ကိုရီးယားမှာ
ခွဲစိတ်ဖို့သွားတယ်ဆိုပေမယ့် ကျွန်တော် မလုပ်ဖြစ် ခဲ့ပါဘူး။ ကျွန်တော့်ကို သူတို့သေချာစစ်ကြည့်ပေမယ့်
ကျွန်တော့်အနေနဲ့ သိပ်ဟဲဗီး(အများကြီး)လုပ်စရာမလိုတာကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး။ အစ်ကို့
မျက်နှာမှာလည်း ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘူး။ ဗိုက်ကအဆီတွေကိုလည်း ခွဲထုတ်ပစ်စရာမလိုဘဲ
ဆေးသောက်ရင်ရတယ်လို့ပြောပါတယ်။ ပြီးတော့ အစ်ကိုကသွေးနည်းနည်းကျဲတော့ သူများတွေလို ၂ရက်
၃ရက်နဲ့ အနာကျက်ရမယ့်နေရာမှာ အစ်ကိုက တစ်ပတ်ဆယ်ရက် လောက်ကြာမှ အနာကျက်နိုင်မယ့် အခြေအနေမျိုးဖြစ်သလိုခွဲစိတ်စရာလည်းမလိုတော့မလုပ်
ပဲပြန်လာခဲ့တာပါ။ ကိုယ်တို့အနုပညာသမားတွေ မျက်နှာခွဲစိတ်ပြုပြင်ဆာဂျရီ လုပ်တယ်ဆိုတာက
အရင်ကထက် ပိုလှချင်လို့ပိုလှလာအောင်လုပ်တာ မဟုတ်ပါဘူး။ အနုပညာသမားဆိုတော့ ကိုယ့်ပရိသတ်တွေအတွက်
အရင်လိုငယ်ရုပ်လေးပြန်ရအောင်လုပ်ကြည့်တဲ့ သဘောပါ။ အသက်အရွယ်ဇရာကိုအံတုတာလည်းမဟုတ်ဘူး။
ဒီလို လုပ်တာရိုးရိုးရှင်းရှင်းလေးပါပဲ။ အရင်တုန်းကလို ငယ်ရုပ်လေးပြန်ရဖို့နဲ့ပိုနေတဲ့
အသားတွေအဆီတွေကိုဖယ်ထုတ်ပစ်တဲ့သဘောပါ။ အချို့လူတွေလို မျက်နှာတစ်ခုလုံးကို အသစ်ပြောင်းပစ်တာမျိုးမလုပ်ပါဘူး။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment