X Men : Dark Phoenix မှာ အော်လီဗီယာမန်းပြန်ပါဝင်ဖွယ်ရှိ




ရုပ်သံနဲ့ ရုပ်ရှင်မင်းသမီး အော်လီဗီယာမန်းဟာ လက်ဆွဲ သေတ္တာတွေ အများကြီးနဲ့ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ကို ရောက်လာတဲ့ဓာတ်ပုံကိုအင်စတာဂရမ်မှာ တင်လိုက်ပြီးနောက် အဲဒီမှာရိုက်ကူးနေတဲ့ X Men : Dark Phoenix မှာ X Men : Apocalypse ထဲက သူမဇာတ်ရုပ်အဖြစ် ပြန်လည် သရုပ်ဆောင်လိမ့်မယ်လို့ကောလာဟလ ထွက်လာပါတယ်။ Phoenix မှာ သူမပါဝင်ဖို့ စာချုပ်ထားရင်တော့ X-Men ဇာတ်ကားရဲ့ပင်တိုင်သရုပ်ဆောင်တွေဖြစ်တဲ့ ဂျင်နီဖာလောရင့် (စ်)၊ မိုက်ကယ်ဖါ့ (စ်)ဘင်းဒါးနဲ့ ဂျိမ်းမက်အဗွိုင်းတို့နဲ့ ပြန်လက်တွဲရမှာပါ။ Phoenix ကို (၂-၁၁-၂၀၁၈)နေ့ ရုံတင်မှာ ဖြစ်ပြီး Phoenix ဆိုတဲ့ ဂြိုဟ်သားနဲ့ ဆက်သွယ်မှုရပြီး ကြောက်စရာကောင်းတဲ့ စိတ်ချင်းဆက်သွယ်မှု တန်ခိုးတွေရရှိလာတဲ့ 'ဂျင်းဂရေး' (ဆိုဖီတန်နာ)ရဲ့အဖြစ်အပျက်တွေကို ဇောင်းပေးရိုက်ပြမယ်လို့ဆိုပါတယ်။


စိုးသိဏ်း-စုစည်းတင်ပြသည်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 
Share on Google Plus

0 comments:

Post a Comment