ကိုယ့်ဒေသ ကိုယ့်ကျေးရွာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်လုပ်ယူမှရမယ်ဆိုတဲ့ အသိစိတ်ဓာတ်လေးပေးစေချင်တဲ့သဘောပါ… ဇာဂနာ







သရာစောထိ ဇာတ်လမ်းကိုကတော့ ကျွန်တော်ရေးထားတာပါ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းဇာတ်ညွှန်း ကျွန်တော်ရေးထားတာပါ။ ဒီဇာတ်ကားက အမျိုးသား ဒီမိုကရေစီရက်သတ္တပတ်အတွက် စီစဉ်ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကပေးချင်တဲ့ သရာစောထိ ဆိုတဲ့ကျောင်းဆရာလေးက နယ်ခံဒေသက လူတွေကို သူများအားမကိုးဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ အသိပညာပေးတဲ့ သဘောပါ။ အဓိကတော့ တိုင်းပြည်မှာ ကိုယ့်ကိုယ်တိုင်လည်း တိုင်းပြည်ကောင်းကျိုးဘာတစ်ခုမှ ဘယ်တုန်းကမှ မလုပ်ခဲ့သလို လုပ်တဲ့သူတွေကိုကျတော့ ဘေးထိုင်ဘု ပြောနေကြတဲ့ လူတချို့အကြောင်းလည်းပါသလို လူငယ်တွေ ကိုယ်တိုင်ကလည်း ဒီအချိန်မှာ ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်ဘာသာ တိုးတက်ရေးအတွက် အစိုးရက ပေးမယ့်အကူအညီအထောက်ပံ့တွေကို စောင့်ဆိုင်းမနေဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်ဒေသ ကိုယ့်ကျေးရွာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်လုပ်ယူမှရမယ်ဆိုတဲ့ အသိစိတ်လေးပေးချင်တဲ့ သဘောပါ။ ဒီဇာတ်ကားကို သံတောင်ဒေသတစ်ဝိုက်မှာ သွားရောက် ရိုက်ကူးမှာပါ။ ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ထားပါတယ်။ သရာစောထိ ရုပ်ရှင် ဇာတ်ကားကို မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ် အထိမ်းအမှတ်မှာ ပါဝင်ပြသသွားမှာပါ။ သရာစောထိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဘကြီးအောင်(စံရွှေမောင်) မှ ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ထွန်းထွန်း၊ ယုသန္တာတင်၊ ယဉ်လက်၊ နေဆန်း၊ လူမုန်း၊ ငှက်ပျောကြော်၊ စိန်သီး၊ ဇီးသီးနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာပါ

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


 
Share on Google Plus

0 comments:

Post a Comment