စီ;ပွားရေးတက္ကသိုလ်တစ်ခုခုတက်ဖြစ်မယ်လို့ထင်ပါတယ်…ယွန်းယွန်း









အဝေးသင်တက်ဖို့အတွက်စဉ်းစားထားပါတယ်။ စိတ်ဝင်စားတဲ့မေဂျာတွေက နှစ်ခုသုံးခုလောက်ရှိပေမယ့် အခုတက်နေတဲ့ Business အပိုင်းနဲ့ပတ်သက်တဲ့ ဘွဲ့အတွက် အထောက်အကူဖြစ်စေမယ့် စီပွားရေးတက္ကသိုလ်တစ်ခုခုတက်ဖြစ်မယ်လို့ထင်ပါတယ်…ယွန်းယွန်း

မကြာသေးခင်ကမှမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များရဲ့ သားသမီးများအတွက် ပညာရေးထောက်ပံ့လှူဒါန်းပွဲမှာကွန်ပါဘူး(၇၀)လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်း ကို သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာများမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက် ပါတယ်။

အခုလိုအတူတကွလှူဒါန်းဖြစ်ခဲ့ပုံလေးကိုပြောပြပေးပါ။
ဒီနေ့ကတော့မူလတန်းကလေးတွေအတွက်ကွန်ပါဘူးအလုံး(၇၀)လှူဖြစ်ခဲ့တာပါ။

နှစ်တိုင်းရောဒီလိုပဲလှူဖြစ်ခဲ့သေးလား။
အရင်နှစ်တွေကဆိုရင်သိလိုက်တဲ့အခါရှိသလိုမသိလိုက်တဲ့အခါတွေလည်းရှိတော့ သိလိုက်ရင် လည်းငွေ သား လောက်ပဲလှူဖြစ်ခဲ့တယ်။ ဒီလိုသေသေချာချာလေးလှူဖြစ်ဖို့တော့ မစဉ်းစားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်း လောက်က သမန်းကျားဆိုတဲ့ရုပ်ရှင်ကားအတွက်လည်း လာရောက်ရိုက်ပေးဖြစ်ခဲ့ ရင်းနဲ့သိခဲ့ရ တယ်။ လူကြီးတွေ ပြောနေတာနဲ့တင်စိတ်ဝင်စားတယ်။ လှူလည်းလှူချင်တယ်။ အတွေ့အကြုံလည်း မရှိဘူးဆိုတော့ မေမေ့ကို စီစဉ်ခိုင်းလိုက်ရပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ရော ဘယ်လိုတွေစီစဉ်ထားလဲ
ညီမအခုတက်ဖြစ်နေတဲ့ MHN မှာ Business အပိုင်းနဲ့ ပတ်သက်တဲ့သင်တန်းတတ်နေပါတယ်။ Level 4 ပေါ့နော်။ Level 6 ပြီးသွားလို့ နောက်၂နှစ်နေရင် ဒီပလိုမာရမှာပါ။ အဲ့ဒါပြီးလို့နိုင်ငံခြား မှာကျောင်း ဆက် တက်ရင် MBA ရမှာပါ။ မိဘတွေကလည်းပြည်တွင်းတက္ကသိုလ်ကိုလည်းတက်စေချင်တယ်။ ပြည်တွင်း ကဘွဲ့ကိုလည်း ယူစေချင်တယ်ပေါ့နော်။ အဲဒီအတွက်လောလောဆယ်တော့အဝေးသင်တက်ဖို့အတွက် စဉ်းစားထားပါတယ်။ စိတ်ဝင်စားတဲ့ မေဂျာတွေက ၂ ခု ၃ ခုလောက်ရှိပေမယ့် အခုတက်နေတဲ့ Business အပိုင်းနဲ့ပတ်သက်တဲ့ ဘွဲ့အတွက် အထောက်အကူဖြစ်စေမယ့်စီးပွားရေး တက္ကသိုလ်တစ်ခုခုတက်ဖြစ်မယ် လို့ ထင်ပါတယ်။

ပညာရေးအပြင်အနုပညာအလုပ်တွေကိုပါဆက်လုပ်သွားမယ်ဆိုတော့အနုပညာနဲ့ပတ်သက်ပြီး မျှော်လင့်နေတဲ့ပရိသတ်အတွက်ကို စကားလေးပြောပေးပါဦး။
မနှစ်တုန်းကတော့ အနုပညာအလုပ်တွေ လျှော့လိုက်တဲ့အတွက် ဒီနှစ်မှာတော့ ပိုလုပ်ဖြစ်မယ်လို့မျှော်လင့်ပါ တယ်။ ငယ်ငယ်တုန်းကလည်း ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့ အတွက် အရွယ်ရောက်လာတဲ့အခါမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံ ချင် တယ်။ ဇာတ်ကားကောင်းလေးတွေလည်းရိုက်ကူးသွားချင်တယ်။ ပရိသတ်တွေ မျှော်လင့်ထားတဲ့ဇာတ် ကိုပြချင်တဲ့ အတွက် အဲ့ဒီလိုအခွင့်အရေးရခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

အနုပညာနဲ့ပတ်သက်ပြီးတော့ အခုလို အလုပ်ပြန်လုပ်တော့မယ့်အခါမှာ သရုပ်ဆောင် အပိုင်းနဲ့ပတ်သက်လို့ ဘယ်လိုထူးထူးခြားခြားလေး တွေစဉ်းစားထားတာရှိမလဲ
 အနုပညာနဲ့ပတ်သက်လို့ကတော့ ရိုက်ဖို့အတွက်ကတော့ပေါ့ပေါ့ပါးပါးပြောထားတာပဲရှိသေးတာပေါ့နော်။ စာချုပ်တွေနဲ့လည်း လုပ်ထားတာမရှိသေးဘူး။ ကာရိုက်တာထူးခြားမှုဆိုတာက ဆရာတွေနဲ့ သင်ပြပေးမှုနဲ့ လည်းဆိုင်ပါတယ်။ တကယ်လို့ကမ်းလှမ်းလာခဲ့ရင်လည်း အပြင်က သမီးရဲ့အသက်နဲ့လည်း အရမ်း မကွာဘူး။ သဘာဝလည်းကျရမယ်။ ပရိသတ်တွေဘက်ကလည်း လက်ခံပေးမယ်ဆိုရင် သမီးဘက်က အကောင်းဆုံး ကြိုးစားသွားမှာပါ။

ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရိုက်ကူး သွား မယ်လို့စဉ်စားထားလား
ညီမကအခုဆိုဆိုရင်အသက် ၁၆ နှစ်ရှိပြီဆိုတော့ နိုင်ငံတကာမှာဆိုရင် ဒီအရွယ်မှာ Main Actress နေရာက နေသရုပ်ဆောင်နေကြပါပြီ။ သမီးကိုလည်းခေါင်းဆောင်မင်း သမီးအဖြစ်လာရောက် ကမ်းလှမ်းခဲ့ ရင်သမီး ဘက်ကအသက်အရွယ် အရအဆင်သင့်ဖြစ်နေလောက်ပြီလို့ထင်ပါတယ်။ သရုပ်ဆောင် ပညာ အရ လိုအပ်နေတာတွေရှိပါသေးတယ်။ အချိန်ကိုအသုံးချပြီးတော့ လေ့လာသွားမှာပါ။

နောက်ဆုံးအနေနဲ့ညီမကို အားပေးကြမယ့် ပရိသတ်တွေကိုရော ဘာပြောချင်ကြသေးလဲ။
 ဆယ်တန်းတစ်နှစ်လုံးပျောက်သွားတာတောင်မှ ညီမကိုသတိတရနဲ့အားပေးကြတယ်။ ဆယ်တန်းအောင် စာရင်းရဲ့ ရလာဒ်အပေါ်မှာလည်း အတူတူရင်ခုန်ပေးခဲ့ကြတဲ့ပရိသတ်တွေကို အများကြီးကျေးဇူးတင်ပါ တယ်။ ဒါပေမဲ့ မနှစ်ကတစ်နှစ်ပတ်လုံးဖေ့စ်ဘွတ်ခ်မသုံးဖြစ်တဲ့ အခါကျတော့အကောင့်အတုတွေအများကြီး ပေါ်လာတာကြောင့် ပရိသတ်တွေအတွက်အထင်လွဲစရာ တွေမဖြစ်စေချင်ပါဘူး။ တချို့ပရိသတ်တွေ ကျတော့ မသိတာတွေလည်းရှိတယ်။ အလိမ်ခံရတာတွေလည်းရှိခဲ့တယ်ဆိုတာကိုသိရတဲ့အတွက် စိတ် မကောင်းပါ ဘူးလို့… ညီမလည်း အခုဆယ်တန်းပြီးတော့မှ ဖေ့စ်ဘွတ်ခ်ပြန်သုံးတာဖြစ်တာကြောင့် အကောင့်အတုနဲ့ အစစ်ကိုခွဲခြားနိုင်အောင်ပြန်သုံးဖြစ်တာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment