ဆင်ဆာဆိုရင်
ဒီမြန်မာပေါ ကားတွေရပ်ဆိုတဲ့ အခြေအနေ တစ်ခုတင်းမာလာတဲ့အချိန်မှာ ထဲထဲဝင်ဝင်ရှိတဲ့ လူကြီးတွေ
မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စကားဆွေးနွေးပွဲလေး တစ်ခုလုပ် တာကြည့်လိုက်ရပါတယ်။
အဲဒီထဲမှာဆင်ဆာနဲ့ပတ်သက်ပြီး လူငယ် ဒါရိုက်တာတစ်ယောက်ပြောတဲ့ စကားတစ်ခုကိုသိပ်သဘောကျပါတယ်။
ဘာကိုသဘောကျလည်းဆိုတော့ နိုင်ငံတကာမှာဆိုရင် ၁၈ အောက်မကြည့်ရဆိုတဲ့ တြိဂံတုံး လေးတွေ
Marking လေးတွေပါ တယ်။ အမှန်က အဲဒီလိုjဖစ်သင့်တယ်။ မကြည့်ရဆိုရင်မကြည့်နဲ့ ပေါ့။ ဒီလိုအကြောင်းအရာတစ်ခုပါမှ
ဒီလိုဇာတ်ဝင်ခန်းက ထိရောက် တာမျိုးတွေရှိတယ်။ ဒီလိုဇာတ်ဝင် ခန်းပါမှနောက်ဆင့်ကဲဖြစ်မယ့်
ဇာတ်လမ်းသဘောတရားပေါ်ပေါက် လာမယ်။ ဒီအဓိကအကြောင်း အရာတစ်ခုကိုဖြတ်ထုတ်လိုက်ရင် ဒါမပါရင်ဒီဇာတ်လမ်းက
ဘယ် လိုဖြစ်ပေါ်လာတော့မှာလဲ။ အဲဒါ ကြောင့်မို့၁၈ နှစ်အောက် မကြည့် ရဆိုလည်းမကြည့်နဲ့၊
၂၀ အောက် မကြည့်ရဆိုလည်းမကြည့်နဲ့ အဲဒီ လိုမျိုးလေးတွေပဲ ဖြစ်သင့်ပါတယ်။ ရိုက်တာကတော့
အကုန်လုံးလွန် လွန်ကျူးကျူး ဘယ်သူမှမရိုက်ပါ ဘူး။ ဒါပေမဲ့လည်းပြစ်မှားချင် လောက်တဲ့
အနေအထားပေါ့။ သူ့ရဲ့ကာရိုက်တာကို ဖော်ကျူးဖို့ အတွက်ရိုက်တာမို့ ခွင့်ပြုရမယ်လို့ လည်းထင်ပါတယ်။
အဲလိုမှခွင့်မ ပြုဘဲ၊ ပိတ်ထားမယ်တားဆီးဦးမယ် ဆိုရင်တော့အရင်တုန်းကလိုပဲ မဲပြာ ပုဆိုးပြန်ဖြစ်မှာ
ကျိန်းသေတယ်။
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment