မကြာခင်မှာဝါကျွတ်တော့မယ်။ ၀ါကျွတ်နဲ့အတူ တစ်ပါတည်းတွဲပြီး မြင်ယောင်လာမှာကတော့ မင်္ဂလာပွဲ တွေပါပဲ။ တစ်သက်မှတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲတွေမှာ အလှအပက အမျိုးသမီးတွေအတွက်သာ တစ်ချိန်တုန်းက အရေးပါခဲ့ပေမယ့် အခုလိုဖက်ရှင်နဲ့အလှအပကို ဦးစားပေးလာတဲ့အချိန်မှာတော့ အမျိုးသမီးသာမက၊ အမျိုးသားတွေအတွက်ပါအရေးပါလာပါပြီ။ မိတ်ကပ်ပြီးရုံနဲ့တင်ပြီးမှာလား။ မပြီးပါဘူး။ မိတ်ကပ်ကိုအလှပဆုံးဖြစ်နေစေဖို့အတွက် အရေပြားကလှပ နေဖို့လိုပါတယ်။ အဲဒီတော့ မင်္ဂလာဆောင်မှာ အလှပဆုံးနဲ့ ကျက်သရေ အရှိဆုံးသတို့သားသတို့သမီးဖြစ်နေဖို့ ဘာတွေလုပ်ကြမလဲ။
ကြိုတင်ပြင်ဆင်ပါ
မင်္ဂလာပွဲမှာအလှပဆုံးအသားအရေပိုင်ဆိုင်ဖို့က
ပွဲမတိုင်ခင်ကတည်းက အသားအရေကိုအထူးရုစိုက်နေဖို့ လိုပါတယ်။ တကယ်တော့ တစ်နှစ်လောက် အချိန်ယူပြီး
ပြင်ဆင်တာကတော့အကောင်းဆုံးပါ။ ဒါပေမဲ့ အချိန်မရလို့လည်းစိတ်မပူပါနဲ့။ အသားအရေထိန်းသိမ်းတဲ့
အလေ့အထလေးကို အတတ်နိုင်ဆုံး ဂရုတစိုက်ဆောင်ရွက်ပေးပါ။
ကျွမ်းကျင်ပညာရှင်များနဲ့ပြင်ဆင်ပါ
မင်္ဂလာဆောင်ဆိုတာ
အလှအပကြိုက်သူတွေအတွက်အရေပြား အလှအပ ကုထုံးတွေလုပ်ဖို့ အကောင်းဆုံးအကြောင်းပြချက်ပဲဖြစ်ပါတယ်။
အသားအရေလှပနေဖို့ ပွဲမတိုင်ခင်ကတည်းက တစ်ပတ်တစ်ကြိမ် တစ်လတစ်ကြိမ်ပေါင်းတင်တာမျိုးတွေ
ကြိုပြီးလုပ်ထားပါ။ အရေပြားသွေးလည်ပတ်မှု ကောင်းနေစေဖို့အတွက် နှိပ်နယ်ပေးတာမျိုး၊ ကြေးချွတ်တာမျိုးလုပ်ပေးပါ။
ချွေးပေါက်များအတွင်းမှ အညစ် အကြေးများကင်းစင်စေဖို့အရေပြားထိန်းသိမ်းမှုအဆင့်ဆင့်ကို
သေချာလုပ်ပေးပါ။
မျက်နှာသန့်စင်တဲ့အခါ
အပြင်သွားတာနဲ့
ဖုန်နဲ့အညစ်အကြေးတွေကြောင့် မျက်နှာအရေပြားချွေးပေါက်လေးတွေပိတ်ပြီး ၀က်ခြံထွက် စေနိုင်ပါတယ်။
အဲဒီလို အခြေအနေမျိုးကြောင့် မျက်နှာချွေးထွက်တဲ့အခါ အဆီစုတ်စက္ကူလေးနဲ့ သုတ်တာမျိုးလုပ်ပေးပါ။
မျက်နှာသစ်တဲ့အခါ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာသုံးပြီး ပေါ့ပါးတဲ့အစိုဓာတ်ထိန်းခရင်မ်
လိမ်းပေးပါ။ အလွန်အကျွံမျက်နှာသစ်တာကလည်း အရေပြားချွေးပေါက်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။
ဖရဲသီးများများစား
ကိုယ့်ရဲ့အရေပြားက
အဆီပြန်၊ ခြောက်သွေ့၊ ထိလွယ်ရှလွယ် အရေပြား ဖြစ်နေပါစေ ရေဓာတ်လိုအပ်ပါတယ်။ အဲဒါကြောင့်ရေလုံလောက်စွာသောက်ပေးပါ။
ဖရဲသီးစားတာကလည်း အရေပြားက လိုအပ်တဲ့ရေဓာတ်ကို ဖြည့်ပေးနိုင်ပြီး အသားအရေကို စိုပြေစေပါလိမ့်မယ်။
ဖရဲသီးအပြင် စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆလတ်ရွက်များများစားပေးပါ။
ချွေးပေါက်တွေကို ဂရုစိုက်
ချွေးပေါက်တွေက
အလှပျက်စေတဲ့အထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဘယ်လောက်ပဲမိတ်ကပ်နဲ့ ဖုံးကွယ်နိုင်ပေမယ့်
ခဏသာဖုံးကွယ်နိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ချွေးပေါက်ထိန်းသိမ်းဖို့ကလည်း မင်္ဂလာပွဲမတိုင်ခင်အသားအရေကို
ထိန်းသိမ်းမှုအဆင့်မှာအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ ချွေးပေါက်တွေက နက်ရှိုင်းလေလေ
မျက်နှာပြင်ပေါ်မှာပိုပြီးကြည့်ရဆိုးလေပါပဲ။ အဲဒါကြောင့် ကြေးချွတ်ပြီး မျက်နှာပေါ်ကချွေးပေါက်တွေကို
ဖယ်ရှားပါ။
တံတောင်ဆစ်တွေကလည်း အရေးကြီးတယ်
မျက်နှာတစ်ခုတည်းအသားအရေထိန်းသိမ်းရုံနဲ့မပြီးသေးပါဘူး။
ကိုယ့်ရဲ့အလှကိုဖျက်ဆီးမယ့်အရာတွေ ကျန်နေပါသေးတယ်။ အဲဒါတွေကတော့ တံတောင်ဆစ်က အမည်းကွက်တွေပါပဲ။
တံတောင် ဆစ်ကအမည်းကွက်တွေအတွက် ရေချိုးတဲ့အခါ ဆားကိုအသုံးပြုပြီး ကြေးချွတ်ပေးပါ။ ဆားမှာပါဝင်တဲ့
ဆိုဒီယမ်က တံတောင်ဆစ်ပေါ်က အမည်းစက်တွေကိုမှေးမှိန်စေပြီး အရေပြားကိုအစိုဓာတ်ပြန်ဖြည့်ပေး
ပါလိမ့်မယ်။
နှုတ်ခမ်းသားတွေကို ဂရုစိုက်
နှုတ်ခမ်းသားလေးတွေက
ဘယ်လောက်ပဲမျက်နှာကို အသားအရေထိန်းသိမ်းမှုလုပ်ပေးနေပေမယ့် မေ့လျော့နေတတ်ကြပါတယ်။ နှုတ်ခမ်းသားလေးတွေခြောက်သွေ့ကွဲအက်ခြင်းကင်းပြီး
စိုပြေနေစေဖို့ အတွက် အပြင်သွားတဲ့အခါတိုင်း နေဒဏ်၊ လေဒဏ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက်
နေရောင်ကာကွယ်ဆ အဆ(၃၀)ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို အသုံးပြုပေးပါ။
အသားအရေနဲ့လိုက်ဖက်တဲ့
အလှဆီရွေးချယ်
အဆီပြန်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့
အစိုဓာတ်ထိန်းခရင်မ်ကို တတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ ဒါပေမဲ့
ရေဓာတ်ဖြည့်ပေးနိုင်ဖို့တော့လိုပါလိမ့်မယ်။
အစိုဓာတ်ထိန်းခရင်မ်ရွေးချယ်တဲ့အခါ Hyaluronic Acid ပါဝင်တဲ့
အလှဆီရွေးချယ်ပေးပါ။ ဒီ
Acid က အသားအရေကိုရေဓာတ်ကြာရှည်ထိန်းပေးနိုင်ရုံသာမက
အသားရေကိုစိုပြေစေပါလိမ့်မယ်။
ခြောက်သွေ့တဲ့အသားအရေ ပိုင်ရှင်တွေအနေနဲ့က အဆီမပါဝင်တဲ့ Hyaluronic Acid
ဒါမှမဟုတ်
Ferluci Acid လိုမျိုးရွေးချယ်ပေးနိုင်ပါတယ်။ ချွေးပေါက်
ကျယ်တဲ့အရေပြားပိုင်ရှင်တွေ
အနေနဲ့ကတော့ အက်စစ်ဓာတ်မပါဝင်တဲ့ Non- Comedogenic လို
ပစ္စည်းမျိုးရွေးချယ်ပေးပါ။ထိလွယ်ရှလွယ်အရေပြားပိုင်ရှင်တွေအနေနဲ့အနံ့မပါတဲ့
ပစ္စည်းလိုမျိုးရွေးချယ်ပေးပါ။
နေလောင်ဒဏ်ရာကုသ
မျက်နှာပြင်ပေါ်က
အမည်းစက်တွေနဲ့ နေလောင်ဒဏ်ရာတွေ ကုသဖို့အတွက် ကြေးချွတ်ပေးဖို့လိုပါတယ်။ အဲဒါကြောင့်
အသားအရေကို အချိန်ပေးပြီး ကြေးချွတ်ပေးပါ။ ကြေးချွတ်တဲ့အခါ သတိပြုရမှာကတော့ နှစ်ပါတ်ခြားတစ်ခါသာ
ကြေးချွတ်ပေးပါ။
ကွန်ဆယ်လာသုံးတဲ့အခါ
Foundationတွေနဲ့မတူတာကတော့မင်္ဂလာဆောင်အတွက်ကွန်ဆယ်လာသုံးတဲ့အခါ လက်ထိပ်ကလေးတွေနဲ့ သုံးပေးဖို့လိုပါတယ်။
ကိုယ့်မျက်နှာချို့ယွင်းချက်ရှိတဲ့နေရာလေးတွေမှာ ကွန်ဆယ် လာကို လက်ထိပ်ကလေးတွေနဲ့ ညင်သာစွာပုတ်ပြီးလိမ်းပေးပါ။
ဖောင်ဒေးရှင်းသုံးတဲ့အခါ
ဖောင်ဒေးရှင်းသုံးတဲ့အချိန်
ရေမြုပ်၊ ဘရပ်ရှ်နဲ့ လိမ်းတဲ့အခါ ဘယ်လိုပဲဖြစ်စေ လက်ကလေးနဲ့ သမသွာအောင် ရောစပ်ပေးဖို့
လိုပါတယ်။ လက်ဖမိုးမှာ moisturizer အနည်းငယ်၊ ဖောင်ဒေးရှင်း အနည်းငယ်ကိုရောစပ်ပေးပါ။
ဖောင်ဒေးရှင်းကို moisturizer နဲ့ ရောစပ်လိုက်တဲ့အတွက် အသားအရေကိုထိခိုက်ပျက်စီးမှု
နည်းသွားပြီး မျက်နှာကိုပါ ရေဓာတ်ဖြည့်ပြီးသားဖြစ်စေပါတယ်။
ဝက်ခြံသမားများအတွက်
ဝက်ခြံသမားများအနေနဲ့
မင်္ဂလာဆောင်အတွက် ဘာမှစိတ်ပူ မနေပါနဲ့။ Benzoy Peroxide ဂျယ်ကို ၀က်ခြံပေါ်မှာ အနည်းငယ်လိမ်းပေးပါ။
ဒီဂျယ်ကတစ်ညတာတည်းမှာတင် ၀က်ခြံနဲ့ချွေးပေါက်လေးတွေကို သိသိသာသာမှေးမှိန်ပျောက်ကွယ်သွားစေပါလိမ့်မယ်။
မိတ်ပ်ဘရပ်ရှ်တွေကို
ဆေးကြော
မိတ်ကပ်ဘရပ်ရှ်တွေကနေ့စဉ်သုံနေရတဲ့အတွက်အညစ်အကြေးတွေ ဘတ်တီးရီးယားတွေကပ်ညှိနေပါတယ်။ဒီအညစ်အကြေးတွေက
မျက်နှာအရေပြားကို ပျက်စီးစေပါလိမ့်မယ်။ အဲဒါကြောင့် မိတ်ကပ်ဘရပ်ရှ်တွေကို ပုံမှန်ဆေးကြောပြီး
နေရောင်နဲ့ ခြောက်သွေ့သွားစေဖို့လိုပါတယ်။
Eye Cream သုံး
တစ်ခါတရံမှာမင်္ဂလာဆောင်အတွက် ညိုမည်းနေတဲ့မျက်ကွင်းတွေက အလှအပကိုဖျက်ဆီးနေတတ်ပါတယ်။ မျက်ကွင်းညိုမည်း
တာတွေကို သက်သာစေဖို့ကတော့ Eye Cream ကိုသုံးပေးဖို့လိုပါတယ်။ Eye Cream ကိုသုံးတဲ့အတွက်
မျက်ကွင်းညိုတာတွေကို သက်သာသွားစေရုံသာမက မျက်ဝန်းတစ်ဝိုက်အရေးအကြောင်း တွေကိုလည်း
သက်သာပျောက်ကင်းသွားစေပါလိမ့်မယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment