ဗောက်ထတဲ့ပြဿနာ အဖြေရှာ…










ခေါင်းတွေယားလွန်းလို့ မကြာခဏကုတ်နေရပါသလား။ ဒီလိုဆိုရင်တော့ ဦးရေပြားပေါ်က ဗောက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဗောက်ဖတ်တွေက အ၀ါရောင်၊ အညိုရောင်၊ အနက်ရောင်တွေနဲ့ ဦးရေပြားအနှံ့တွယ်ကပ်နေနိုင်ပါတယ်။ အကြောင်းကတော့ ဦးရေပြားခြောက်သွေ့ တာကြောင့်ဖြစ်နိုင် ပါတယ်။ ဆံကေသာဆိုးဆေးတွေ၊ ဆံကေသာထိန်းပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ခေါင်းပေါ်က ဗောက်ဖတ်တွေကို ဘယ်လိုဖယ်ရှားကြမလဲ။

ရေနွေ
ခေါင်းပေါ်ကဗောက်ဖတ်တွေကိုဖယ်ရှားဖို့ ရေနွေးအိတ်လေးနဲ့ဖိထားပေးပါ။ ဗောက်ဖတ်တွေနူးညံ့သွားတဲ့အခါ သူတို့အရွယ်အစား တဖြည်းဖြည်းငယ်သွားပါလိမ့်မယ်။ တနေ့တစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

ပန်းသီးဗီနီဂါ
ဗောက်ဖတ်တွေကိုကုသဖို့ ပန်းသီးဗီနီဂါကလည်း အသုံးဝင်ပါတယ်။ ပန်းသီးဗီနီဂါမှာပါတဲ့ မှိုတွေကိုသေစေနိုင်တဲ့ဂုဏ်သတ္တိက ဗောက်တွေကိုဖယ်ရှားပေးပြီး ဦးရေပြားရဲ့ pHကို ညီမျှစေပြီး ခြောက်သွေ့ယားယံခြင်းကင်းစေပါတယ်။

ဆီနဲ့နှိပ်ပေး
ဦးရေပြားယားယံပြီး ဗောက်ထတာသက်သာစေဖို့ ဆီခပ်နွေးနွေးလေးသုံးပြီးနှပ်ပေးနိုင်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီတို့က ဦးရေပြားကိုအစိုဓာတ်ဖြည့်ပေးပြီး ဗောက်ထတာသက်သာစေပါတယ်။ 

ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ယားယံခြင်းသက်သာစေတဲ့ဂုဏ်သတ္တိက ဦးရေပြားပေါ်ကဗောက်တွေကို 
ဖယ်ရှားသန့်စင်ပေးပါတယ်။ ဆံသားနဲ့ဦးရေပြားကို စိုပြေစေပြီး လှပတဲ့ဆံကေသာပိုင်ဆိုင်စေပါတယ်။

လက်ဖက်ပင်အဆီ
လက်ဖက်ပင်အဆီမှာပါတဲ့ ယားယံခြင်းသက်သာစေပြီး မှိုတွေကိုသေစေနိုင်တဲ့ဂုဏ်သတ္တိက ဦးရေပြားကိုသန့်ရှင်းစေပြီးအားဖြည့်ပေးပါတယ်။

သံပုရာရည်
သံပုရာရည်ကတော့ ဗောက်ထတာ၊ ပိုးမွှားတွေကိုသန့်စင်ဖယ်ရှားပေးရာမှာသုံးတဲ့ အကောင်းဆုံး အိမ်တွင်းဆေးဝါးပါ။ သံပုရာရည်က ဗောက်ထတာသက်သာစေပြီး ဆံကေသာကိုသန့်စင်စေပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment