မိန်းကလေးတိုင်းအတွက်
အရေးကြီးဆုံးမေးခွန်း၊ အမေးများဆုံးမေးခွန်းတွေထဲက တစ်ခုကိုပြောပါဆိုရင် 'လှပအောင်ဘယ်လိုနေကြမလဲ'
ဆိုတာပါပဲ။ အဲဒီတော့ လှချင်လား။ လှချင်ရင် အခုပြောပြမယ့်အကြောင်းအရာလေးတွေဦးဆုံးဖတ်ကြည့်လိုက်ပါ။
မကောင်းတဲ့စိတ်
စိတ်ပုပ်၊
စိတ်ယုတ်က မျက်နှာပေါ်မှာပေါ်လွင်ပါတယ်။ အဲဒါကြောင့် ပထမဆုံးစိတ်ထားကောင်းကောင်းထားပါ။
ဝက်ခြံ
ဘယ်နည်းနဲ့မဆို
ရှောင်ပါ။ လက်နဲ့ညှစ်တာ၊ စက်နဲ့ညှစ်တာ ရှောင်ပါ။ ၀က်ခြံအမာရွတ်တွေ မထွက်ချင်ရင်ပေါ့။
ဆံပင်အရောင်
လှချင်လွန်းလို့
ဆံပင်အရောင် ခဏခဏပြောင်းပါရဲ့။ နောက်ဆုံးတော့ ဆံပင်ပဲပျက်စီးတာပါ။
မျက်ခုံးမွှေး
ထူထဲမည်းနက်နေတဲ့မျက်ခုံးမွှေးက
ငယ်ရွယ်စေပါတယ်။ ပါးလှတဲ့မျက်ခုံးကတော့ ပိုပြီးအိုမင်းသွားစေပါတယ်။
အိပ်စက်ခြင်း
အိပ်ရေးပျက်တာမကောင်းသလို
အိပ်ရေးမက်တာလည်းမကောင်းပါဘူး။ လူတစ်ယောက်ရဲ့ ပုံမှန်အိပ်ချိန်က ၇-၈ ကြားသာရှိရပါမယ်။
အသင့်စားအစားအစာ
အပြစ်ကင်းစင်ကျန်းမာတဲ့အရေပြားအတွက်
အကောင်းဆုံးကတော့ အသင့်စားအစားအစာတွေရှောင်ဖို့ပါပဲ။
ဆေးလိပ်အရက်
တတ်နိုင်သလောက်ရှောင်ပါ။
တစ်ခါတစ်ရံက ကိစ္စမရှိပါဘူး။ ရက်ဆက်လာရင်တော့ ကိစ္စရှိလာပါပြီ။
ခြေ/လက်သည်း
ပုံမှန်ဂရုစိုက်ထိန်းသိမ်းပေးပါ။
သူတို့ကလည်း အလှအပရေးရာမှာ တစ်ခုအပါအ၀င်ပါ။
နေရောင်ခြည်
နေရောင်ခြည်အချိန်ကြာထိတွေ့ခြင်းက
အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။
ရေ
ရေသောက်နည်းလွန်းတာက
ရေဓာတ်ကုန်ဆုံးပြီး အသားအရေညှိုးနွမ်းခြောက်သွေ့စေပါတယ်။
ကော်ဖီ
နေ့စဉ်ရက်ဆက်ကော်ဖီသောက်တာက
သွားတွေကိုဝါကျင်စေပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေပါတယ်။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.mmshape.com
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 Everyday <3 Everywhere <3 ရှိတ်ပ်
0 comments:
Post a Comment