ဂျင်းအတိုအရှည်ဒီဇိုင်းမျိုးက ဘယ်တော့မှဟောင်းမသွားဘူး…







ဂျင်းအတိုအရှည်ဒီဇိုင်းမျိုးက ဘယ်တော့မှဟောင်းမသွားဘူး… တော်တော်ကြိုက်တယ်…ယွန်းမှီမှီကျော်
=====================

ဖက်ရှင်နဲ့ပတ်သက်ပြီး ညီမအခုထက်ထိ သတိတရရှိနေတာလေးက ဆံပင်ပုံစံပါ။ အနောက်က အီမိုဂါလိုပုံစံ ကုတ်ဝဲလေး၊ အရှေ့က ဆံပင်အတိုလေးထားတယ်။ အဲဒီပုံစံကို ညီမ (၅)တန်းလောက်အထိမပြောင်းပဲထား တယ်။ မှတ်မှတ်ရရအဲလိုဆံပင်ထားပြီးတော့ ကတုံးတုံးလိုက်တာ။ ပြီးတော့ ပဲများပြီးမျက်မှန်တပ်လိုက်သေး တယ်။ အတုံးနဲ့မျက်မှန်နဲ့အရမ်းရယ်ရတယ်။ အခုပြန်ကြည့်ရင်တောင်ရယ်ချင်တယ်။ ဒီမော်ဒယ်စမလုပ်ခင်က တည်းက ညီမကြိုက်တဲ့ Fashion က ဂျင်းနဲ့စွပ်ကျယ်အင်္ကျီ လေးတွေပဲ။ အဲဒါဝတ်ထားတဲ့သူတွေကိုကြည့်ရ တာလွတ်လပ်တယ်။ အဲလို ကိုယ်ကျပ်အင်္ကျီလေးတွေကိုလည်းသဘောကျတယ်။ ဂျင်းအတို၊ အရှည်၊ ဒီဇိုင်းမျိုး က ဘယ်တော့မှ ဟောင်းမသွားဘူးလေ။ ဘယ်သွားသွား အဆင်ပြေတယ်။ အခုထိလည်း ခေတ်မီသေးတယ်။ အဲဒီဟာလေးတော့ တော်တော်ကြိုက်တယ်။ 


---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment