Whitney ● ထာဝရအတူလက်တွဲသွားချင်တယ်ဆို ဒါလေးတွေကို ဂရုပြု



ကိုယ့်ပတ်ဝန်းကျင်က အဘိုးနဲ့အဘွားတွေ သေသည်အထိ အတူတူချစ်မြတ်နိုးကြတာ တစ်သက်လုံး လက်တွဲမဖြုတ်ကြတာမျိုးတွေ တွေ့ဖူးကောင်းတွေ့ဖူးမှာပါ။ သူတို့ရဲ့အချစ်တွေကို ဘာကတည်မြဲစေသလဲ…။လူတွေက ကိုယ့်ဘ၀အတွက် သင့်လျော်မှန်ကန်တဲ့ လူတစ်ယောက်တွေ့ပြီလို့ခံစားရရင် ဒီဆက်ဆံရေးကို ရေရှည်တည်မြဲချင်ကြတယ်။ အခက်အခဲတွေအားလုံးကိုကျော်လွှားပြီး အဆုံးထိတိုင် အတူလျှောက်လှမ်းချင်ကြတယ်။ ကိုယ်တိုင်လည်းသူ့အနားကမထွက်သွားသလို သူ့ကိုလည်းကိုယ့် အနားကမထွက်သွားစေချင်ဘူး။ အဲဒီတော့ အချစ်တွေထာဝရတည်မြဲလာဖို့ ဘယ်လိုကြိုးစားရမလဲ…။
ဒေါသကိုမြိုသိပ်မထားရဘူး
ဆက်ဆံရေးရဲ့အစမှာတော့ သူတစ်ခုခုလုပ်လိုက်လို့ ကိုယ်စိတ်ဆိုး ဒေါသထွက်ရရင်တောင် သူ့ကို ဖွင့်မပြောရဲဘူး။ သူကိုယ့်ဆီကနေ ထွက်သွားမှာစိုးလို့။ အချိန်တွေကြာလာတာနဲ့အမျှ သူကကိုယ့်ကိုယ် စိတ်ဆိုးဒေါသထွက် အောင်လုပ်နေတုန်းပဲ။ အဲဒီတော့ ကိုယ့်မှာလည်းမျိုသိပ်ထားရတာ တွေများလာမယ်။ အကောင်းဆုံးက ကိုယ်ဒေါသထွက်ကြောင်း ချက်ခြင်းဖွင့်ဟလိုက်ပါ။
အမြဲတမ်းခွင့်လွှတ်
သဘာဝအလျောက်ခွင့်လွှတ် တာမဟုတ်ဘူး။ သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးကို ထာဝရတည်မြဲဖို့ အတွက် ခွင့်လွှတ်ကြတာပါ။
မေတ္တာပေးပါ
အလုပ်သွားကာနီး အလုပ်နောက်ကျလို့ အလျင်စလိုလုပ်နေရတဲ့အချိန် ကိုယ့်အတွက်နဲ့ အရာရာကို မေ့လျော့သွားတတ်ပါတယ်။ ဒီလိုအချိန်မျိုးလေးမှာတောင်မှ သူ့ကို နမ်းဖို့မမေ့တာ၊ သူ့အတွက် သတိရတာလေးက ချစ်စရာပါ။
အမှန်ကို အာရုံစိုက်ကြတယ်
ချစ်သူတစ်ခုခုအမှားလုပ်မိရင် ဆူပူအပြစ်တင်နေတာထက် ကောင်းကွက်လေးတွေကိုပဲ ရှာဖွေဖော်ထုတ် ချီးကျူးကြပါတယ်။
ညစာအတူတူစားမယ်
ညစာစားတာဘာမှမထူးဆန်း ပေမယ့် တစ်နေကုန်အလုပ်လုပ် ပြန်လာပြီး တစ်နေ့တာ လုပ်ငန်းခွင်ထဲက အဖြစ်အပျက်လေးတွေ အတူတူဝေမျှရင်း ညစာစားတာက အချစ်တွေကိုပိုပြီးတိုးစေမှာပါ။

Share on Google Plus

0 comments:

Post a Comment