နီနီနိုင်ဝင်း Travel









ခရီးသွားရတာကပုံမှန်လုပ်နေကျမဟုတ်တဲ့အတွက်ဘယ်လို လူတွေအတွက်ပဲဖြစ်ဖြစ်သေချာ တာကတော့စိတ်ကီုကူ မဖြစ်စေဘူး…
ညီမခရီးသွားရတာနှစ်သက်ပါတယ်။ အဓိကအားဖြင့် Stress များတဲ့သူတွေ Demotivation period ရောက်နေသူတွေ အလုပ်များတဲ့သူတွေအတွက်ဆိုပိုကောင်းပါတယ်။ ခရီးသွားရတာက ပုံမှန်လုပ် နေကျမဟုတ်တဲ့အတွက် ဘယ်လို လူတွေအတွက်ပဲဖြစ်ဖြစ်သေချာတာကတော့စိတ်ကို Dull မဖြစ်စေဘူး။ လုပ်စရာရှိတာတွေပြင် ဆင်စရာရှိတာတွေ ပြင်ဆင်ရတဲ့အတွက် လူကို Active ဖြစ်စေတာပေါ့နော်။ 

မရောက်ဖူးတော့ အသစ်အဆန်းပေါ့။ မှတ်မှတ်ရရက ကရင်ရိုးရာ ၀ါခေါင်လချည် ဖြူဖွဲ့ပွဲအခမ်းအနားကို ကရင် ရိုးရာဝတ်စုံလေးတွေနဲ့ တက်ရတယ်…
အဲဒီထဲက မှတ်မှတ်ရရက တော့မနှစ်ကMGLM 2016 Training Camp မှာသွားခဲ့တဲ့ ကရင်ပြည်ဘားအံပါ။ ညီမကတစ်ခါမှလည်း မရောက်ဖူးတော့ အသစ်အဆန်းပေါ့။ မှတ်မှတ်ရရက ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ကရင်ရိုးရာဝတ်စုံ လေးတွေနဲ့တက်ရတယ်။ သူတို့ရိုး ရာလုပ်သလိုလက်ကို အပ်ချည် နဲ့ကိုယ်တိုင်ဝင်ပြီး ကရင်ဘာသာ စကားနဲ့ရွတ်ဖတ်ပူဇော်ပြီးချည်ခဲ့ရတယ်။ ကရင်လူမျိုးတွေရဲ့ အမျိုးသားလက္ခဏာကိုဖော်ညွှန်းတဲ့ပွဲပါ။ ညီမအရမ်းတန်ဖိုးထားတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ ကရင် ရိုးရာဓလေ့အကြောင်းကို သေချာအနီးကပ်လေ့လာခဲ့ရတဲ့အပြင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တာကြောင့် တကယ်ကိုမှတ်မှတ်ရရပါပဲ။ 



မြန်မာကိုယ်စားပြုအနေနဲ့ သွားရတာဆိုတော့ ၁၇ နှစ်ပေမယ့် ဘာမှမကြောက်ဘဲ အရမ်း Active ဖြစ်နေခဲ့တယ်…
ပထမဆုံးပြည်ပခရီးစဉ်က ညီမ သီရီလင်္ကာကိုသွားပြိုင်တုန်းကပါ။ Flight အတွေ့အကြုံတစ် ခါမှမရှိပေမယ့် မြန်မာကိုယ်စား ပြုအနေနဲ့ သွားရတာဆိုတော့ ၁၇ နှစ်ပေမယ့် ဘာမှမကြောက်ဘဲ အရမ်း active ဖြစ်နေခဲ့တယ်။ ဘန်ကောက်လေဆိပ်မှာ Flight change ပြီးစီးရပါတယ်။ အချိန်ကလည်း ကြားထဲမှာ ၂ နာရီလောက် ပဲရတာဆိုတော့ ငေးချိန်မောချိန်မရှိဘူး။ ရောက်တာနဲ့မြန်မြန်ရှာရတာပေါ့နော်။ နောက်တစ်ခုက တရုတ်က ChongQing မြို့ပါ။ ညီမတို့ Miss Golden Land Myanmar Org u Fashion Asia China မှာ Top-5 အထိပါဝင်ခဲ့လို့ ဆရာတို့နဲ့အတူတူသွားရတာပါရှင့်။ ညီမကိုတော့ အထူးဧည့်သည်အနေနဲ့ပါ။ Organizer အနေနဲ့ရော ပေါ့နော်။ ဒုတိယအကြိမ်မြန်မာ ကိုယ်စားပြုပါ။ ၁ပတ်ကျော် လောက်နေရပြီးနေ့တိုင်း Schedule တွေနဲ့ Party ပွဲတွေ မိတ်ဆက်ပွဲ တွေဆုပေးပွဲတွေနဲ့ Red Carpet ကော်ဇောနီ လျှောက်လမ်းလည်းအ ပါအ၀င်ပေါ့။ ညီမတို့ပြိုင်ပွဲတုန်းကလိုပဲ။ အခြားနိုင်ငံတွေနဲ့အလံ ကိုယ်စီလေးတွေနဲ့ တကယ်ကို မမေ့နိုင်စရာအမှတ်တရတွေပါ။တခြားပြည်ပကတော့ ထိုင်းပါ။ အထူးသဖြင့် ဘန်ကောက်ပါ။ ဈေးဝယ်တာအတွက်ပဲ များပါတယ်ရှင့်။


Power Bank, Earphone ပါ။ ဆက်သွယ်ဖို့အတွက်ရော Social Media ကြည့်ဖို့အတွက် ရောတစ်ခုခုသိချင်တာရှိရင် ဖြစ်ဖြစ် ဖုန်းကသာအလွယ်ကူဆုံးဆိုတော့ အားကုန်လို့မဖြစ်ဘူးပေါ့နော်…
ညီမခရီးသွားရင်တော့ အိတ်နဲ့ အပြည့်ပါ။ မပါမဖြစ်ကတော့ Power Bank, Earphone ပါ။ ဆက်သွယ်ဖို့အတွက်ရော Social Media ကြည့်ဖို့အတွက်ရောတစ် ခုခုသိချင်တာရှိရင်ဖြစ်ဖြစ် ဖုန်းက သာအလွယ်ကူဆုံးဆိုတော့အားကုန် လို့မဖြစ်ဘူးပေါ့နော်။ နောက်ပြီး Cosmetics နည်းနည်းပါ။ အိတ် ဆောင်အဖြစ် အနည်းဆုံး Touching လုပ်ဖို့နဲ့ Public ရောက်တဲ့ အခါကြည့်ကောင်းအောင် TwoWay ဘီး နှုတ်ခမ်းနီအမြဲထည့်ထားရတယ်။ နောက်တစ်ခုက Hand Gel ပါ။ လက်ကိုအမြဲသန့်အောင်ပါ။ On Trip မှာ မထင်မှတ်ဘဲလက် ဆွဲနှုတ်ဆက်ရတာမျိုးတို့ဆို ယုံကြည်မှုပိုရှိအောင်ပါ။ MouthFresh လည်းပါတယ်။ အိပ်လိုက်ထလိုက် စားလိုက်ဆိုတော့စကားပြောရတဲ့ အခါခံတွင်းအနံ့အတွက်ပါ။ နောက်တစ်ခုကရိုးရိုး Tissue နဲ့ Wet Tissue ဖိနပ်၊ ခြေထောက်၊ လက်ဘယ်မှာဖြစ်ဖြစ်တစ်ခုခုပေရေသွားတာမျိုး မိုးရွာလို့ရွှံပေသွားတာမျိုး တစ်ခုခုစားမိလို့ရိုးရိုး Tissue နဲ့ သုတ်လို့ မပြောင်တာမျိုးဘာပဲဖြစ်ဖြစ်အရမ်းအဆင်ပြေပါတယ်။ ပြီး တာ့မျက်မှန်ပါ။ ကျန်တာကတော့ ကျန်းမာရေးအတွက်ခေါင်းကိုက် ပျောက်ဆေး Hansaplast၊ ရှူဆေး၊ အိပ်ဆေး၊ ညီမကအမြဲအိပ်မပျော်တတ်ဘူး။ အရေးကြီးပွဲတွေ ရှိတဲ့အခါအိပ်မှဖြစ်မှာမျိုးဆိုသောက်ရတယ်။ ပြည်ပသွားရင်တော့ Sim Card ကလေးတွေသီးသန့် အိတ်လေးနဲ့ထည့်သွားပါတယ်။ နေရာအများကြီးလည်းမရောက်သေးတော့နည်းနည်းပေါ့နော်။ နောက်ပြန်ရောက်ဖြစ်တဲ့အခါအသုံးဝင်တာပေါ့။ နောက်ဆုံးအရေးကြီးဆုံးက Digital ပုတီးလေးပါ။ စဉ်းစားစရာတွေများတဲ့အခါစိတ်တည်ငြိမ်စေနိုင်ပါတယ်။ တတ်နိုင်သမျှ ဘုရားတရားလုပ်တာအကောင်းဆုံးပါပဲ။

ရာသီဥတုအေးပြီး ရှုခင်းလတ်ဆတ်တဲ့ နေရာမျိုးတွေပါ။ ပြင်ဦးလွင်သွားမယ်ဆို ၂ ခါမခေါ်ရဘူး။ နောက်ပြီး မရောက်ဖူးသေးတဲ့ အထက် မြန်မာပြည်ကအရမ်းအေးတဲ့ ဒေသတွေသွားချင်ပါတယ်…
ခဏခဏသွားချင်တဲ့နေရာ ကတော့ ရာသီဥတုအေးပြီး ရှုခင်း လတ်ဆတ်တဲ့ နေရာမျိုးတွေပါ။ ပြင်ဦးလွင်သွားမယ်ဆို ၂ ခါမခေါ်ရဘူး။ နောက်ပြီးမရောက်ဖူးသေးတဲ့ အထက်မြန်မာပြည်ကအရမ်း အေးတဲ့ဒေသတွေသွားချင်ပါတယ်။ ပုပ္ပါးတောင်ကိုလည်း သွားချင်ပါသေးတယ်။ မနှစ်က Training Camp  မှာ တောင်မကြီးထိတောင် တက်ခဲ့ကြတာလည်းမေ့လို့မရပါဘူး။ အလယ်ပိုင်းဒေသရဲ့ Oasis လို့မပြောရဘူး။ အပေါ်က ရာသီဥတုကိုသိပ်ကြိုက်ပါတယ်။ လေသံ မိုးသံမြူနှင်းသံတွေကြားမှာနေရတဲ့ခံစားချက်ကို အရမ်းကိုကြိုက်ပါတယ်ရှင်။ အများအားဖြင့်ရန် ကုန်မန္တလေးမှာအနေများလို့ထင်တယ်။ အေးတဲ့ဒေသတွေဆိုအမြဲခဏခဏသွားချင်နေတာပါရှင်။

(မေနိုင်တွေ့မေးသည်)

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 

 
Share on Google Plus

0 comments:

Post a Comment