သင့်မှာတန်ဖိုးကြီး
Android စမတ်ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင် ဒီ App ကို မဖြစ်မနေထည့်သွင်းရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် သင်ဟာသင့်ရဲ့ဖုန်းကို အမြဲတစေမျက်စိထောင့်ထောက်
စောင့်ကြည့်နေနိုင်မှာမဟုတ်ပါဘူး။ ဖုန်းအားသွင်းနေရင်းပဲဖြစ်ဖြစ်၊ ရုတ်တရက် အနီးအနားကို
ထသွား ထလာ ပြုလုပ်မိတာပဲဖြစ်ဖြစ် တန်ဖိုးကြီးလှတဲ့ကိုယ့်ရဲ့ စမတ်ဖုန်းဟာ ကိုယ်နဲ့ကင်းကွာ သွားတတ်ကြ ပါတယ်။
ဒီလို အချိန်အခါမျိုးဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင် အရေးမကြီးလောက်ပေမယ့် တခြားနေရာဒေ သတစ်ခုခုကို
ရောက်ရှိနေလို့ အစိမ်းသက်သက်ဖြစ်နေတဲ့ ပတ်ဝန်းကျင်နဲ့ဆိုရင်တော့ ကိုယ့်ရဲ့ စမတ်ဖုန်း အတွက်
စိုးရိမ်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကပဲ ခဏခဏသတိမေ့ တတ်ပြီး
ဖုန်းပျောက်ရှတာ မျိုးကို ကာကွယ်ချင်တာပဲဖြစ်ဖြစ်၊ ကိုယ်မရှိတဲ့ အချိန်အခိုက်အတန့်ခဏလေးမှာ
ကိုယ့်ရဲ့ဖုန်းကို သူတပါးယူသွား တာတို့၊ အချက်အလက်တွေကိုဝင်ကြည့်တာတို့ မဖြစ်ရအောင်
Anti-Theft alarm Apps လေးနဲ့ ကြိုတင်တား ဆီးကာကွယ်ထားနိုင်ပါလိမ့်မယ်။
ဒီ
App ကိုရယူဖို့အတွက် ပထမဆုံး Google Play Store ဒါမှမဟုတ် One Mobile လိုနေရာမျိုးကနေ
Anti-Thef Alarm လို့ ရိုက်ထည့်ပြီးရှာဖွေလိုက်ပါ။ ဒီလိုရှာဖွေလိုက်တာနဲ့ Anti-Thef
Alarm ဆိုတဲ့နာမည်နဲ့ App တွေများစွာပေါ်လာတဲ့အထဲက mmapps mobile ဆိုတဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့
Anti-Theft Alarm ဆိုတဲ့ နာမည်ပါတဲ့ App ကို ရွေးချယ်ပြီးထည့်သွင်းရမှာဖြစ်ပါတယ်။
ပြီးရင်အောက်ဆုံးမှာဆက်ပြီးတွေ့ရမှာက
Advanced Settings ဖြစ်ပြီး ဖုန်းကိုဘယ်လောက်ထိ လှုပ်ရှားမှုမျိုးမှာသိရှိနိုင်ဖို့ထားမလဲ၊
မြည်တဲ့အသံရဲ့ အကျယ်နှုန်းကဘယ်လောက်လဲ အစရှိသဖြင့် ဆက်လက် ချိန်ညှိရွေးချယ်နိုင်မှာဖြစ်ပြီး
ဖုန်းရဲ့လှုပ်ရှားမှုနှုန်းဖြစ်တဲ့ Motion Sensibility ကို ၁၀၀ အပြည့် တင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
ဒါမှကိုယ့်ရဲ့ဖုန်းကို နည်းနည်းလေးထိတာနဲ့ ထမြည်မှာဖြစ်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment