အစားထိုးလို့မရတဲ့အရာတွေက
သင်ဇာရဲ့မိဘနှစ်ပါးပေါ့။ ပြီးလို့ရှိရင်သင်ဇာရဲ့ အနုပညာ၊ နောက် ကုန်သွားတဲ့အချိန်တွေပေါ့။
အဲဒီကုန်သွားတဲ့အချိန်တွေကို ခုချိန်မှာ ဘာနဲ့မှလည်း အစားထိုးလို့မရဘူး။ လိုချင်လို့လည်း
ဘာနဲ့မှပြန်လဲလို့မရဘူး။ အခုဆိုရင်တဖြည်းဖြည်းနဲ့ အသက်တွေလည်းကြီးလာပြီ။ အသက်တွေကြီးလာတဲ့အခါမှာ
အချိန်ကတဖြည်းဖြည်းနဲ့ကုန်တာ မြန်လာတယ်ဆိုတာသိလာတယ်။ တစ်ခါတစ်လေကျရင် တစ်နှစ်နဲ့တစ်နှစ်
ဘယ်လိုကုန်သွားမှန်းကို မသိလိုက်ဘူး။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် မနေ့တစ်နေ့ကမှ ဒီလောကထဲရောက်လာသလိုပဲ။
ပြီးခဲ့တဲ့အချိန်မတွေမှာလည်း သင်ဇာမလုပ်ခဲ့ရတာ တွေလည်းရှိတယ်။ နောက်ပြီးမိဘပေါ့နော်။
လူတိုင်းမှာကောင်းတဲ့မိဘရှိသလို သူတို့စိတ်ထဲမှာ မကောင်းဘူးလို့ထင်တဲ့ မိဘတွေလည်းရှိချင်ရှိလိမ့်မယ်။
မိဘတိုင်းကတော့ ဘာပဲဖြစ်ဖြစ် သား သမီးကိုမွေးလာခဲ့ကြတာ။ မိခင်တွေဆိုရင်ပိုဆိုးတယ်။
သူတို့ရဲ့ အသက်ကိုပေးပြီး ရင်းပြီးမွေးလာခဲ့ကြတာ။ ငယ်ငယ်တုန်းကလည်း မိဘမေတ္တာကိုနားမလည်ဘူး။
ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ဆိုရင် ဒါ ကိုယ့်ကိုပိတ်ပင်တာပဲ။ ကိုယ်လုပ်ချင်တာကိုပေးမလုပ်ဘူးဆိုပြီးတော့
စိတ်တိုတာတွေ၊ စိတ်ဆိုးခဲ့တာတွေ ရှိတယ်။ ငယ်ငယ်တုန်းကတော့ ဂျီတိုက်တာပေါ့။ သူတို့စိုးရိမ်လို့တားတာကို
မချစ်လို့ပေးမလုပ်တာလို့ ထင်ခဲ့တယ်။ အခုတဖြည်းဖြည်း အသက်ကြီးလာတဲ့အခါကျတော့ မိဘမေတ္တာကို
အရမ်းလည်းနား လည်လာတယ်။ မိဘတွေကိုယ့်အပေါ်ထားတဲ့စိတ်ကိုလည်း အရမ်းနားလည်လာတယ်။ ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲ ဖြစ်နေတဲ့အချိန်၊ ဘယ်လောက်စိတ်ညစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ကိုယ့်အနားမှာရှိနိုင်ပေးတာ
မိဘပဲ။ ကိုယ့်ညီအစ်ကို မောင်နှမတွေတောင် သူစိမ်းဖက်လာလို့ရှိရင် ကိုယ့်မိဘတွေလောက်မကောင်းနိုင်ဘူး။
မိဘ ဆိုတာ သားသမီးတွေဘက်က အမြဲတမ်းရပ်တည်ပေးနိုင်တဲ့သူတွေ။ ချစ်သူရည်စားယောက်ျား ယူခဲ့တယ်ထားဦး။
သူငယ်ချင်းရှိတယ်ထားဦး။ ဒါတွေက အစားပြန်ရတယ်။ မိဘတို့၊ ညီအစ်ကို မောင်နှမတို့ဆိုတာ
အစားပြန်မရဘူး။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့ရှိနေတဲ့ အချိန်လေးအတွင်းမှာ သူတို့အသက်မကြီးခင်မှာ
စိတ်ချမ်းသာအောင်ဘယ်လိုထားမယ်၊ သူတို့အတွက် ဘာလေး တွေနောက်ဆုံးလုပ်ပေးမယ်။ အဲဒီလိုမျိုးကိုယ့်ဘက်ကစဉ်းစားပေါ့။
ကိုယ်လည်း တစ်နေ့မိဘဖြစ်လာမှာပဲ။ တစ်ချိန်ကျရင် အဲဒီလိုမျိုး ကိုယ့်ကိုနားလည်မပေးနိုင်တဲ့
သားသမီးတွေနဲ့ ကိုယ်တွေ့ခဲ့လို့ရှိရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာ။ အဲဒီအတွက်ကြောင့်မို့သင်ဇာဆို
သင်ဇာ့မိဘကိုတတ်နိုင်သရွေ့နားလည်ပေးတယ်။ စိတ်ချမ်းသာအောင်ထားတယ်။ တတ်နိုင်သလောက် လုပ်ကျွေးပြုစုတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment