ခိုးကူးဈေးကွက်ကို နိုင်ငံတော်အဆင့်အနေနဲ့
တရားဥပဒေစိုးမိုးမှုနဲ့ တကယ့်ကို ထိန်းသိမ်းပေးနိုင်မှ ရုပ်ရှင်လောက တိုးတက်ဖို့
Chance ရလိမ့်မယ်လို့ထင်ပါတယ်…ထွန်းအိန္ဒြာဗို
ရုပ်ရှင်တွေအရိုက်များလာတဲ့အပေါ်မှာ
ရုပ်ရှင်လောကတိုး တက်လာတယ်လို့ မမြင်ပါဘူး။ ပိုတောင်မှဆုတ်ယုတ်လာတယ်လို့ ခံစားရပါတယ်။
အစ်မတို့ ကင်မရာရှေ့စရောက်တဲ့ ခေတ်တုန်းကဆိုရင် ဇာတ်အိမ်ကောင်းကောင်းကြီးတွေကို ရက်ကြာချင်
သလောက်ကြာဆိုပြီး ဇာတ်ကိုကောင်းအောင် တည်ပြီးရိုက်နိုင်ပါတယ်။
ငွေစာရင်းဆိုလို့ရှိရင်လည်း
ထုတ်လုပ်သူပရိုဂျူဆာအနေနဲ့ Limit လုပ်မထားဘူး။ စာရင်းဖွင့်ထားတာပေါ့နော်။ ဒါပေမဲ့ အခုကျတော့
ခိုးကူးတွေ အရမ်းများနေတော့ ပိုက်ဆံထုတ်ရတဲ့ ပရိုဂျူဆာကအနေနဲ့ကလည်း သူပြန်ရှာလို့ရတဲ့ဈေးကွက်က
အရမ်းသေးသွားတယ်ပေါ့။ အဲဒီတော့ သူ့ဈေးကွက်သေးသေးလေးထဲမှာ သူပြန်ရှာလို့ရတဲ့Amountအထဲဝင်အောင်
အရင်းကိုဖြုန်းရတာ ဖြစ်တဲ့အတွက် အရာရာချုံ့လိုက်ရတယ်။ ဇာတ်တွေကိုလည်း ချုံ့ရတယ်။ ရက်တွေကိုလည်း
ချုံ့ရတယ်။
အဲဒီလိုအကုန် လုံးကိုချုံ့ရတဲ့အချိန်မှာ ဇာတ်ကောင်းကောင်းထွက်လာဖို့က ခက်ခဲသွားတယ်လို့ထင်ပါတယ်။
အစ်မတို့ကင်မရာရှေ့စရောက်တဲ့ခေတ်ကာလတုန်းကဆိုရင် မြစ်ကြီးနား Scene ဆိုရင် မြစ်ကြီးနားမှာသွားရိုက်တာ။
ကော့သောင်း Scene ဆိုရင် ကော့သောင်းကိုသွားရိုက်။ တစ် Scene တည်းjဖစ်ပါစေ၊ နှစ်
Scene တည်းဖြစ်ပါစေသွားရိုက်ရတာပါ။ ဆိုလိုတာကကုန်ကျစရိတ်ကိုပြန်ရှာလို့ရတဲ့ ဈေးကွက်ရှိတဲ့အတွက်ကြောင့်
ဇာတ်ကိုလည်းဖြုန်းနိုင်တယ်။
ဇာတ်အိမ်ထိအောင်လည်းတကယ်တည်နိုင် တယ်။ ရက်တွေလည်းအကြာကြီးရိုက်နိုင်တယ်။
ငွေလည်းအများကြီးသုံးနိုင်တယ်ပေါ့။ အဲဒီလိုမျိုးဆိုတော့ ဇာတ်လမ်းကောင်းကောင်းမွန်မွန်
ရိုက်ခဲ့ရတယ်ပေါ့။ နောက်ပိုင်းကျတော့ ရက်နည်းလေကောင်းလေဆိုတဲ့ ဈေးကွက်အရဖြစ်လာတယ်ပေါ့နော်။(ရယ်လျက်)
ဒါကိုလည်း အစ်မနားလည်ပါတယ်။ ဒီလိုမျိုး လောကဖြစ်နေတာကြောင့်တိုးတက်ဖို့က သိပ်မလွယ်သေးဘူးလို့
အစ်မမြင်ပါတယ်။ ဒီခိုးကူး ဈေးကွက်ကို နိုင်ငံတော်အဆင့်အနေနဲ့ တရားဥပဒေ စိုးမိုးမှုနဲ့တကယ့်ကို
ထိန်းသိမ်းပေးနိုင်မှ ရုပ်ရှင် လောကတိုးတက်ဖို့ Chance ရလိမ့်မယ်လို့ အစ်မထင်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment