ဇရာအစက်အပြောက်ဆိုတာ
မယ်လ်နင် အရေပြားရောင်ခြယ် အလွန်အကျွံထုတ်လုပ်မှုကြောင့် ဖြစ် လာရတဲ့ ပြဿနာပါ။
ရောင်ခြယ်တွေ များလာတယ်ဆိုတာလည်း နေရောင်ခြည်နဲ့ထိတွေ့လွန်းတာကြောင့်ပါ။ ဒီအစက်အပြောက်တွေကို
မျက်နှာ၊ လက်၊ လက်မောင်း ပခုံးနဲ့ အရေပြားနေရောင်ခြည်အထိ အတွေ့များ တဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။
ဇရာအစက်အပြောက်လို့ခေါ်ရခြင်း အကြောင်းကတော့ အသက် ၅၀ ကျော်အရွယ်တွေမှာ အဖြစ်များလို့ပါ။
လူငယ်တွေ အနေနဲ့လည်း နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီဇရာအစက်အပြောက်တွေကို
ဘယ်လိုဖယ်ရှားမလဲ။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က အစက်အပြောက်တွေ လျော့နည်းစေပြီး
အသားအရောင်ညီညာစေပါတယ်။ သူ့မှာပါဝင်တဲ့ Hydroxy acid က ဒီအစက်တွေကို ပါးလျသွားစေပါတယ်။
ပန်းသီးရှာလကာရည်၊ ရေ နဲ့ ပျားရည်ရောစပ်ပြီး မျက်နှာပေါ် ၁၅ မိနစ်ခန့်လိမ်းပေးပါ။ တစ်နေ့
တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။
သံပုရာရည်
သံပုရာရည်မှာပါတဲ့ aitric acid က အရေပြားဆဲလ်
အသေတွေကိုဖယ်ရှားပေးပြီး အရေပြားသစ်ကို ပြန်ဖြစ်စေပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင် C
က Free radical တွေကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းမှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးက
အရေပြားဆဲလ် အသေတွေကိုဖယ်ရှားပေးပြီး ကျန်းမာတဲ့ ဆဲလ်အသစ်လေးတွေ ထွက်ဖို့ကူညီပေးပါတယ်။
ပုံမှန်သုံးပေးရင် အရေပြားကို လန်းဆန်းပြီး ရေဓာတ်ဖြည့် ပေးပါလိမ့်မယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာပါတဲ့ Lactic acid က ဇရာအစက်အပြောက်တွေကို ကုသဖို့အတွက် အကောင်းဆုံးပါ။ အရေပြားအရောင်မညီတာ၊
ဆဲလ်အသေတွေကို ဖယ်ရှားပေးခိုင်းပြီး အစက်အပြောက်တွေတဖြည်းဖြည်း လျော့နည်းစေပါတယ်။
ဗီတာမင်
E
ဗီတာမင်
E က ခန္ဓာကိုယ်အနှံ့က အစက်အပြောက်တွေ ဖယ်ရှားပေးမယ့် အကောင်းဆုံးဆေးတစ်လက်ပါ။ အင်တီအောက်ဆီဒင့်လည်း
ဖြစ်နေတဲ့အတွက် ပြင်းထန်တဲ့ UV ကြောင့် ပျက်စီးခြင်း တွေကိုပြန်ပြီး ကောင်းမွန် စေပါတယ်။
နနွင်း
နနွင်းကို ရှေးနှစ်ပေါင်းများစွာကတည်းက
အရေပြားကုသဖို့အတွက် သုံးနေတာပါ။ နနွင်းမှာပါတဲ့ ဓာတ်ကို ဆန့်ကျင်ဂုဏ်သတ္တိတွေကြောင့်
free radical ကြောင့် ပျက်စီးသွားတဲ့အသားအရေနဲ့ အစက် အပြောက်တွေကို မှေးမှိန် ပျောက်ကွယ်စေပါတယ်။
ခရမ်းချဉ်သီး
အက်ဆစ်ဓာတ်ကြွယ်ဝပြီး ကြေးချွတ်နိုင်စွမ်းရှိတဲ့ခရမ်းချဉ်သီးက
အရေပြားအစက်အပြောက်တွေ၊ မှဲ့ခြောက်တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။
ရန်နိုင်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment