High
School Musical ဇာတ်ကားနဲ့ စတင် နာမည်ရခဲ့ပြီး ရုပ်ရှင်ကားအတော်များများမှာ ပါဝင်ခဲ့ကာ
လတ်တလောနိုင်ငံတကာမှာ အက်ရှင်မင်းသားကြီး ရုံတင်ပြနေဆဲဇာတ်ကား Baywatch မှာ အက်ရှင်မင်းသားကြီး
ဒွိန်းဂျွန်ဆင်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသား ဇက်(ခ်) အက်ဖရွန်ကို Empire မဂ္ဂဇင်းက
တဒင်္ဂတွေ့မေးထားပုံလေး ဖော်ပြပေးချင်ပါတယ်။
ခင်ဗျားအကြိမ်ရေအများဆုံးကြည့်တဲ့ ရုပ်ရှင်ဇာတ်ကားကဘယ်ဟာလဲ။
ငယ်ငယ်က ကြည့်ခဲ့တဲ့
Goonies ဖြစ်မယ်။ The Matrix ဇာတ်ကားလည်းအကြိမ်ကြိမ်ကြည့်ခဲ့တယ်။
ခင်ဗျားရခဲ့တဲ့ဆုတွေဘယ်မှာထားသလဲ။
ကျွန်တော့်မိဘတွေကိုအပ်ထားတယ်။
အဖေ့ အိမ်မှာတချို့၊ အမေ့ အိမ်မှာတချို့ရှိတယ်။ MTV ရုပ်ရှင်ထူးချွန်ဆုဖြစ်တဲ့ ပင်လယ်လှိုင်းစီး
ပျဉ်ချပ်တော့ ကျွန်တော် သိမ်းထားတယ်။
ခင်ဗျားရဲ့နာမည်ပြောင်က
ဘာလဲ။
တချို့က
'ဇီး' (Zee) လို့ခေါ်တယ်။ အမှန်တော့ Zac ဇက်(ခ်)က နာမည်ပြောင်ပါ။ နာမည်ရင်း Zachary
ရဲ့ အတိုကောက်ပေါ့။ Shaggy နဲ့ Grem လို့လည်းခေါ်ကြသေးတယ်။
လောလောဆယ် ခင်ဗျားဖုန်းနဲ့စာရိုက်ပြီး
စကား ပြောတဲ့ နာမည်ကျော်အနုပညာရှင်က ဘယ်သူလဲ။
Stranger
Things စီးရီးထဲက မင်းသမီးလေး မီလီဘော်ဘီဘရောင်းပဲဖြစ်မယ်။
ကျောင်းမှာတုန်းကခင်ဗျားရဲ့ ပထမဆုံး
ကျောင်းပြဇာတ်မှာ ဘယ်ဇာတ်ရုပ်အဖြစ်သရုပ် ဆောင်ရသလဲ။
The
Music Man မှာ ဟယ်ရိုး(လ်)မီး(လ်)အဖြစ် သရုပ်ဆောင်ပါတယ်။ အသက်က (၁၁)နှစ်(၁၂)လောက်ပဲ
ရှိဦးမယ်။
ဟိုတယ်တစ်လုံးကနေ့ခင်ဗျားခိုးယူခဲ့တဲ့
အကောင်းဆုံးပစ္စည်းကဘာလဲ။
မကြာခင်က
ဒူဘိုင်းကဟိုတယ်တစ်လုံးက ခိုးစီးခဲ့တဲ့ ခြေညှပ် ဖိနပ်ပေါ့။ ကျွန်တော့်ရှူးဖိနပ်တွေ
သေတ္တာထဲသော့ ခတ်သိမ်းမိလို့ အဲဒါပဲစီးပြီး လေယာဉ်ပေါ်တက်၊ အမေရိကန်ကို ပြန်ခဲ့တယ်။
စိုးသိဏ်း-စုစည်းတင်ပြသည်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment