမ်နယ်ကိုသွားခဲ့ရတာကိုအမှတ်သရရှိတုန်းပါပဲ။ အဲဒီတုန်းက သူငယ်ချင်းတွေအများကြီးပဲလေ။ ပြင်ဦးလွင်ကိုသွားခဲ့ကြတာပါ။
အလုပ်နဲ့ခရီးသွားရတာ ပျော်ဖို့ကောင်းပေမယ့် သူငယ်ချင်းတွေနဲ့သွားရတာကိုပိုပျော်တယ်…
အလုပ်နဲ့ခရီးသွားရတာလည်းပျော်ဖို့ကောင်းပါတယ်။ လူတွေအများကြီးနဲ့ဆိုတော့ တစ်မျိုးပျော်စရာကောင်းတာပေါ့။ အလုပ်နဲ့လည်းဖြစ်တော့ သွားရလာရတာပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း သူငယ်ချင်းတွေနဲ့သွားရတာကိပိုပျော်ပါတယ်။
ကင်မရာရယ် သီချင်းနားထောင်ဖို့အတွက်စပီကာလေးရယ်၊ အမြဲပါအောင်ယူဖြစ်ပါတယ်
ညီမခရီးသွားတဲ့အခါမပါမဖြစ်ယူသွားတာက ကင်မရာရယ်၊ ခရီးသွားရင်သီချင်းနားထောင်ဖို့အတွက် စပီကာလေးရယ်၊ အမြဲပါအောင် ညီကယူဖြစ်ပါတယ်။ ပြီးတော့ဖုန်းကျတော့လည်း အပန်းဖြေ  သီချင်းနားထေကာင်ဖို့ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေတဲ့အတွက်ယူသွားဖြစ်ပါတယ်။ ခရီးကလည်း တစ်မတစ်ခါလောက်ကို သွားနေရတာလေ။
ခရီးသွားရင်းနဲ့ ကျန်းကျန်းမာမာနေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်…
ခရီးသွားမယ့်ပရိသတ်ကြီးကို ပြောချင်တာကတော့ ခရီးသွားရင်းနဲ့ ကျန်းကျန်းမာမာနေနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Share on Google Plus

0 comments:

Post a Comment