ဂီတနဲ့ ရုပ်ရှင်အနုပညာအလုပ်တွေ သက်ဆုံးတိုင်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်… ထွန်းထွန်း






ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ ဒီနှစ်ထဲမှာ မလုပ်ဖြစ်သေးပါဘူး။ ၂၀၁၈ ခုနှစ်ထဲမှာတော့ ကျွန်တော့် တစ်ကိုယ်တော်သီချင်းခွေသစ်ထွက်နိုင်အောင်ကြိုးစားသွားမှာပါ။ တစ်ကိုယ်တော် ရှိုးပွဲ လုပ်ဖို့ကတော့ရည်ရွယ်ချက်ရှိပေမယ့် အဝေးကြီးလိုပါသေးတယ်။ တစ်ကိုယ်တော်ရှိုးပွဲလုပ်ဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။ ကျွန်တော်က အခုချိန်မှာ ရုပ်ရှင်ဘက်မှာ အကယ်ဒမီရတယ်ဆိုပေမယ့် အနုပညာရည်ရွယ် ချက်တွေကတော့မပြည့်သေးပါဘူး။ အနုပညာအလုပ်တွေ အများကြီးလုပ်ဖို့ရှိပါသေးတယ်။ ကျွန်တော်ကအနုပညာအလုပ်တွေနဲ့ပတ်သက်ရင် လောဘကြီးပါတယ်။ အနုပညာအလုပ်ဆိုတာကလည်း ရပ်တန့်လို့မရတဲ့အရာပါ။ အမြဲတမ်းပဲ အသစ်အဆန်းတွေ ရှာဖွေနေရတာပါ။ အနုပညာနဲ့ပတ်သက်တာတွေ လေ့လာနေရပါတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေဆီကို အနုပညာအသစ် အဆန်းတွေချပြနိုင်ဖို့အတွက် အနုပညာနဲ့ပတ်သက်တာတွေ အမြဲတမ်းလေ့ လာနေရပါတယ်။ သီချင်းတွေနဲ့ပတ်သက်ရင်တော့ သီချင်းသစ်တွေကို ဖြည်းဖြည်း ချင်းစုဆောင်းနေပါတယ်။ သေချာတော့မလုပ်ဖြစ်သေးပါဘူး။ အခုချိန်မှာတော့ ကျွန်တော်ကသီချင်းတွေထက် သရုပ်ဆောင်အလုပ်တွေကိုပဲ ဦးစားပေးလုပ်ဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့ ဂီတပရိသတ်တွေအတွက်လည်း ၂၀၁၈ ခုနှစ်ထဲမှာ သီချင်းခွေသစ်နဲ့ ဂီတအလုပ်တွေ ပြန်လုပ်နိုင်အောင်ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ ဂီတနဲ့ရုပ်ရှင် အနုပညာအလုပ်တွေကိုသက်ဆုံး တိုင်လုပ်သွားဖို့ဆုံးဖြတ်ထားပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment