ဝိတ်တက်ဖို့ကလွယ်ပါတယ်။ ၀ိတ်ကျဖို့ကသာ
ခက်ခဲနေတာပါ။ ၀ိတ်ချကာနီးစားချင်တာတွေ စားရတာနဲ့ ပတ်ဝန်းကျင်ကြောင့်ရွှေ့ဆိုင်းရတာနဲ့
အမျိုးမျိုးပျက်ရပါတယ်။ အဲဒီတော့ ၀ိတ်ကျဖို့ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစိတ်ခွန်အားတွေပေးကြမလဲ။
အလွန်အကျွံမလုပ်နဲ့
စကျင့်တုန်းကတော့
တစ်လတည်းနဲ့ ဘယ်နှပေါင်ကျအောင်လုပ်မယ်ဆိုပြီး စိတ်ကိုဆုံးဖြတ်ထားပါတယ်။ နောက်တော့ တဖြည်းဖြည်း
အစီအစဉ်တွေက ပျက်ယွင်းကုန်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်တာနဲ့သာစတင်ပါ။ အလွန်အကျွံမလုပ်ပါနဲ့။
ဖိအားမပေးနဲ့
ဝိတ်ကျချင်လွန်းလို့
တစ်ခါတည်းနဲ့ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေ၊ အစာငတ်ခံတာတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ်
မညှင်းဆဲပါနဲ့။ ရေရှည်စီမံကိန်းအတွက် ပေါ့ပေါ့ပါးပါးသာစတင်ပါ။
အကောင်းတွေး
'ငါလုပ်နိုင်ပါ့မလား'
ဆိုတဲ့ အတွေးစိတ်က ကိုယ့်ကိုယ်ကိုယ် မယုံမကြည်နဲ့ အစီအစဉ်တွေပျက်စေပါတယ်။ အဲဒါကြောင့်
'ငါလုပ်နိုင်တယ်'ဆိုတဲ့ စိတ်သာမွေးပါ။
အစီအစဉ်ချ
အစီအစဉ်ချပြီး
ဘယ်နှစ်ပေါင်ကျအောင်ကြိုးစားမယ်ဆိုတာ ပိုပြီးထိရောက်စေပါတယ်။ အစီအစဉ်မရှိ လုပ်ချင်ရာဇွတ်မလုပ်ပါနဲ့။
ကြိုတင်ပြင်ဆင်
ဝတ်ချဖို့ကိုယ့်စိတ်ကို
ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အစားအသောက်၊ အနေအထိုင်တွေထိန်းနိုင်ဖို့ ကိုယ့်စိတ်ကိုယ်
ပြင်ဆင်ထားပါ။
အောင်မြင်မှုကိုပြန်တွေး
ဝိတ်ကျဖို့လေ့ကျင့်ခန်းတွေလုပ်တိုင်း
ကိုယ်ဘာအတွက်လုပ်နေတယ်ဆိုတာ သတိရပါ။ တစ်ပေါင် ကျကျ နှစ်ပေါင် ကျကျ ကိုယ်အောင်မြင်တာလေးတွေပြန်တွေးပြီး
စိတ်ခွန်အားပြန်ရယူပါ။
ပုံစံခွက်တွေကိုမထား
ဘယ်သူ့ခန္ဓာကိုယ်လို
လှချင်တယ်၊ ဘယ်လိုမျိုးဖြစ်ချင်တယ်ဆိုတာတွေမေ့ထားလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ဗဟိုပြုပြီးစတင်ပါ။
Crystal
---ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment