Ubisoft



မြင်းပြိုင်ပွဲအားကစားကို ၀ါသနာပါသူတွေအတွက်တော့ အပျင်းပြေဂိမ်းလေးတစ်ခုပါပဲ။ Social Game ဂိမ်းအများစုလိုပဲ အင်တာနက်ကော်နက်ရှင်ရှိမှ ကစားလို့ရမှာဖြစ်ပါတယ်။ ထုတ်လုပ်သူက Ubisoft ဆိုတော့ ဒီဂိမ်းရဲ့အရည်အသွေးကိုတော့ မေးခွန်းထုတ်စရာမလိုပါဘူး။ ကစားသူဟာ မြင်းမွေးတဲ့လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ရမှာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ၀င်ပြိုင်နိုင်သလို နိုင်ငံတကာမှာလည်း ကိုယ့်ရဲ့ မြင်းမွေးမြူရေး ခြံတွေကိုထားရှိပြီး မျိုးသစ်တွေဖောက်နိုင်ပါတယ်။
ကစားသူဟာကိုယ်ပိုင်မြင်းမွေးမြူရေးခြံ တစ်ခုကိုရမှာဖြစ်ပြီး level10 ၀န်းကျင်လောက်အထိ feature တွေကို မိတ်ဆက်ပေးတဲ့ Tutorial လေးတွေပါဝင်တာကြောင့် ကစားရမှာမခက်ပါဘူး။ မြင်းတွေကိုကျွေးဖို့ ပဲသီးတွေ၊ ပြောင်းဖူးတွေကို ကိုယ့်ဘာသာစိုက်ပျိုးရတာဖြစ်ပြီး မြင်းစာကိုဝယ်လို့မရဘဲ ရောင်းလို့ပဲရတာ ကတော့ တစ်မျိုးကြီးပါပဲ။ ဒါ့အပြင်ရှိသမျှ အဆောက်အဦတွေအကုန်လုံးကို upgrade လုပ်ရတာကလည်း တကယ်တော့ မလိုအပ်လှဘူးလို့ ထင်ပါတယ်။ သူ့ရဲ့နောက်ခံ Theme ဟာ လက်ရှိ casual ဂိမ်းတွေထဲမှာ မရှိသေးတဲ့ မြင်းမွေးမြူရေးကို အခြေခံထားတာဖြစ်တဲ့အတွက် စဆော့ခါစမှာတော့ အတော်လေးဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိမှာပါ။ ဒါပေမဲ့ နောက်ကျတော့ ပုံမှန်စိုက်လိုက်၊ ရိတ်သိမ်းလိုက်၊ အဆောက်အဦတွေဆီက tax ပြန်ရလိုက်နဲ့ ပုံမှန် casual ဆိုရှယ်ဂိမ်းတစ်ခုရဲ့ Theme ကိုပဲ ပြန်သွားတာကို တွေ့ရပါတယ်။ ဒီလိုပုံစံမျိုးပဲ ကြိုက်တဲ့လူတွေအတွက်တော့ ကောင်းတာပေါ့လေ။
မြင်းပြိုင်ပွဲကလည်း လက်ရှိအချိန်မှာတော့ သူငယ်ချင်းတွေရဲ့မြင်းတွေနဲ့ ယှဉ်ပြိုင်ရတာမျိုး မပါသေး ဘူး။ ကိုယ့်ရဲ့မြင်းတစ်ကောင်ထဲ platform Runner ဆန်ဆန်ပြေးရင်း ဒင်္ဂါးပြားတွေကို စားရတာပါပဲ။ ကြာရှည်ပြေးနိုင်ဖို့အတွက် မြင်းအမျိုးအစားကောင်းရအောင် မျိုးစပ်ရမှာဖြစ်ပြီး ပြိုင်နိုင်တဲ့အရွယ်ရောက်အောင် လည်း ပြုစုမွေးမြူရဦးမှာဖြစ်တယ်။ level မြင့်လာရင် stamina များလာမှာဖြစ်သလို မျိုးကောင်းမြင်းတွေမှာ သူများထက် ပိုပြေးနိုင်တဲ့ ability တွေလည်းမွေးရာပါ ပါမှာပါ။ မြင်းတစ်ကောင်ကို level 5 ရောက်ရင် အရွယ်ရောက်ပြီလို့ သတ်မှတ်ပြီး ပြိုင်ပွဲတွေမှာပြိုင်တာနဲ့ မျိုးစပ်တာ ၂ ခုလုံး လုပ်လို့ရပါတယ်။ သာမာန်မြင်းနဲ့ stable နဲ့ဆိုရင်တော့ level 10 မှာ ဂိတ်ဆုံးသွားတယ်။ level တက်ဖို့က တစ်နာရီလောက်အချိန်ပေးရင် လိုအပ်တဲ့ မြင်းစာမျိုးနဲ့ gold လည်းရှိရင် level 6 လောက်တော့ ရောက်ပါတယ်။ မြင်းစာကလည်း ကိုယ်ကျွေးချင်တာ ကျွေးလို့ရတာမဟုတ်ဘဲ မြင်းကတောက်လျှောက် တစ်မျိုးပြီး တစ်မျိုးတောင်းနေတာကို ကျွေးရမှာဖြစ်တယ်။ ကိုယ့်ရဲ့ farm နဲ့ mill ကို မြန်မြန် upgrade လုပ်ထားမှ level မြင့်လာတာနဲ့အမျှ မြင်းတွေတောင်းသမျှ ကျွေးနိုင်မှာဖြစ်ပါတယ်။ Friend တွေရဲ့မြင်းခြံထဲကမြင်းတွေနဲ့ ကိုယ့်မြင်းတွေကိုမျိုးစပ်ရင် ပိုကောင်းတဲ့မြင်းကိုရပါတယ်။ ဒါ့အပြင် မြင်းတွေရဲ့ rarity နဲ့မျိုးစပ်ပုံကိုလည်း ရှင်းပြထားတဲ့ booklte လေး ပါဝင်သေးလို့ အချိန်မရွေးပြန်ကြည့်နိုင်တယ်။
ဆိုရှယ်ဂိမ်းဖြစ်တာနဲ့အညီ Social feature တွေထည့်ထားပေမယ့် နောက်ထပ်ပိုပြီးတိုးချဲ့လို့ရနိုင် သေးတယ်။ နောက်ပိုင်း update တွေမှာသာ Ubisoft က နည်းနည်းလေး ပိုအလေးအနက်ထားပြီး ပိုနက်ရှိုင်းတဲ့ gameplay နဲ့ မြင်းပြိုင်ပွဲစစ်စစ်တွေ ထည့်ပေးမယ်ဆိုရင်တော့ ဒီဂိမ်းဟာ အကောင်းဆုံး မိုဘိုင်းဆိုရှယ်ဂိမ်းတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။ Social Sim ပရိသတ်တွေအတွက်တော့ စမ်းသပ် ကစားကြည့်သင့်တဲ့ ဂိမ်းလေးတစ်ခုပါပဲ။ သူ့ရဲ့လက်ရာကလည်း ပြောစရာမရှိ၊ ချစ်စရာကောင်းတဲ့ ကာတွန်းပုံလေးတွေနဲ့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကြိုက်မြင်းကို အလှဆင်ပေးနိုင်သလို ကိုယ့်မြင်းခြံတွေ ကိုလည်း နောက်ပိုင်း ကမ္ဘာအနှံ့မှာထားရှိပြီး မျိုးသစ်တွေဖောက်နိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းအသစ်ပါပဲ
Banruka

---

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment