ပရိသတ်သိတဲ့ မင်းသမီးတစ်ယောက်နဲ့အချစ်ရေးကိစ္စ… ထွန်းထွန်း






အချစ်ရေးနဲ့ပတ်သက်ရင် အရင်တုန်းက ကျွန်တော့်ကောင်မလေး ဘယ်သူဆိုတာအများက မေးစရာမလိုအောင်ထားပါတယ်။ အခုနောက် ပိုင်းနှစ်တွေမှာလောကကြီး ကဘယ်အရာမှသိပ်မသေချာဘူးဆိုတာကို နားလည်သဘောပေါက်လာတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် သမီးရည်းစားတွေကလမ်းခွဲကြတာသဘာဝပါ။ ဒါကိုကြေကွဲနေ လို့မှမရတာ။ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေဆက်လုပ်ရမယ်။ တစ်ဖက် လူမှာလည်းအခက်အခဲရှိမယ်ကိုယ့်မှာလည်း အခက်အခဲရှိမယ်ဆိုရင် အဆင်မပြေရင်လမ်းခွဲရတာပဲလေ။ ကိုယ့်ဘက်ကလည်းအကောင်းဆုံး ဖြစ်အောင်ပြင်ဆင်တယ်။ သူ့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တယ်ဆိုပေမယ့်နှစ်ဦးနှစ်ဖက်အဆင်မပြေခဲ့ရင် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ လင်မယားတွေတောင်ကွဲသေးတာပဲ။ အခုချိန်မှာ ကျွန်တော့်အတွက် သမီးရည်းစားလမ်းခွဲတာ အသည်းကွဲစရာမှမဟုတ်တာ။ အသည်းကွဲရမယ့်အရွယ်မဟုတ်တော့ပါဘူး။ အချစ်ရေးကတော့ သာ သာယာယာအေးအေးဆေးဆေးပါပဲ။ တချို့ကကျွန်တော်အသည်းကွဲနေ တယ်ထင်ကြတာ ကျွန်တော်အသည်းလုံးဝမကွဲပါဘူး။ ဒီလိုကိစ္စမျိုးက ကျွန်တော်တစ်ယောက်တည်းကြုံရတာမဟုတ်ဘူးလေ။ လူတိုင်းကျွန်တော့်လိုကြုံရမှာပဲ။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment